ဒီနေ့တော့ ကြော်ထားတဲ့ အစားအစာ နဲ့ ကင်ထားတဲ့ အစားအစာ ဘယ်လိုတွေ ကွာတယ် ၊ ကျန်းမာရေး အရရော ဘယ်လို တုံ့ပြန်တယ်ဆိုတာ ပြောပြမှာ ဖြစ်ပါတယ် ။
ချက်ပြုတ်ရာ မှာ လူ အသုံးများတဲ့ နည်းလမ်း နှစ်ခုလို့ ပြောရင် ကြော်တာ ရယ် ၊ ကင်တာ ရယ်ပါ ။ကြော် လိုက်တဲ့ အခါ အနံ့ အနေနဲ့ ပိုမွှေးတယ် ၊ အသား နဲ့ အရွက်တွေ မှာပါတဲ့ မျက်စိနဲ့ မြင်ဖို့ ခဲယဉ်းတဲ့ ပိုးမွှားတွေ ကျိန်းသေ မပါလာတော့ဘူး ပေါ့ ။ ပိုလည်း အထားခံ တယ် ။
ကြော်တဲ့ အခါ မှာ အသုံးပြုတဲ့ ဆီ သန့် မသန့် ၊ ဆီပါတဲ့ အစားအစာဖြစ်လို့ ကယ်လိုရီပို တက်ပါတယ် ။နှလုံးသွေးကြောကျဉ်း နှင့် အ၀ လွန်ရောဂါ တွေကို အများအား ဖြင့် ဆီကြော် အစားအစာ ကြိုက်တဲ့ သူတွေ မှာတွေ့ရတတ်ပါတယ် ။ အသားငါး နှင့် တစ်ချို့ သော အသီးအရွက်တွေ ရဲ့ အာဟာရ အချို့ဟာ ကြော်လိုက်တဲ့ အခါ ကုန်ခမ်းသွားတတ်ပါတယ် ။
မည်သို့ပင်ဆိုစေကာမူ အလွန်အကျွံ မစားတာ အကောင်းဆုံးပါ ။
နောက် တစ်ခုက ကင်တာ
အကင်တွေ မှာက သဘာ၀ ရဲ့ အနီးစပ်ဆုံး အရသာ ကို ခံစားရမယ် ။ ကယ်လို ရီ ပါဝင်မှု နည်းပြီး အာဟာရကို ပိုမို ရရှိနိုင်ပါတယ် ။ ဂျပန်၊တရုတ်၊ ကိုရီယား စတဲ့ နိုင်ငံတွေ မှာတော့ အကင်ကို တော်တော်ကြီး သုံးဆောင်ကြ တာကို တွေ့ရပါတယ် ။
အကင်စားပြီ ဆို ကင်ဆာကလည်း သတိထားစရာပေါ့ ။ တူးသွားတာတို့ ၊ မကျက်သေးပဲ အစိမ်းလိုက် စားနေတာ မျိုးက ကျန်းမာရေးကို ရေရှည်မှာ ဒုက္ခကောင်းကောင်း ပေးနိုင်ပါတယ် ။
အသားတွေ မှာ ပါတဲ့ တစ်ချို့သော မမြင်ရတဲ့ ပိုးမွှားတွေ ပျောက်သွားဖို့ အတွက် ကျိန်းသေ အကင်ကို ကျက်အောင် ကင်ပြီး မှ စားသင့်ကြောင်း အကြံပေးပါစေ ။
ကြော် တာ နဲ့ ကင်တာ မှာ အားနည်းချက် အားသာ ချက် ကိုယ်စီ ရှိကြပါတယ် ။
ဒါပေမယ့် အသက်ကို ဉာဏ်က စောင့် ပါတယ် ။ ဒီစကားက အသက်ရှည်ရှည် နေချင်ရင် အစားအသောက်ကို စားသင့်၏ မစားသင့်၏ ဦးနှောက်နဲ့ ချင့်ချိန်ပြီး သုံးဆောင် ရမှာ ဖြစ်ပါတယ် ။ဒီလို မှသာ ကျန်းမာပျော်ရွှင် သော ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပြီး ကပ်ရောဂါဆိုးကြီးကို အောင်အောင်မြင်မြင်ကျော်လွှားနိုင်မှာပါ ။
အိမ်မှာပဲ နေပါ ၊ လက်ဆေးပါ ၊ ကျန်းမာရေးသတိ အမြဲရှိပါ ၊ အာဟာရပြည့်၀ အောင်စားပါ ။