ရန်ကုန်လို့ ပြောလိုက်ရင် မျက်လုံးထဲမြင်မိတာက လည်မယ်၊ သွားမယ်၊ စားမယ်ပေါ့။ ဟုတ်တယ်။ ရန်ကုန်က လည်စရာတွေပေါတာမကဘူး။ စားစရာဆိုလည်း Stree Food လေးကအစ ဆွေမေ့မျိုးမေ့တာမျိုး။ ဒီတော့ လူ့ဘုံခန်းဝါမှာ အာဂပါးစပ်လူဖြစ်ကျိုးနပ်ဖို့ ရန်ကုန်မြို့ရဲ့ မစားမဖြစ် Stree Food လေးတွေကို ဆွဲလိုက်ရအောင်။
ဝက်သားတုတ်ထိုး
မြင်လိုက်တာနဲ့ ရူးခါသွားတယ်ဆိုတာ ရန်ကုန်ဝက်သားတုတ်ထိုးမျိုးပေါ့။ ထုတ်ထုတ်မြည်နေတဲ့ နားရွက်၊ အချင်းတိုင်လေးကို ကိုက်၊ အရမ်းမမာတဲ့အသည်းလေးကို မြည်း၊ မွှေးမြနေတဲ့ အူစုံလေးကို အချဉ်ရည်လေးတို့ပြီး ကြာဆံကြော်လေးနဲ့ တွဲဖက်စားလိုက်ရင်ဖြင့် ရန်ကုန်မြေက မပြန်နိုင်ပေါင် ဖြစ်သွားမယ်နော်။
ပြောင်းဖူးလက်ဖက်သုပ်
ဝါးလိုက်ရင် အိစိအိစိလေးနဲ့ ပြောင်းဖူးရဲ့ အချိုအရသာရယ်၊ ခါးသက်သက်လက်ဖက်လေးကို ပေါင်းစပ်ပေးလိုက်တော့ ဘဝရဲ့ အရသာက ပြည့်စုံသွားတာမျိုး။
ငါးကင်
မွှေးမြနေတဲ့ ငါးကင်လေးကို ဆလတ်ရွက်လေးထဲထုပ်၊ အချဉ်လေးနဲ့ တို့စားလိုက်ရင်လည်း အရသာက ထိမိဂွိနေရော။
မုန့်ဟင်းခါး
ငါဟင်းရည်ကျဲကျဲလေးနဲ့ အိုးဘဲဥလေးကိုထည့်၊ ငါးဖယ်၊ အကြော်စုံလေးတွေနဲ့ စားလိုက်ရတဲ့ ရန်ကုန်မုန့်ဟင်းခါးဆိုတာ တစ်ပွဲပြီး တစ်ပွဲမနားတမ်းစားချင်သွားတာနော်။
စမူဆာသုပ်
ရန်ကုန်စမူဆာသုပ်ဟာလေ မဆလာနံ့လေးကသင်း၊ ပူစီနံလေးကမွှေး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ ငရုတ်သီးစိမ်းလေးတွေထည့် အရသာလေးပင်ပင်လေးနဲ့ ဘယ်လိုစားကောင်းမှန်းကို မသိတာ။ တစ်ခါစား နှစ်ပွဲ၊ သုံးပွဲမှ နေသာထိုင်သာရှိသွားတာ။
အကင်စုံ
ကြက်ကင်၊ ဝက်ဂုတ်သားကင်၊ ဆာတေး၊ အူစုံကင်၊ ကိုရီးယားကင်၊ ရုံးပတီသီးကင်၊ အာလူးကင်၊ ပဲပြား…စတဲ့ ရန်ကုန်အကင်စုံကို သူ့ချည်းပဲလား၊ ဘီယာလေးနဲ့ မြည်းမလား ဘယ်လိုဖြစ်ဖြစ် သူမှသူနော် ဖြစ်သွားတဲ့ ရန်ကုန်အကင်စုံနော်။