မန္တလေးရွှေမြို့တော်ကြီးကို အလုပ်ကိစ္စနဲ့ ခရီးသွားရင်း ဖြစ်ဖြစ် မိသားစုအပျော်ခရီးပဲဖြစ်ဖြစ် သွားကြမယ်ဆိုရင် စားစရာဆိုင်တွေက လက်ညှိုးထိုးမလွှဲဆိုတော့ ဘာစားလို့စားရမှန်းမသိ ဘယ်ဆိုင်ဝင်လို့ဝင်ရမှန်းမသိဖြစ်နေတတ်တယ်။ အဲ့ဒီတော့ အဲ့ဒီမြို့ကိုရောက်တဲ့နဲ့ ဘယ် အကင်ဆိုင်တွေ ဘယ်လိုအစားအစာတွေ ဘော်ဒါတွေနဲ့ အေးဆေး Chill လို့ရမယ့် နေရာလေးတွေကို ပြောပြပေးပါမယ်။
- Artist Bar
Relax ဆန်ဆန် ဝိုင်လေးသောက်ရင်း ညနေခင်း အေးဆေးလေး စိတ်အပမ်းဖြေ အနားယူမယ်စိတ်ကူးထားရင်တော့ ဒီ Bar လေးကမထိုင်မဖြစ်ကိုသွားထိုင်ရမယ့်နေရာလေးနော်။ ၁၁လွှာကို တက်လိုက်ပြီး ဓာတ်လှေကားထဲကနေထွက်လိုက်မယ်ဆိုတာနဲ့ လေအေးအေးလေးတွေက ဆီးကြိုနေပြီးတော့ အရမ်းအရမ်းကို လှပြီးတော်တော်ကြီးကို ကျယ်ဝန်းတဲ့နေရာမှာရှိတဲ့ Artist Bar ကို တွေ့ရမှပါ။ညနေခင်းနေဝင်ချိန် sunset ကိုကြည့်ရင်း ဝိုင်သောက်ရတဲ့ Feeling ကို အပြည့်အဝခံစားရမှာပါ။ဒီလို view ကတော့ မန္တလေးရဲ့ အထပ်မြင့်တိုက် ဘယ်နေရာကမဆို ကြည့်ရှုခံစားရတာအတူတူပဲဆိုပေမယ့် ထိုင်ကြည့်ရတဲ့ Feeling ကတော့ လုံး၀ လုံး၀ ကိုကွာခြားပါတယ်။ အမြည်းနဲ့လိုက်ဖက်တဲ့ ဟင်းပွဲတွေကလည်း အများကြီးရသေးတယ်။ ဒါဆို မန္တလေးရွှေမြို့တော်ကြီးကိုရောက်ခဲ့ရင် Artist Bar မှာ ရင်ဘတ်ထဲအထိရောက်ရင် ဝိုင်သောက်နည်းလေးတွေကို ဆွေးနွေးကြဖို့အတွက် အရောက်သွားကြည့်ဖို့လိုအပ်မယ်နော်။
https://www.facebook.com/Artistbarmdy - လင်းလင်း (BBQ)
ဈေးနှုန်းလေးလည်း သင့်တင့်ပြီးတော့ အရသာအတော်လေးကောင်းတဲ့ အကင်ဆိုင်လေးပါ ။ အမဲအကြော၊အမဲကင် ၊ငါးကင်၊ပုစွန်ကင်၊သုံးထပ်သားကင် စတဲ့အကင်တွေ အများကြီးရှိပြီးတော့ FOC လာချပေးတဲ့ အမဲကုလားပဲဟင်းရည်လေးကတော့ တကယ့်အသက်ပဲ။ အရသာက နဲနဲအစပ်ဘက်ကိုရောက်ပေမယ့် အကင်နဲ့လိုက်ဖက်တဲ့ အချဉ်ကြောင့် စားရတာ အရသာတော်တော်လေးရှိပါတယ်။နေရာထိုင်ခင်းကလည်း ကျယ်ကျယ်ဝန်းဝန်းရှိပြီးတော့ မိသားစုနဲ့ညစာကို အကင်စားမယ်စိတ်ကူးထားရင်တော့ ဒီဆိုင်လေးကိုရောက်အောင်သွားနော်။
https://www.facebook.com/LinLinBBQ26st - ရွှေခိုင် အကင်ဆိုင်
ရန်ကုန်မှာ ရွှေခိုင်ဆိုပြီးတစ်ဆိုင်ရှိသေးတယ် ။ဒီမန္တလေးကဆိုင်ကတော့ မူလလက်ဟောင်းအရသာစစ်စစ်။ ရွှေခိုင်အကင်တွေက Size လည်းကြီးတယ် အရသာပိုင်းအနေနဲ့လည်း အရမ်းစပ်တဲ့ဘက်ကိုမသွားပဲ အချိုလေးတွေပိုများတယ်။ ဝက်သားလိပ်အပ်မှိုကျွတ်ဆိုင်ကင်ဆို ၃ခုပါတဲ့ တစ်ကင်ကိုမှ ၁၅၀၀ကျပ်ပဲရှိတယ်။ဝက်သားကင် ၊ကြက်ကင်၊ ငါးကင်မွှေးမွှေးလေးတွေ အများကြီးရှိတယ် ။ ပါဆယ်ဝယ်မယ်ဆိုရင်လည်း ဆိုင်မှာစားတဲ့အရသာအတိုင်းပဲ။ တစ်ချို့အကင်တွေဆို ဆိုင်မှာစားတာနဲ့ ပါဆယ်ဝယ်တဲ့အရသာက လုံးဝကိုမတူဘူးလေ။ ကိုယ်ကတော့ ဒီဆိုင်ကအကင်လေးတွေအရမ်းကြိုက်တယ်။ အနံ့ရတာနဲ့တင်ပဲ မွှန်ထွက်သွားတာမျိုးမဟုတ်ပဲ ဗိုက်ဆာအောင် အရမ်းဆွဲဆောင်တာပဲ။အကင်တွေနဲ့အလိုက်ဖက်ဆုံး မန်ကျည်းချဉ်လေးနဲ့ဆိုတော့ ဒီဆိုင်လေးကို သွားစားကြည့်ဖို့လဲ တိုက်တွန်းတယ်နော်။
https://www.facebook.com/ShweKhaing3BBQ
4.Billionaire BBQ
ဒီဆိုင်လေးမှာတော့ ရှောင်လုံရှာလို့ခေါ်တဲ့ ပုစွန်နီဟင်းပွဲတို့ ၊ပြည်ကြီးငါးချဉ်စပ်တို့ ၊ ပုစွမ်မွှေးစပ်တို့ နာမည်ကြီးတယ် ။နောက်ပြီး အကင်တွေလည်း အများကြီးရှိတယ်။ အကင်ဈေးတွေကတော့ ၃၀၀ ကနေ အများဆုံး ၂၅၀၀အတွင်းပဲ ။ရေဘဝဲလက်တံအကြီးကြီးတွေဆိုရင် တစ်ကင်ကို ၂၅၀၀ပဲ နောက်ပြီး ရန်ကုန်မှာဆိုရင် ၆၀၀၀လောက်ပေးစားရတဲ့ငါးကင်တွေဆိုရင် သူ့ဆီမှာ ၂၅၀၀ ၊ ၃၀၀၀ ပဲ ။ အရသာကလည်းတကယ်ကို အရမ်းစားလို့ကောင်းတယ်။ Budget ဆိုင်လေးကို ရှာနေရင်တော့ ဒီဆိုင်လေးကိုရောက်အောင်သွားနော်။နောက်ပြီးတရုတ်ဟင်းလျာတွေ ယိုးဒယားအထောင်းမျိုးစုံလည်းရသေးတယ်။
https://www.facebook.com/Billionaire-BBQ-Restaurant-101151625056187
5.The Spoon Mandalay
ဒီဆိုင်လေးကတော့ အများမတူဘူး တမူထူးခြားနေတဲ့ဆိုင်လေး ။ ဘာဖြစ်လို့ ထူးခြားရလဲဆိုရင်တော့ သူက Mexican Food တွေကို သီးသန့်ရတဲ့ဆိုင်လေး ။ Tacos / Nacho စတဲ့ Mexican အစားအစာတွေကို တစ်ပွဲကို ၆ထောင်ကျပ်ဝန်းကျင်ပဲရှိတယ်။ ဒီဈေးနှုန်းဆိုရင်တော့ တော်တော်လေးတန်တယ်လို့ကိုပြောလို့ရတယ်။ အရသာပိုင်းအနေနဲ့ကလည်း Mexico မှာနှစ်ပေါင်းအများကြီး အလုပ်လုပ်လာခဲ့တဲ့ chef ကချက်ပေးတာဆိုတော့ ဟိုကအရသာစစ်စစ်ပဲ။ နောက်ပြီး Italian Pizza တွေလည်းရတယ်။ အောက်ခံ Dough ကိုပေါင်မုန့်အထူကြီးနဲ့မကြိုက်ဘူးဆိုရင်တော့ ဒါလေးတွေကကွက်တိကြမယ်။ Pizza တစ်ချပ်လုံးသာ ကုန်သွားတယ် လုံးဝကို မအီဘူးရယ်။တော်တော်လေးခံတွင်းတွေ့တယ် ။ဈေးနှုန်းကတော့ ၁သောင်းကျပ်ဝန်းကျင်ပါပဲ။ ဆိုင်အခင်းအကျင်းလေးကလည်း Mexican Theme လေးနဲ့ဆိုတော့ ဓာတ်ဖမ်းလို့ကတော့ ကောင်းသလား မမေးနဲ့ ။နောက်ပြီး တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်းလေး။ မန္တလေးရောက်ရင် ဒီဆိုင်လေးကို သွားကြည့်ဖို့အတွက် တိုက်တွန်းပါရစေနော်
https://www.facebook.com/TheSpoonMandalay
အခု မန္တလေးရွှေမြို့တော်ကြီးကိုရောက်ရင် ဘယ်ဆိုင်တွေက စားရလဲအဆင်ပြေလဲ အရသာဘယ်လိုရှိလဲဆိုတာကို ဆိုင် (၅)ဆိုင်အကြောင်းပြောပြပေးခဲ့ပြီးပြီဆိုတော့ အရောက်သွားမှ ဂျင်းမဟုတ်မှန်းသိမှာဆိုတော့ လိုတာကတော့ အရောက်သွားဖို့ပဲလိုတော့တာပေ့ါ ။ နောက်ထပ် နောက်ထပ်လည်း ဒီလို စားကောင်းသောက်ကောင်းပြီး ဈေးနှုန်းသက်သာတဲ့ဆိုင်လေးတွေကို စုစည်းပြီး ပြောပြပေးအုန်းမှာဆိုတော့ yathar ကို Like လေးလုပ်ထားဖို့တော့ လိုအပ်မယ်နော်