ဗဟုသုတ

Burger စားလိုက်တိုင်း ခန္ဓာကိုယ်မှာ ဘာတွေဖြစ်သွားလဲ

Burger ကို လူကြီးတွေရော ကလေးတွေပါ အကုန်လုံးနီးပါးကြိုက်နှစ်သက်ကြပါတယ်။

Burger က ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ သိရက်နဲ့ လူတော်တော်များများက ကြိက်နှစ်သက်ကြပါတယ်။ ဒါဆိုရင်တော့ Burger တစ်လုံးစားလိုက်ပြီဆိုတာနဲ့ သင့်ခန္ဓာကိုယ်မှာ ဘာတွေ ဖြစ်သွားနိုင်လဲ?

သုတေသနပညာရှင်များကတော့ fast food တော်တော်များများက ကယ်လိုရီတွေ၊ အဆီတွေ၊ ဆိုဒီယမ်ဓါတ်တွေက ခန္ဓာကိုယ်ကို ဆိုးကျိုးတွေပေးပါတယ်။ ဥပမာ အနေနဲ့ – Burger တစ်လုံးမှာ ကယ်လိုရီ ၅၀၀ ဂရမ်၊  အဆီ ၂၅ ဂရမ်၊ ကာဘို ၄၀ ဂရမ်၊ သကြား ၁၀ ဂရမ်နဲ့ ဆိုဒီယမ် ၁၀၀၀ မီလီဂရမ်ပါဝင်ပါတယ်။ 

ပထမဆုံး Burger တစ်ကိုက်ကို စားပြီး ၁၅ မိနစ်ကြာတာနဲ့ ခန္ဓာကိုယ်မှာ ဂလုကိုစ့်များလာတာကို ခံစားလာရမှာပါ။ အဲ့ဒါက အင်ဆူလင်ဓါတ်ကို ထုတ်ပေးပြီးတော့ သင့်ကို နာရီအနည်းငယ်အတွင်းမှာ ပြန်ပြီးဆာလာစေမှာပါ။ ဒီပုံစံအတိုင်း ထပ်ခါတလဲလဲစားမယ်ဆိုရင် ဆီးချိုရောဂါရဲ့ အန္တရာယ်က ပိုပြီးများလာစေနိုင်ပါတယ်။ 

ပြည့်ဝဆီတွေနဲ့ ပြုလုပ်ထားသော အစားအစာများကို စားခြင်းက ကျန်းမာရေးကို လွန်စွာထိခိုက်စေနိုင်ပါတယ်။ အဆီများတဲ့အစားအစာတွေကို စားခြင်း သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုတွေကို ကန့်သတ်လိုက်နိုင်တာကြောင့် နှလုံးရောဂါကို ခံစားရနိုင်ပါတယ်။

ဒါတွေက ဘာဂါ တစ်လုံးကို စားပြီး ဖြစ်နိုင်တဲ့ အကြောင်းအရာများဖြစ်ပါတယ်။ တန်ဆေး လွန်ဘေးဆိုသလို စားတော့စားပါ ကျန်းမာရေးကို ကြည့်ပြီးစားကြပါ။