ကျန်းမာ & အလှအပ

ဆောင်းတွင်းမှာ မိန်းကလေးတို့ ပိုပြီး ဂရုစိုက်ဖို့

ဆောင်းတွင်းဘက်မှာဆိုရင် မိန်းကလေးတို့အတွက် အသားအရည်ကို ဂရုစိုက်ဖို့ ပိုပြီး အရေးကြီးပါတယ်။ အသားအရည်ဂရုစိုက်ခြင်းဆိုတဲ့နေရာမှာ Vaseline ကတော့ မဖြစ်မနေကို ပါသင့်တဲ့ အကြောင်းအရာလေးပါပဲ။ အခုနေရာလေးမှာတော့ Vaseline ကို သုံးပေးရင် ဘာတွေကောင်းလဲဆိုတာ ပြောပြေပေးပါမယ်။

အလှအပအတွက် Vaseline က လူကြီးရော လူငယ်ရော သုံးလို့အရမ်းကောင်းတဲ့ ပစ္စည်းဆိုရင်လည်း မမှားပါဘူး။ တချို့မိန်းကလေးတွေဆိုရင်တောင် Vaseline မရှိရင်တောင် မနေတတ်ကြပါဘူး။

နှုတ်ခမ်းအသားရေစိုပြေစေဖို့
Vaseline ကို နှုတ်ခမ်းအသားရေစိုပြေစေဖို့အတွက် အသုံးပြုလို့ရပါတယ်။ အိတ်ထဲမှာ အလွယ်တကူသယ်သွားလို့ရနိုင်တာကြောင့်အစားစားပြီးလို့ ပျက်သွားရင်တောင် ပြန်ဆိုးရလွယ်ပါတယ်။ ဆောင်းတွင်းမှာဆိုရင် နှုတ်ခမ်းအသားရေကလည်း ခြောက်သွေ့တတ်တာကြောင့် နှုတ်ခမ်းအတွက်လည်း Vaseline ကို အသုံးပြုလို့ရပါတယ်။

Vaseline ကို မျက်လုံးအောက်က အရေပြားအတွက်အသုံးပြုလို့ရပါတယ်။

လက်ပန်းကုံးလေးတွေကိုလည်း လိမ်းပေးလို့ရပါတယ်။

နှုတ်ခမ်းနီဆိုးတဲ့အခါ အောက်ခံအဖြစ်လည်း လိမ်းလို့ရပါတယ်။

မျက်နှာအတွက် Highlight သဘောမျိုးနဲ့လည်း အသုံးပြုလို့ရပါတယ်။

ဖွာလန်ကြဲနေတဲ့ ဆံပင်တွေကိုလိမ်းပြီးတော့လည်း ဆံပင်အလှကို ပုံဖော်လို့ရနိုင်ပါသေးတယ်။

ဒါလေးတွေက Vaseline ကို အသုံးပြုလို့ရနိုင်တဲ့နေရာလေးတွေဖြစ်ပြီးတော့ တခြားအသုံးပြုနိုင်တဲ့နည်းလမ်းလေးတွေရှိရင်လည်း ပြောပြဦးနော်။