ဗဟုသုတ

ညညဆို အိပ်ပျော်အောင် ဘာတွေစားသင့်လဲ

မအိပ်တဲ့အခါ ကျန်းမာရေးရော လူမှုရေးရော အလှအပမှာပါ ထိခိုက်မှုတွေ အများကြီးရှိလာပါတယ်။ 

အိပ်မရတဲ့အခါ အတွေးအခေါ်တွေမှာလည်း ပြောင်းလဲလာနိုင်ပါတယ်။ အိပ်မရတဲ့အခါ ဝိတ်တွေလည်း တက်လာနိုင်ပါတယ်။အဲ့ဒါကြောင့် မအိပ်ခင်လေးမှာ စားပေးသင့်တဲ့အစားအစာလေးတွေကို ပြောပြပေးသွားပါမယ်။

Almonds စေ့လေးတွေစားပေးပါ
Almonds စေ့လေးတွေမှာဆိုရင် magnesium 77 mg ၊ ကယ်လ်ဆီယမ် 76 mg ပါဝင်ပြီးတော့ အဲ့အာနိသင်လေးတွေကြောင့်လည်း လူကို နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။

ပူစီနံနှင့်ရေနွေး
ပူစီနံအနည်းငယ်ကို ခွက်ထဲထည့်ပြီး ရေနွေးပူပူလေးနဲ့ သောက်ပေးခြင်းက လူကိုနှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

နွားနို့ပူပူလေး
အိပ်ခါနီး နွားနို့ပူပူလေး သောက်ပေးတာက လူကို နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။

ကီဝီသီးဖျော်ရည်
အိပ်ခါနီးမှာ ကီဝီသီးဖျော်ရည်သောက်ပေးသင့်ပါတယ်။ အိပ်ရာမဝင်ခင် ၁ နာရီအလိုမှာ ကီဝီသီးဖျော်ရည်ကို သောက်ပေးတာနဲ့ အရင်ကထက် ပိုပြီးတော့ အိပ်ရေးဝဝအိပ်နိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။

ဒါလေးတွေက ညဘက်အိပ်မရတဲ့အခါ စားပေးသင့်တဲ့ အစားအစာလေးတွေ ဖြစ်ပါတယ်။ ကျန်းမာရေးကို ဂရုစိုက်ပါ။ အိပ်ချိန်ကိုလည်း ဂရုစိုက်ပါ။