“ ငါးပိရည်ကောင်းကောင်း….တို့စရာအစုံနဲ့ ထမင်းစားရင် ဟင်းမလိုဘူး” လို့ ပြောလေ့ရှိကြတယ်လေ။ ဒီတစ်ခါ မချစ်စနိုးက ငါးပိရည်ကောင်းကောင်းကြိုက်တဲ့သူတွေ၊ တို့စရာအစုံကို သန့်သန့်ရှင်းရှင်းလေး စားချင်တဲ့ ဘာလာလာဝါးအမျိုးတွေကို မချစ်စနိုး စားနေကျဆိုင်လေးတစ်ဆိုင်ကို လက်တို့ပေးပါရစေ။ သူ့ဆိုင်လေးက တွန်းလှည်းဆိုင်လေး။
အင်တုံသေးသေးလေးတွေနဲ့ တို့စရာအစုံကို ထည့်ထားတာလေးက သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလေးမို့လို့ မချစ်စနိုးကတော့ အရမ်းသဘောကျတာ။ အထင်မသေးနဲ့နော်…. သူ့ဆိုင်က အရမ်းရောင်းကောင်းတယ်။ ညနေ(၄)နာရီခွဲလောက်ဆို ရပြီ။ ည (၇)နာရီ…(၈)နာရီလောက်ဆို ကုန်ပြီပဲ။ အလုပ်က ပြန်လာတဲ့သူတွေနဲ့ ငါးပိရည်…တို့စရာအစုံ စားချင်တဲ့သူတွေက ရုံးဆင်းချိန်ဆို သူ့ဆိုင်မှာ ကြိတ်ကြိတ်တိုးပဲ။
မချစ်စနိုး အကြိုက်ဆုံးက ငါးငပိချက်!!! ငါးငပိချက်က အရမ်းရောင်းကောင်းတော့ ခဏလေးနဲ့ အကုန်မြန်တယ်။ မချစ်စနိုးကတော့ အမြဲတမ်း ငါးငပိချက်ကို (၁၀၀၀)ဖိုး…(၂၀၀၀)ဖိုးလောက် ဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားနေကျ။ (သူ့ဆိုင်က ငါးပိရည်ကိုတော့ မချစ်စနိုးကတော့ သိပ်မကြိုက်ဘူးရှင့်။) တို့စရာလေးတွေ စီစီရီရီ…. ချဉ်ဖတ်လေးတွေကလည်း သန့်သန့်ရှင်းရှင်း…. ဘူးသီးပြုတ်လေးတွေ…ရုံးပတီသီးလေးတွေက နူးနူးအိအိလေး…… ငါးပိထောင်းကို ဘူးလေးနဲ့လည်း ရောင်းတယ်။ တစ်ဘူး (၅၀၀)တဲ့။
အခု တညင်းသီးရာသီဆိုတော့လည်း
တညင်းသီးပြုတ်၊ တညင်းသီးဆားရည်စိမ်၊
တညင်းဝက် အစုံ ရတယ်….။
သူ့ဆိုင်လေးက တွန်းလှည်းဆိုင်လေးမို့လို့
နာမည်မရှိပါဘူး။
လိပ်စာကတော့
အလုံမြို့နယ် ဆင်မင်းဈေးအနီး…
ဆင်မင်းလမ်းမပေါ်
ကမ်းနားလမ်းနဲ့ သိပ္ပံလမ်းကြားမှာပါ။
ABC ဆိုင်နားလေးတင် ရောင်းတာ။
ကဲ…တို့စရာအစုံနဲ့ ထမင်းမြိန်မယ့် ဆိုင်လေးတစ်ဆိုင်ကို မချစ်စနိုးကတော့ လက်တို့လိုက်ပြီနော့!!!
ငါးပိရည် တို့စရာကြိုက်တဲ့
ကိုယ်ချစ်ခင်ရတဲ့သူတွေ သိအောင်လို့
ဒီpostလေးကို လက်တို့ပေးကြပါဦးဗျို့
အစားအသောက်ချစ်မြတ်နိုးသူကြီး
ဘာလာလာဝါး မချစ်စနိုး
Original Uploader ဘာလာလာဝါး မချစ်စနိုး