တော်တော်များများက ဟင်းတွေချက်တတ်ပေမဲ့ ကြက်ဥပြုတ်တဲ့နေရာမှာ ကြက်ဥအကျက်ကို မခန့်မှန်းနိုင်ကြပါဘူး။ တစ်ခါတလေ အကျက်ပြုတ်ချင်ပေမဲ့ အထဲမှာ အနှစ်က မကျက်တာမျိုးဖြစ်တတ်ပါသေးတယ်။
ကြက်ဥကို အနှစ်မကျက်ပဲ ပြုတ်ချင်တယ်ဆိုရင် ၄ မိနစ်ဆိုရပါပြီ။
အနှစ်ကိုနည်းနည်းကျက်ချင်တယ်ဆို ၅ မိနစ်ပြုတ်ရင်ရပါပြီ။
၈ မိနစ်ဆိုရင်ပိုပြီးကျက်ပါပြီ။
၁၀ မိနစ်ဆိုရင်တော့ အနှစ်ရော အကာရောလုံးဝကျက်သွားပါပြီ။
ကြက်ဥပြုတ်တဲ့နေရာမှာ အရေးကြီးတဲ့အချက်တွေက
အိုးထဲကို ကြက်ဥကိုထည့်ပါ။
ကြက်ဥကိုမြုပ်တဲ့အထိ ရေကိုထည့်ပါ။
မီးကို ပူပူလေး ပေးပြီး မီးဖိုးပေါ်အိုးကိုတင်လိုက်ပါ။
ပြီးလျှင် အိုးအလွတ်တစ်လုံးထဲကို ရေခဲများကိုထည့်ပါ။
ပြီးလျှင်ရေခဲထည့်ထားတဲ့ အိုးထဲကို ရေထည့်ပြီး ကျက်တဲ့ ကြက်ဥများကို ဆယ်ကာ ထိုရေခဲအိုးထဲ ထည့်ပေးပါ။
ဒါဆိုရင်တော့ ဒီနည်းလမ်းလေးနဲ့ ကြက်ဥကို အထာကျကျ ပြုတ်နိုင်ပါပြီ။