ကျန်းမာ & အလှအပ

Fashion week ဘယ်က စလဲ

Fashion week ဆိုတာက ဖက်ရှင်လောကက ရက်သတ္တပတ် တစ်ပတ်လောက် ကြာတတ်တဲ့ ဖက်ရှင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။
ဖက်ရှင်ဒီဇိုင်နာတွေ ဖက်ရှင်ဘရန်းတွေက ဒီပွဲမှာ သူတို့ရဲ့လက်ရာတွေကို လျှောက်လမ်းတွေပေါ်မှာ မော်ဒယ်လ်တွေကို ဝတ်ဆင်စေပြီး ဖက်ရှင်ရှိုးတွေပြုလုပ်ပြီး မီဒီယာတွေ ဝယ်ယူမယ့်သူတွေကို မိတ်ဆက်ပေးလေ့ရှိကြပါတယ်။
ဒီပွဲကဖက်ရှင်တွေက လက်ရှိဖက်ရှင်ရေစီးကြောင်းအပြင် ရှေ့ဖြစ်လာမယ့် fashion trend တွေအပေါ်လည်း လွှမ်းမိုးမှုရှိပါတယ်။
အခုလက်ရှိမှာတော့ fashion week ကို ကမ္ဘာ့မြို့ကြီးတွေဖြစ်တဲ့ ပါရီ, နယူးယောက်, လန်ဒန်, မီလန် စတဲ့ fashion capital ကြီး လေးခုတင်မှာသာမကဘဲ ဆစ်ဒနေ, ဒူဘိုင်း,ရှန်ဟိုင်း, ဘေကျင်း, ဆိုးလ်, ဟောင်ကောင်, တိုကျို စတဲ့ ကမ္ဘာ့မြို့ကြီးတွေအသီးသီးမှာ ပြုလုပ်ကြလာကြပါတယ်။

Fashion week တွေမှာဆိုရင်တော့ နာမည်ကြီး ဒီဇိုင်နာတွေက သူတို့ဖန်တီးထားတဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ချပြလေ့ရှိကြပါတယ်။
Fashion week တွေရဲ့ date တွေကို website မှာ ရှာကြည့်လို့ ရပါတယ်။ ဖက်ရှင်ကိုစိတ်ဝင်စားကြတဲ့ လူငယ်တိုင်းကတော့ ဒီလိုပွဲမျိုးကို အလွတ်မပေးကြပါဘူး။
ဒီနှစ်အတွက် ဘယ်လိုအသစ်အသစ်တွေကို ဒီဇိုင်နာတွေက ချပြကြမလဲ ဘယ်လိုဒီဇိုင်းတွေကနာမည်ကြီးလာမလဲဆိုတာကို ဒီ fashion week တွေမှာ တွေ့မြင်နိုင်ပါတယ်။
Fashion week ကိုတော့ မြို့တစ်မြို့မှာ တစ်နှစ် နှစ်ကြိမ်လုပ်လေ့ ရှိပါတယ်။
ဒီပွဲကို တက်ရောက်ကြတဲ့ celebrity တွေ social influencer တွေ fashion ကို စိတ်ဝင်စားကြတဲ့ လူငယ်တွေရဲ့ ဖက်ရှင်တွေက သူ့ထက်ငါအပြိုင်အဆိုင်ပါပဲ။
တကယ့်ကို ဖက်ရှင်ရေစီးကြောင်းကို ဦးဆောင်နေတဲ့လူတွေရဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ဒီ fashion week မှာ တစ်စုတစ်စည်းတည်း မြင်ရလေ့ရှိပါတယ်။
ပြီးတော့ ကမ္ဘာကျော် brand တွေဖြစ်တဲ့ Gucci, Saint Laurent, Louis Vuitton, Givenchy, Burberry စတဲ့ င်brand တွေရဲ့ season drop collection တွေကို fashion week မှာပဲ ပထမဦးဆုံးမြင်တွေ့ခံစားနိုင်ပါတယ်။
Marc Jacobs, Michael Kors တို့လို နာမည်ကြီး ဒီဇိုင်နာတွေရဲ့ လက်ရာတွေလည်း ပါဝင်ပြသပါသေးတယ်။

ဒီလို အမိုက်စား fashion week မျိုးတွေ မြန်မာပြည်မှာလည်း ပေါ်ထွက်လာနိုင်ပါတယ်။
အမိုက်စား fashion တွေကို ဝတ်ဆင်ထားတဲ့ လူငယ်တွေရယ် မြန်မာပြည်က ဒီဇိုင်နာတွေရဲ့ လက်ရာတွေရယ်ကို တစ်စုတစ်စည်းတည်း မြင်တွေ့ရနိုင်တဲ့ Fashion week မျိုးတွေ ရန်ကုန်မှာလည်း မကြာမီနှစ်တွေမှာ ပေါ်ပေါက်လာနိုင်ပါတယ်။