ဘယ်လောက်စားထား စားထား မြင်ရုံနဲ့ ချက်ချင်းလက်ငင်း ဗိုက်ဆာသွားမယ့် ရန်ကုန်မြို့ရဲ့ နာမည်ကြီးအစားအသောက်တွေကို ချစ်တဲ့အစားတလိုင်းလေးတို့အတွက် ညွှန်းလိုက်ပါတယ်။ ရန်ကုန်ရောက်ရင် တခြားအစားအသောက်တွေ လျှောက်ပြီးမမှာပါနဲ့ဦး။ ဒီအစားအသောက် ၅ မျိုးကို အရင်စားကြည့်။
၁။ ရန်ကုန်ကြေးအိုး
ရန်ကုန်က ကြေးအိုးဆိုတာ ဟင်းရည်လေးက အသက်။ ခုလို ရာသီဥတုအေးအေးလေးမှာ ဟင်းရည်ပူပူလေးကို ရွှတ်ကနဲသောက်၊ ထိုင်ဝမ်မုန်ညင်းလေးကို ဝါး၊ အသားလေးကို အချဉ်လေးနဲ့တို့လိုက်ရတဲ့အရသာကို ဘာနဲ့မှမလဲနိုင်ဘူး။ သက်တမ်းရင့်ကြေးအိုးဆိုင်တွေကတော့ လမ်းမတော်၊ ရွှေတောင်တန်းလမ်းတစ်ဝိုက်မှာ ရှိပါတယ်။
၂။ မိုးပျံခေါက်ဆွဲ ( ပန်းသေးခေါက်ဆွဲကြော် )
ရန်ကုန်မှာတော့ လမ်း ၃၀ ထိပ်က ရွှေထူးမိုးပျံခေါက်ဆွဲက နာမည်ကြီးပါတယ်။ ရွှေထူးမှာမစားဖြစ်ရင်လည်း တခြားဆိုင်တွေက ပန်းသေးခေါက်ဆွဲကြော်တွေကိုလည်း Try ကြည့်ပါ။ သင်းနေတဲ့မဆလာနံ့လေးရယ်၊ အိနေတဲ့ခေါက်ဆွဲသားလေးရယ်က တင်းနေတဲ့ သင့်ဗိုက်ကို ချက်ချင်းဆာလာစေမှာအမှန်ပါပဲ။
၃။ ပင်လယ်စာထောင်း
BKK ကို ရောက်သွားသလိုခံစားရမယ့် ရန်ကုန်မြို့ရဲ့ ပင်လယ်စာထောင်းပါ။ ပုစွန်၊ ပြည်ကြီးငါး၊ ကင်းမွန်၊ ဂဏန်း၊ ရေဘဝဲ seafood ကမ္ဘာကြီးထဲက ပင်လယ်စာမျိုးစုံကို ရှူးရှူးရှဲရှဲလေးစားလိုက်ရတဲ့ခံစားမှုက ဆွေမျိုးတွေပါ အကုန်မေ့။
၄။ Spicy အကင်စုံသုပ်
အကင်စုံကြော်တွေချဉ်းစားနေရတာ ရိုးနေပြီလား။ ရော့…ဒီ Spicy အကင်စုံသုပ်လေးကို မြည်းကြည့်။ အစပ်တစ်လိုင်းလေးတွေအတွက် ရန်ကုန်ရဲ့ Spicy အကင်စုံသုပ်လေးကို ညွှန်းပါရစေနော်။ မရောနိစ်လေးဆမ်းထားတဲ့အကင်စုံသုပ်လေးကို အပ်မှိုလေးပဲ ထည့်စားမလား၊ ကန်စွန်းရွက်လေးနဲ့လား၊ သခွားသီး၊ ရုံးပတီးသီးလား…ကြိုက်တာထည့်ပြီး ဆွဲလိုက်တော့။
၅။ ရန်ကုန်မုန့်ဟင်းခါး
ရန်ကုန်ရဲ့ မုန့်ဟင်းခါးဆိုတာလေ ဟင်းရည်လေးကအစ သောက်ပြီးရင်း သောက်ချင်နေတာမျိုး။ ဆွဲဆောင်နေတဲ့ ဟင်းရည်မွှေးလေးရယ်၊ ဝါးလိုက်ရင် မာထုတ်ထုတ်နဲ့ အိုးဘဲဥလေးရယ်၊ ဖြူစင်းနေတဲ့ မုန့်ဖတ်မျှင်မျှင်လေးကိုစားလိုက်ရတာရယ်ဟာလေ မုန့်ဟင်းခါးဆို ရန်ကုန်မှ ရန်ကုန်ဖြစ်သွားမှာနော်။