ကျန်းမာ & အလှအပ

ဆောင်းတွင်းမှာ အထာကျကျဖြစ်စေဖို့

ချမ်းအေးတဲ့ ဆောင်းရာသီမှာ နွေးရုံသက်သက်နဲ့ ဖက်ရှင်မကျတဲ့ အနွေးထည်တွေချည်း ဝတ်နေတုန်းလား။ ဒီဆောင်းပါးလေးဖတ်ပြီးတော့ ဒီနှစ်ဆောင်းမှာတော့ အထာကျကျလေး ဝတ်ပြီး လန်းလိုက်လို့ရပြီ။

မြန်မာပြည်လို အရမ်းမအေးတဲ့ဆောင်းရာသီမှာဆို ဘယ်လိုတွေဝတ်ကြမလဲနဲ့ ဆောင်းတွင်းမှာ ဘယ်လိုအရောင်လေးတွေက သင့်တော်မလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

ပထမဦးဆုံး အရောင်အနေနဲ့ကတော့ ဆောင်းတွင်းမှာ အရောင်အငြိမ်လေးတွေက ပိုလိုက်ဖက်ပါတယ်။
ဥပမာ ကာကီရောင် မီးခိုးရောင် နက်ပြရောင် အညိုရောင် စတာတွေက ဆောင်းတွင်းနဲ့ လိုက်ဖက်တဲ့ အရောင်တွေပဲ ဖြစ်ပါတယ်။
ရန်ကုန်ဆောင်းလို သိပ်မအေးတဲ့ဆောင်းမျိုးဆိုရင်တော့ sweater ခပ်ပါးပါးလေးတွေ zipped hoodie အပါးလေးတွေလောက်ဆိုရင်တောင် လုံလောက်နေပါပြီ။
တစ်ခုသတိထားရမှာက လှချင်ဇောနဲ့ အနွေးထည်အထူကြီး ဝတ်ပြီးကာမှ နေ့လည်ဘက် ပူလာတဲ့အခါကျ ဘယ်လိုမှမဝတ်နိုင်တော့ဘဲနဲ့ လက်ကတော်လျှောက်သယ်ထားတာက ပိုပြီးအကြည့်ရဆိုးစေပါတယ်။

ရန်ကုန်လိုသိပ်မအေးတဲ့ဆောင်းအတွက်ကတော့ သက်သောင့်သက်သာဝတ်လို့ရတဲ့ flannel shirt လောက် အပေါ်ထပ်လေးဝတ်မယ်ဆို အဆင်ပြေနေပါပြီ။
မနက်စောစော အားကစားလုပ်လေ့ရှိတဲ့ လူတွေအနေနဲ့ကတော့ အရမ်မထူတဲ့ windbreaker လေးတွေ ဝတ်သင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားလိုက်လို့ ချွေးတွေတအားထွက်လာတဲ့အခါ အနွေးထည်မပါရင်လည်း ချွေးနဲ့ပြန်ပြီး အအေးပတ်တတ်ပါတယ်။ ခန္ဓာကိုယ်ထဲက ကယ်လိုရီတွေလောင်ကျွမ်းထားတာကြောင့် ပိုပြီးတော့ အေးတဲ့ဒဏ်ကို ခံစားရပါတ။ ဒါကြောင့်မထူမပါး windbreaker jacket လေးနဲ့ဆို ကိုယ့်ရဲ့ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးထားနိုင်မှာပါ။
ဆောင်းတွင်းကို အေးတဲ့အရပ်ဒေသတွေမှာ နေတဲ့လူတွေက တကယ်ကံထူးတာပါ။ ရာသီဥတုအေးအေးမှာ အနွေးထည်တွေ ဝတ်ပြီး ကြိုက်သလောက် ရှိုးထုတ်လို့ရပါတယ်။
ဒီလိုအေးတဲ့ဒေသကလူတွေအတွက်ကတော့ long coat ပုံစံမျိုးတွေ ဝတ်ပြီး အထာကျလို့ရပါတယ်။ sweater ခပ်ပွပွလေးတွေ ဝတ်တာကလည်း သက်သောင့်သက်သာနဲ့ ဖက်ရှင်ကျနေမှာပါပဲ။

ဒါ့အပြင် မာဖလာလေးတွေနဲ့လည်း ရှိုးထုတ်လို့ရသေးတယ်။ sweater တွေ coat တွေမကြိုက်တဲ့လူတွေအနေနဲ့လည်း Hoodie တွေ sport jacket လေးတွေ ဝတ်ပြီးတော့ ပေါ့ပေါ့ပါးပါးလေး ဖက်ရှင်ကျလို့ရပါသေးတယ်။
ကဲ ဒီလောက်ဆိုရင်တော့ ဆောင်းတွင်းမှာ ဘယ်လိုဖက်ရှင်ကျရမလဲဆိုတာ လမ်းတွေပျောက်မနေနဲ့တော့။
ပေါ့ပေါ့ပါးပါးလေးပဲ ရှိုးထုတ်မလား long coat လိုတွေဝတ်ပြီး အေးတဲ့ဒေသတွေဆီအလည်သွားမလား ကြိုက်သလို စတိုင်ကျနိုင်ပြီနော်။
ကဲ လာမယ့်ဆောင်းတွင်းကို လူတိုင်း ဖက်ရှင်ကျကျ ဖြတ်သန်းနိုင်ကြပါစေနော်။