အရိုးအဆစ် နာကျင်တယ် ဆိုတာကလည်း အသက်ငယ်ငယ်ကြီးကြီး ဖြစ်တတ်ကြပေမဲ့ အသက်ကြီးတဲ့သူတွေကမှာ ပိုပြီး အဖြစ်များပါတယ်။ အရိုးအဆစ်နာကျင်ကြတဲ့သူ တော်တော်များများက ဆေးသောက်မယ် ဆေးလိမ်းမယ်ဆိုတာကိုပဲ ပိုအားသန်ကြပါတယ်။ တော်တော်များများမေ့နေကြတဲ့ အချက်ကတော့ အစားအသောက်ကနေလည်း အရိုးအဆစ်နာကျင်တာကို သက်သာစေနိုင်တဲ့အချက်ပဲ ဖြစ်ပါတယ်။ ဘယ်အစားအစာတွေက အရိုးအဆစ်နာကျင်တာကို ဘယ်လိုပုံစံမျိုးနဲ့ သက်သာစေနိုင်လဲဆိုတာကို
အခု ဒီနေရာလေးမှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။
၁ Omega 3 Fatty acids / Fish Oil
ရေအေးမှာနေတတ်တဲ့ ငါးတွေဆီမှာ လူတွေအတွက်လိုအပ်တဲ့ Omega 3 ဓါတ်များကို ရရှိနိုင်တဲ့ အကောင်းဆုံးငါး ဖြစ်ပါတယ်။ သူတို့က ခန္ဓာကိုယ်မှာရှိတဲ့ နာကျင်စေနိုင်တဲ့ ပရိုတိန်းဓါတ်များကို လျော့ချပေးနိုင်ပြီးတော့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို တိုးတက်စေပါတယ်။ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ တခြားရောဂါများဖြစ်ပွားမှုကို လျော့ချပေးနိုင်ပါတယ်။ Omega 3 ဓါတ်ကို ရေအေးငါးများဖြစ်တဲ့ တူနာ၊ ဆယ်လ်မွန်၊ ဆာဒင်းငါးများက Omega 3 ဓါတ်ကို အပြည့်အဝဖြည့်တင်းပေးနိုင်တဲ့ ငါးများဖြစ်ပါတယ်။
၂ ပဲနှင့်အစေ့များ
ဒါကတော့ သတ်သတ်လွတ်သမားတွေအတွက် ပျော်စရာကြီးပါပဲ။ အခွံမာသီးတွေနဲ့ ပဲအမျိုးမျိုးမှာ Omega 3 ဓါတ်တွေပါဝင်ပါတယ်။ သူတို့က အရိုးအဆစ်တွေနဲ့ တစ်သျှူးများရဲ့ ရောင်ရမ်းမှုများကို သက်သာစေပါတယ်။
၃ သံလွင်ဆီ
ဟင်းသီးဟင်းရွက်ဆီ၊ နေကြာဆီနဲ့ မြေပဲဆီတို့အိမ်မှာရှိနေရင် ဖယ်ထုတ်လိုက်ပါ။ သူတို့က ရောင်ရမ်းခြင်းတွေကို ပိုပြီးဖြစ်စေပါတယ်။ အဲ့ဒီအစား သံလွင်ဆီကိုအသုံးပြုပြီး ချက်ပြုတ်ခြင်း၊ salad ပြုလုပ်ခြင်းတို့ကို ပြုလုပ်ပေးပါ။
၄ ကြက်သွန်ဖြူနှင့် အမြစ်ဖြစ်တဲ့ အသီးအရွက်များ
ကြက်သွန်ဖြူ၊ ဂျင်းနှင့် နနွင်းက ရောင်ရမ်းမှုကို လျော့ကျစေနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ အမြစ်ဖြစ်တဲ့ အသီးအရွက်များက အဆစ်နှင့် အခြားအဆစ်နဲ့ သက်ဆိုင်တဲ့ရောဂါများကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
၅ ပေါင်မုန့်ညိုများ
သုတေသနများအရ သန့်စင်ထားတဲ့ဂျုံနဲ့ပြုလုပ်ထားတဲ့ ပေါင်မုန့်များ ဥပမာ အဖြူရောင် ပေါင်မုန့်၊ ဆန်အဖြူနှင့် Pasta များ က ခန္ဓာကိုယ်အတွက် ရောင်ရမ်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ fiber ဓါတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာများက ခန္ဓာကိုယ်ကို ရောင်ရမ်းမှုတွေဖြစ်စေနိုင်တဲ့ ဓါတ်ကို ထိန်းချုပ်ပေးနိုင်ကြပါတယ်။
ဒီနေရာလေးမှာဆိုရင် အဆစ်အမြစ်တွေ ရောင်ရမ်းရတာကို အလွယ်ကူဆုံး အစားစားပြီး ကုသနည်းကို ပြောပြပြီးဆိုတော့ တကယ်လို့ ဆေးတွေသောက်တာမျိုးမလုပ်ချင်ရင် ဒါမျိုးလေးတွေလည်း စားပေးလို့ရတယ်နော်။