ဗဟုသုတ

ဂင်းနစ်စံချိန်ဝင် နှစ်ချို့ဝိုင်များ

ဒီနေ့ တော့ ကမ္ဘာအရပ်ရပ်က Wine နဲ့ ဂရင်းနစ်စံချိန်တင်ထားတဲ့ ထူးခြားတဲ့ မှတ်တမ်းတွေ ကို ဖော်ပြပေးမှာပါ ။
သင်သိပါသလား ၊ စားသောက်ဆိုင်တစ်ဆိုင်မှာ Wine Menu ဘယ်လောက်ထိရွေးချယ်လို့ရတယ်ဆိုတာကို ?

(1) Wine Menu အများဆုံးရွေးချယ်နိုင်တဲ့ စားသောက်ဆိုင်
Luxembourg City မှာရှိတဲ့ Chiggeri စားသောက်ဆိုင် မှာ ရွေးချယ်စရာ Wine Menu ၁၇၄၆ ခု နဲ့ Largest Wine List ဆိုတဲ့ ဂရင်းနစ်စံချိန်ကို တင်ထားပါတယ် ။ ဒီဆိုင်က Wine Menu တွေ အားလုံးကို စာရင်းကောက်ဖို့ ဆို အချိန် ၆ လ လောက်ကြာမှာပါ ။

(2) Wine Can အများဆုံး စုဆောင်းထားသူ
Philo , California , USA မှာ ရှိတဲ့ ALLAN Green ဆိုတဲ့ သူဟာ Wine Cans ပေါင်း ၄၄၉ ကို စုဆောင်းပြီး ဂရင်းစံချိန်ချိုးခဲ့ပါတယ် ။ ဒီလို Wine Cans တွေ စုဆောင်းတဲ့ အလုပ်ကို ၁၉၈၀ တည်းက စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ် ။ ၃၅ နှစ်စာ စုဆောင်းထားတဲ့ မှတ်တမ်း မျိုးပေါ့ ။

(3) သက်တမ်း အရင့်ဆုံး Wine ထုတ်လုပ်တဲ့နေရာ
သက်တမ်းအရင့်ဆုံး ဝိုင် ထုတ်လုပ်ခဲ့တဲ့ နေရာကတော့ Cyprus လို့ခေါ်တဲ့ နေရာပါ ။ ဒီနေရာမှာ 2000 BC တည်းက ဝိုင်တွေ ကို စတင်ပြုလုပ်ခဲ့ကြပါတယ် ။

(4) လူဦးရေ အများဆုံး Wine Tasting လုပ်ခဲ့တဲ့ Event
Wine အရသာကို ဒီလို လူအုပ်လိုက်ကြီး မြည်းစမ်းတဲ့ ပွဲ မျိုး တကယ်ရှိခဲ့ပါတယ် ။ Spain နိုင်ငံ Plaza De Toros မှာ ကျင်းပခဲ့တာဖြစ်ပါတယ် ။ Wine မြည်းစမ်းသူ ၅၀၉၅ ယောက်ပါဝင်ခဲ့ ပြီး ဂရင်းနစ် စံချိန်တင်ခဲ့ပါတယ် ။

(5) ကမ္ဘာ့အကြီးဆုံး ဝိုင် ပုလင်း
ဂရင်းနစ်ဝင်ထားတဲ့ ကမ္ဘာ့အကြီးဆုံးဝိုင်ပုလင်း အမြင့်က လူနှစ်ယောက် မတ်တပ်ရပ်စာ ဖြစ်တဲ့ ၁၂ ပေ ၈ လက်မ လောက်မြင့်ပါတယ် ။ အကျယ်အနေနဲ့ ၆ ပေ ၈ လက်မလောက် ကျယ်ပါတယ် ။တော်တော်ကြီးတဲ့ ဝိုင်ပုလင်းကြီးပဲနော် ။

အခု မြင်တွေ့လိုက်ရတာတွေ ကတော့ Wine နဲ့ ပတ်သတ်ပြီး ထူးထူးခြားခြား စံချိန်တင်ထားတဲ့ Record တွေထဲ က တစ်ချို့ပဲ ဖြစ်ပါတယ် ။