ဗဟုသုတ

အခုလိုကာလမှာ စိတ်ကျန်းမာရေးကို ဘယ်လိုဂရုစိုက်မလဲ

ဒီလိုကာလမှာ သိပ်သတိမထားမိပေမဲ့ ထိခိုက်လာတဲ့ စိတ်ကျန်းမာရေးကလည်း အရေးကြီးပါတယ်။ 

စိတ်ရော ကိုယ်ပါ ထိခိုက်လာတဲ့အခါ

– အလွယ်တကူ စိတ်တိုလွယ်တယ်။
– တစ်ခုခုဆို မျောသွားတတ်တယ်။
– အစားစားချင်စိတ်လည်း မရှိတော့ဘူး။
– ဖုန်း screen time ကလည်း အရမ်းများလာတတ်ပါတယ်။
– ဘာလုပ်လုပ်စိတ်မပါတော့တာမျိုးအပြင်
– ညည အိပ်မရတာမျိုးလည်း ဖြစ်လာတတ်ပါတယ်။

ဒီလိုမျိုးဖြစ်နေပြီဆိုရင်
– လူနဲ့ ဖုန်းကို အချိန်အတိုင်းအတာတစ်ခုအထိ ခဏအနားပေးထားပါ။
– ရတဲ့အချိန်လေး ခဏတဖြုတ်ဖြစ်ဖြစ်အိပ်ပါ။
– အစားများများစားနိုင်ဖို့အတွက် ကိုယ်ကြိုက်တတ်တဲ့ ချိုချိုချဉ်ချဉ်လေးတွေ ထည့်ပြီးစားပေးပါ။
– စိတ်ကို ခဏအနားပေးပါ။
– လိုအပ်တဲ့ အားဆေးသောက်ပေးပါ။
– အာဟာရရှိတဲ့ အစားအစာမျိုးကိုရွေးချယ်စားပေးပါ။

ကျန်းမာရေးကို ဂရုစိုက်သလို စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးပါ။ အကုန်လုံးလည်း အဆင်ပြေကြပါစေ။