ကျန်းမာ & အလှအပ

ခြေဖမိုးလေးတွေ မဲနေလို့ စိတ်ညစ်နေလား

ခြေဖမိုးဆိုတာ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ရတော့ နေဒဏ်လေဒဏ်ကို အများဆုံးခံရပြီးတော့ မဲတတ်ပါတယ်။ 

ခြေဖမိုးလေး မဲနေရင် ဒါမှမဟုတ် ဖိနပ်သဲကြိုးရာလေးပဲ ဖြူပြီး ကျန်တဲ့နေရာလေးတွေ မဲနေပြီဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးပါမယ်။ လုပ်နည်းလေးတွေ လွယ်ကူပါတယ်။ အလုပ်လေး နည်းနည်းရှုပ်တယ်လို့ ခံစားရပေမဲ့ တကယ်ကိုထိရောက်တဲ့ နည်းလမ်းလေးမို့လို့ အိမ်မှာ လုပ်ကြည့်သင့်ပါတယ်။ 

နည်းလမ်းလေးကတော့

ရေဇလုံတစ်လုံးထဲမှာ ရေနွေးနွေးလေး ထည့်ပါ။ သံပုရာသီး တစ်ခြမ်းကို အရည်ညှစ်ပေးပါ။ ပြီးလျှင် baking soda စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပေးပါ။ ဆပ်ပြာအရည်အနည်းငယ်ထည့်ပြီး သေချာရောမွှေပေးပါ။ ပြီးရင်တော့ ထိုရေထဲကို ခြေထောက်ထည့်ပြီး ၁၀ မိနစ်ခန့်စိမ်ပေးပါ။ စိမ်နေရင်း ခြေထောက်ကို scrub လေး လုပ်ပေးပါ။ ခုနက သံပုရာသီး အခွံရဲ့ အတွင်းပိုင်းနဲ့ ခြေသည်းလေးတွေကို တိုက်ပေးပါ။ အဝတ်တစ်ခုဖြင့် ခြေထောက်ကို ခြောက်အောင် သုတ်ပေးပါ။ 

နောက်ထပ် step တစ်ခု အနေနဲ့ 
ကော်ဖီမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်း၊ flour အနည်းငယ်နှင့် သကြားတို့ကို ခွက်တစ်ခုတည်းမှာ ထည့်ပြီး ရောမွှေပေးပါ။ ပြီးလျှင် ခရမ်းချဉ်သီးကို လေးစိတ်စိတ်ပြီး တစ်စိတ်ကို ယူကာ ထိုအမှုန့်နှင့် ကပ်ပေးပါ။ အမှုန့်ကပ်ထားသော ခရမ်းချဉ်သီးနဲ့ ခြေထောက်လေးကို လိုက်ပွတ်ပေးပါ။ ၇ မိနစ်ခန့်ထားပြီးတော့ ရေဆေးချပေးပါ။

အာလူးကို ခြစ်ချပြီး အရည်ရအောင် ညှစ်ယူလိုက်ပါ။ ထိုအရည်ထဲကို သံပုရာသီး တစ်ခြမ်းထည့်ပြီး ညှစ်ပေးပါ။ ပျားရည် အနည်းငယ်ထပ်ထည့်ပြီးတော့ ရောမွှေပေးပါ။ ပြီးရင် ခြေထောက်ပေါ်မှာ လိမ်းပြီးတော့ ၂၀ မိနစ်ထားပေးပါ။ နောက်ဆုံး ရေသေချာဆေးပြီးရင်တော့ ဖွေးသန့်နေတဲ့ ခြေထောက်လေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ 

Step လေးတွေက အနည်းငယ်များတယ်ဆိုပေမဲ့ လုပ်ရတာအရမ်းလွယ်ကူပြီး ထိရောက်တာကြောင့် တစ်ပတ်ကို ၂ ကြိမ်လောက်လုပ်ပေးသင့်ပါတယ်။