နွေရာသီဟာ ဒီနှစ်မှ ပိုပူနေသလား ထင်ရလောက်အောင် အရမ်းပူပါတယ်။ အရမ်းပူတော့ လူကြီးသူမတွေရဲ့ ကျန်းမာရေးကိုလည်း စိတ်ပူရပါတယ်။ နေအရမ်းပူလာရင် ဖြစ်လာတတ်တဲ့ ကျန်းမာရေးချို့ယွင်းချက်တွေ မဖြစ်ရအောင် ဒါမှမဟုတ် ပိုနည်းသွားရအောင် ရှောင်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးပါမယ်။
နေအရမ်းပြင်းတဲ့အခါ ထမင်းစားပျက်တတ်ပါတယ်။ အဲ့ဒီ့အခါ အရမ်းချဉ်ချဉ်စပ်စပ်ဟင်းမျိုးမဟုတ်ပဲ ခံတွင်းတွေ့စေမယ့် ဟင်းလေးတွေကို ချက်ပေးသင့်ပါတယ်။
အများကြီးမစားပဲ နည်းနည်းနဲ့ ခဏခဏစားပေးပါ။
ရေကို နေ့လည်ဘက်မှာ မချိုးပါနဲ့။ အပူရှပ်တတ်ပါတယ်။
ရေများများသောက်ပေးပါ။
အိမ်မှာ ပြတင်းပေါက်တွေရှိရင် ပြတင်းပေါက်တွေကို ဖွင့်ပြီးနေတာက ပိုကောင်းပါတယ်။
အပူဖုတွေ ပေါက်တတ်တာကြောင့် လိုအပ်တဲ့ဆေးတွေ အိမ်မှာဆောင်ထားပေးပါ။
အရည်ရွှမ်းတဲ့ အသီးတွေစားပေးပါ။
ဝမ်းချုပ်တတ်လို့ ရေများများလည်း သောက်ပေးပါ။ မန်ကျည်းရည်လေးလည်း သောက်ပေးသင့်ပါတယ်။
အပြင်ထွက်ရင် လုံလုံခြုံခြုံဝတ်ကာ ဂရုစိုက်ပြီးမှ ထွက်ပါ။
အဝတ်အစားတွေကိုလည်း ပေါ့ပေါ့ပါးပါးနဲ့ အေးအေးလူလူရှိတာမျိုးရွေးဝတ်ပေးပါ။ ထူထူထဲထဲတွေ မဝတ်ပါနဲ့။
နေအရမ်းပူတဲ့အခါ ကျန်းမာရေး ချို့ယွင်းတတ်တာကြောင့် သေချာလေး ဂရုစိုက်ပေးပါ။ အဓိကက ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။