စားသောက်ဆိုင် ဗဟုသုတ

တခြားနိုင်ငံတွေမှာ ဘာလို့ Table order နဲ့ Take out order တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသလဲ?

နိုင်ငံခြားစားသောက်ဆိုင်တွေမှာဆိုရင် Table order တွေအတွက်ကို ကြိုပြီးတော့ order တင်တာမျိုးတွေ take out အတွက်လည်း order ကြိုတင်တာမျိုးတွေကို ပြုလုပ်လေ့ရှိကြပါတယ်။

ဒီလိုကြိုပြီးတော့ အော်ဒါတင်ထားမယ်ဆိုရင် စားသောက်ဆိုင်မှာသွားစားတဲ့အခါ ထိုင်ခုံမရတာမျိုးတွေ ပါဆယ်အတွက်စောင့်နေရတာမျိုးတွေ မဖြစ်နိုင်တော့ပါဘူး။

ဆိုင်ကိုရောက်တာနဲ့ ကိုယ် booking ကြိုတင်ထားတဲ့ table မှာ အေးဆေးထိုင်ပြီး Digital Menu ကတဆင့် ဟင်းပွဲမှာပြီး အစားအသောက်တွေကို စားလို့ရပါပြီ။

စားသောက်ဆိုင်တွေအနေနဲ့လည်း ကိုယ့်ဆိုင်မှာ လာစားမယ့် customer အရေအတွက်ကိုသိတာနဲ့ ကြိုပြင်ဆင်လို့ရတာကြောင့် customer ကို အကောင်းဆုံးဟင်းလျာတွေကို တည်ခင်းရောင်းချနိုင်မှာပါ။

ဒီလို ကြိုပြီးအော်ဒါတင်တဲ့ စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မယ်ဆိုရင် ဆိုင်ပိုင်ရှင်တွေအတွက်ရော စားသုံးသူတွေအတွက်ပါ win-win ပါပဲ။

အခုဆိုရင် yathar smart order နဲ့လည်း ကြိုတင်ဘိုကင်တင်လို့ ရနေပါပြီ။

yathar smart order မှာဆိုရင် table order အတွက်ရော take out order အတွက်ရော အော်ဒါတင်နိုင်မှာပါ။

ကိုယ့်ဆိုင်ကိုရောက်မယ့် အချိန်အတိအကျနဲ့ပါ အော်ဒါတင်နိုင်ရုံမကဘဲ ကိုယ်သုံးဆောင်ချင်တဲ့ menu ကိုပါ တစ်ခါတည်းရွေးပြီး အော်ဒါတင်နိုင်မှာဖြစ်ပါတယ်။

yathar smart order ထဲကို ဝင်လိုက်တာနဲ့ menu တွေအစုံကို ဈေးနှုန်းတွေနဲ့ပါတွဲပြီး ကြည့်လို့ရနိုင်မှာလည်း ဖြစ်ပါတယ်။

ဆိုင်ရဲ့ webpage ထဲကို ဝင်လိုက်တာနဲ့ ဆိုင်နဲ့ပတ်သတ်တဲ့ information အပြည့်အစုံကို သိနိုင်သလို menu တွေကိုလည်း ဖုန်းထဲကနေ ကြည့်နိုင်မှာပါ။

take out order နဲ့ ကြိုတင်မှာထားမယ်ဆိုရင် ဆိုင်ကိုရောက်တာနဲ့ ကိုယ်မှာထားတဲ့ menu က အသင့်ဖြစ်နေမှာပါ။

ကျန်းမာရေးရှုထောင့်က ကြည့်ရင်လည်း လူတွေနဲ့ အထိအတွေ့နည်းတာမို့လို့ safe ဖြစ်ပါတယ်။

yathar smart order နဲ့အတူ မြန်မာပြည်မှာလည်း table order တွေ take out order တွေ တွင်ကျယ်လာနိုင်ပါတယ်။

အဲဒီတော့ yathar smart order နဲ့အတူ smart ကျကျ order တွေ မှာလို့ရနေပါပြီ။