အစားမတော် တစ်လုတ်၊ အစာလည်းဆေး ဆေးလည်းအစာ ဆိုသလိုပဲ သက်ရှည်ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခုရရှိဖို့ ဘေးအန္တရာယ်ကင်းတဲ့ အစားအသောက်က အလွန်ပဲ အရေးကြီးပါတယ်။
အန္တရာယ်ဖြစ်စေတဲ့ ဓာတု ပစ္စည်းများ၊ ရောဂါပိုးမွှားများ ကင်းစင်ပြီး၊ သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေးနှင့် ညီညွတ်ကာ အာဟာရဓာတ်ပြည့်စုံတဲ့ အစားအသောက်ကို ရရှိဖို့ ဘာတွေ ရှောင်ရှားသင့်ပါသလဲ။
၁။ မချက်ရသေးသော အစားအသောက် နှင့် ချက်ပြုတ်ပြီးသော အစားအ သောက်များကို ခွဲခြားထားခြင်း
၂။ အစားအသောက်များကို စနစ်တကျထားသိုခြင်း
၃။ ရေကောင်း ရေသန့်နှင့် သန့်ရှင်းလတ်ဆတ် သော သားစိမ်းငါးစိမ်း၊ ဟင်းသီး ဟင်းရွက်စိမ်းများကို အသုံးပြုခြင်း
၄။ အစားအသောက်များကို ကျက် အောင် ချက်ပြုတ်ပြီးမှ စားသောက်ခြင်း
၅။ အစားအသောက်အထုပ်များကို သိမ်းဆည်း၊ ကိုင်တွယ်ပြီးတိုင်း လက်ဆေးခြင်း
၆။ တစ်ခါသုံးပလတ်စတစ်အိတ်တွေကို အသုံးပြုခြင်း
၇။ အစားအစာတွေကို မစားသုံးမီ လက်ဆေးခြင်း
၈။ Mask တပ်ခြင်း
၉။ Social Distance နဲ့ အညီ နေထိုင်ခြင်း
ဒီအချက်လေးတွေကို လိုက်နာရင်း အခုလိုကာလကို ဘေးကင်းကင်းနဲ့ ကျော်ဖြတ်ကြရအောင်နော်။