ဗဟုသုတ

anxiety ကို လျော့ချပေးတဲ့ အစားအသောက်များ

အခုလို အခြေအနေမှာ လူတိုင်းအနေနဲ့ စိတ်ပူပန်မှုတွေ စိုးရိမ်မှုတွေ အနည်းနဲ့ အများတော့ ရှိကြမှာပါ 
ဒီလို စိတ်ဖိစီးမှုတွေ များလာတဲ့အခါ ကျန်းမာရေးကိုပါ ထိခိုက်လာစေပါတယ်။
အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့အတိုင်း စိတ်ဖိစီးမှုတွေကို အစားလေးနဲ့လျှော့ချနိုင်တဲ့ အစားအသောက်တွေအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 

အနက်ရောင်ချောကလက် 
ချောကလက်မှာ အရွယ်တင်နုပျိုစေတဲ့ antioxidant တွေ ပါဝင်တာကြောင့် စိတ်ရောကိုယ်ပါ နုပျိုစေပါတယ်။ 
ချောကလက်မှာ အမိုင်နိုအက်ဆစ် ကြွယ်ဝစွာပါဝင်ပြီးတော့ ဒီ အမိုင်နိုအက်ဆစ်ကို ဦးနှောက်ကနေ စီရိုတိုနင်ဓာတ်တွေကို ထုတ်လုပ်တဲ့နေရာမှာ အဓိက အသုံးပြုပါတယ်။ ဆီရိုတိုနင်ဓာတ်ကတော့ ပျော်ရွှင်တဲ့ စိတ်ခံစားချက်တွေကို ဖြစ်စေပါတယ်။ 

Chamomile 
Chamomile မှာ antioxidant တွေ ပါဝင်ရုံ၀တင်မကဘဲ ယောင်ယမ်းမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ chamomile မှာ soothing effect ရှိလို့ အိပ်ခါနီးသောက်ပေးမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။ Chamomile မှာလည်း aminobutyric လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တစ်မျိုးပါလို့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီးတော့ စိတ်ပျော်ရွှင်စေနိုင်ပါတယ်။ 

နနွင်း
နနွင်းမှာတော့ curcumin လို့ခေါ်တဲ့ ဓာတ်တစ်မျိုး ပါဝင်ပြီးတော့ စိတ်ဖိစီးမှုကိုလျော့ကျစေပြီး စိတ်ကို တည်ငြိမ်စေပါတယ်။ နနွင်းမှာ antioxidant တွေလည်း ကြွယ်ဝပါတယ်။ ဖျားနာတာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ကလေးမီးဖွားပြီးကာစ မီးနေသည်တွေကို နနွင်းလူးပေးတာ၊ နနွင်းသောက်ခိုင်းတာတွေက စိတ်ဖိစီးမှုတွေကို လျော့ကျစေတဲ့ ကုထုံးတစ်မျိုးပဲ ဖြစ်ပါတယ်။ 

လက်ဖက်စိမ်း 
လက်ဖက်စိမ်းမှာ L-theanine နဲ့  အမိုင်နိုအက်ဆစ်တွေ ပါဝင်ပါတယ်။ အမိုင်နို အက်ဆစ်ကတော့ ဆီရိုတိုနင်ဓာတ်တွေကို ထုတ်လုပ်ဖို့ ကူညီပေးပြီးတော့ L-theanine ကတော့ ဦးနှောက်မှာရှိတဲ့ အာရုံကြောတွေကို စိတ်လှုပ်ရှားမှု အရမ်းမဖြစ်အောင် ထိန်းညှိပေးပါတယ်။ အိပ်ခါနီး လက်ဖက်စိမ်းသောက်ပေးရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။ Chamomile နဲ့ လက်ဖက်စိမ်းကိုရောပြီးတော့ ရေနွေးအနေနဲ့ သောက်ပေးရင် အအေးမိတာတွေကို သက်သာစေပြီးတော့ စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချနိုင်ပါတယ်။

ဆယ်လ်မွန်ငါး
ဆယ်လ်မွန်ငါးမှာ ဦးနှောက်လုပ်ဆောင်မှုကို တိုးတက်စေတဲ့ ဗီတာမင် ဒီ နဲ့ Omega 3 fatty acid တွေ ပါဝင်ပါတယ်။ဒီအာဟာရနှစ်မျိုးက ဦးနှောက်ထဲက neurotransmitter တွေကို အလုပ်ကောင်းကောင်းလုပ်စေပြီးတော့ ဆီရိုတိုနင်နဲ့ ဒိုပါမင်းဓာတ်တွေကို ထုတ်လုပ်ရာမှာ အဓိက ကူညီပေးပါတယ်။ 

ဒီဓာတ်တွေက စိတ်ဖိစီးမှုကိုလျော့ကျစေပြီးတော့ စိတ်ကိုတည်ငြိမ်စေပါတယ်။ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း တိုးတက်စေလို့ မှတ်ဥာဏ်ကိုလည်း တိုးတက်စေပါတယ်။ 

အခုဖော်ပြပေးခဲ့တာတွေကတော့ စိတ်ဖိစီးမှုတွေကို လျော့ကျစေတဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ နောက်ထပ်လည်း အခုလို ဗဟုသုတရစရာ အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာမို့လို့ စောင့်မျှော်ပေးကြပါဦးနော်။