ကျန်းမာ & အလှအပ

ရာသီတုပ်ကွေး ကိုအခုကတည်းက စတင်ပြီး ကာကွယ်ကြပါစို့ 

မိုးရာသီမှာဖြစ်တတ်တဲ့ ရာသီတုပ်ကွေးကို ကာကွယ်နိုင်ဖို့ဆိုရင် ကိုယ်ခံအားတွေကောင်းနေမှဖြစ်မယ်နော်။ အခုလို ရောဂါပိုးတွေ ကူးစက်နေတဲ့အချိန်မှာ ကြိုတင်ပြီး ကာကွယ်ထားဖို့က အရမ်းအရေးကြီးတဲ့အခြေအနေပါ။ အဓိကအကျဆုံးကတော့ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပါ။ ဒီ အန္တရာယ်ကနေ ကာကွယ်ပြီး ကိုယ်ခံအားကောင်းနေအောင် ဘာတွေစားရမလဲဆိုတာကို ပြောပြပေးပါမယ်။ 

၁။ ဂျင်းပြုတ်ရည်

အမြဲပြောနေကြအတိုင်းပါပဲ ဂျင်းပြုတ်ရည်က ရာသီတုပ်ကွေးကိုကာကွယ်ဖို့အတွက် အကောင်းဆုံးအဖော်မွန်ပါပဲ။ ဂျင်းပြုတ်ရည်နွေးနွေးလေးက ၀မ်းဗိုက်ကိုနွေးနေစေပြီးတော့ ရောဂါပိုးမွှားတွေရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ကြက်သားပြုတ်လေးတွေလည်း သောက်ပေးလို့ရပါတယ်။

၂။Broccoli

Broccoliက ဗီတာမင်တွေ minerals တွေ Antioxidants တွေကြွယ်ဝပြီးတော့ ကိုယ်ခံအားကောင်းစေဖို့အတွက် အများကြီးအထောက်အကူဖြစ်ပါတယ်။ ကင်ဆာcell တွေကိုသေစေပြီးတော့ သွေးလှည့်လည်မှုကိုအားကောင်းစေတာမို့ မဖြစ်မနေကို စားပေးသင့်ပါတယ်။

၃။ဥအမျိုးမျိုး

အိမ်တွေရဲ့ မီးဖိုချောင်တွေအားလုံးနီးပါးမှာ အမြဲတမ်းအဆင်သင့်ရှိနေတဲ့ ကြက်ဥ၊ ဘဲဥ ၊ ငုံးဥ စတဲ့ ဥအမျိုးမျိုးကလည်း ကိုယ်ခံအားကောင်းဖို့အတွက် အားဆေးတွေဆိုလဲ မမှားပါဘူး။ ပရိုတင်းဓာတ်အပြည့်ပါပြီးတော့ selenium, vitamin D, B6, B12 တို့လဲပါဝင်တာကြောင့် ခန္တာကိုယ်ကြီးထွားထိတောင် အားကိုးရပါတယ်။

၎။Green Tea

မိုးမိပြီး အပြင်ကပြန်လာတဲ့အခါမှာ Green Tea ပူပူလေးတစ်ခွက်လောက်သောက်လိုက်ရင် အချမ်းပြေပြီးနွေးထွေးသွားဖူးကြတယ်ဟုတ်။ လက်ဖက်ရည်ကြမ်းပူပူလေးတွေလဲသောက်ကြပါ။ ကျန်းမာရေးအတွက်လဲအတော်လေးကိုသင့်တော်တာမို့ သောက်သုံးသင့်ပါတယ်။

၅။ကြက်သွန်ဖြူ

ကိုလက်စတောနဲ့သွေးပေါင်ချိန်ကိုလျော့ချပေးပြီးတော့ တကယ်ကိုပဲအသုံးဝင်တဲ့ကြက်သွန်ဖြူလေးပါ။

သွေးသားကိုလည်းသန့်စင်စေပါတယ်။Green Teaထဲကို ကြက်သွန်ဖြူနှစ်မွှာလောက်ထည့်ပြီး စိမ်သောက်မယ်ဆိုရင်တော့ ရာသီတုပ်ကွေးကိုကာကွယ်ပြီးသားပဲနော်။

ဒီလိုအစားအစာတွေကို စားသုံးထားမယ်ဆိုရင်တော့ ရာသီတုပ်ကွေးအန္တရာယ်ကနေ ကာကွယ်ပြီးသားဖြစ်တာမို့ အစားလဲဆေး ဆေးလဲအစာဆိုလဲ မမှားပါဘူး။ကိုယ်ခံအားကောင်းအောင်နေပြီးတော့ ရာသီတုပ်ကွေးကို ကာကွယ်ကြပါစို့နော်။