အမြဲတမ်းဝမ်းချုပ်နေလား?
ဝမ်းချုပ်တတ်လို့ စိတ်ညစ်နေရလား ?
ဝမ်းတစ်လုံးကောင်းလို့ ခေါင်းမခဲနိုင်ဆိုတဲ့အတိုင်း ၀မ်းမမှန်ရင် ခေါင်းကိုက်တာတွေ စိတ်မကြည်တာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့်နေ့စဉ်ပုံမှန်ဘ၀မှာ ၀မ်းမှန်နေစေဖို့လိုအပ်ပါတယ်။ဒါဆို ၀မ်းမှန်ဖို့ အတွက် ဘာတွေစားသုံးပေးရမလဲ ဆိုတာလေးကို ပြောပြပေးချင်ပါတယ်
ပထမဆုံးအနေနဲ့
၁။ရေ
ရေများများသောက်ပါ။ရေကိုနေ့စဉ်ပုံမှန်သေချာစွာသောက်ပေးခြင်းအားဖြင့် ၀မ်းချုပ်ခြင်းကနေ သက်သာစေပါတယ်။ ၀မ်းမချုပ်တဲ့အတွက်ကြောင့် ခံတွင်းအနံ့ဆိုးထွက်တာတွေ အသားရည်ခြောက်သွေ့တာတွေကိုလည်း သက်သာစေပါတယ်။လူတစ်ယောက်ဟာ တစ်နေ့ကို ရေ ၈ခွက်အထိသောက်သုံးသင့်ပါတယ်။
၂။အမျှင်ဓာတ်များတဲ့ အသီးတွေစားပေးပါ
အမျှင်ဓာတ်ပါတဲ့အသီးတွေများများစားပေးခြင်းကနေလည်း ၀မ်းချုပ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ ၀မ်းဗိုက်ကလေးကျန်းမာနေစေဖို့အတွက် နေ့စဉ်ပုံမှန်အသီးတစ်မျိုးမျိုးစားပေးပါ။ဝမ်းဗိုက်လေးက ကျန်းမာနေတဲ့အခါမှာ နေရထိုင်ရတာလည်း ပေါ့ပါးပြီးတော့ သက်တောင့်သက်သာဖြစ်စေပါတယ်။ ဥပမာ-သရက်သီး လို ရာသီပေါ်အသီးတွေဆို အခုချိန်ဆိုရင် အလွယ်တကူဝယ်ယူလို့ရပြီးတော့ ဈေးလည်းအတော်လေးသက်သာပါတယ်။ဖျော်ရည်လေးလိုလုပ်သောက်မယ်ဆိုရင်လည်း ရသလို ဒီအတိုင်းစားမယ်ဆိုရင်လည်း ရပါတယ်။
၃။ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ
မနက်ပိုင်းထပြေးတာတွေ အကြောလျော့လေ့ကျင့်ခန်းတွေ စက်ဘီးနင်းတာတွေက ၀မ်းဗိုက်ကြွက်သားလှုပ်ရှားမှုများတဲ့အတွက် ၀မ်းချုပ်မှုကိုသက်သာစေပါတယ်။ အားကစားလုပ်ရင်းချွေးထွက်များတာကြောင့်ရေဓာတ်ကို အလုံအလောက်ပြန်ဖြည့်ပေးဖို့လိုအပ်ပါတယ်။ရေများများသောက်ပေးဖို့ကိုတော့ မမေ့ပါနဲ့နော်။
၎။ဇီးသီးစားပါ
ဇီးသီးလေးတွေကလည်း ၀မ်းမချုပ်စေအောင်ကူညီပေးမှာပါ။ ဇီးသီးနဲ့ထုတ်လုပ်ထားတဲ့ဆေးတွေ အရည်တွေကိုသောက်ပေးခြင်းဖြင့်အသားရည်ကိုလှနေစေပြီးတော့ အဆီပိုတွေကိုလည်း ကျစေပါတယ်။အဆီပိုတွေကျတဲ့အခါနေရတာပေါ့ပေါ့ပါးပါးလည်း ရှိသလို ၀မ်းချုပ်တာကိုပါသက်သာစေတော့ အလွယ်တစ်ကူဝယ်ယူလို့ရတဲ့ ဇီးသီးလေးတွေကို အခုပဲဝယ်လိုက်တော့နော်။
၅။ဆရာဝန်နဲ့တိုင်ပင်ပါ
ဝမ်းချုပ်တာကို သက်သာစေမယ့် နည်းလမ်းတွေအတိုင်းပြုမူနေထိုင်နေပေမယ့် မသက်သာလာတာမျိုးဆိုရင်တော့ ဆရာဝန်ဆီသွားပြီးသေချာတိုင်ပင်သင့်ပါတယ်။ဒါမှ ဆရာဝန်ရဲ့အကြံပေးချက်အတိုင်း ဆေးသေချာသောက်ပြီးတော့ ကုစားပါနိုင်မှာပါ။
အခုဆိုရင် ၀မ်းမချုပ်ရအောင် ဘာတွေစားရမလဲ
ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာကို သိပြီးပြီဆိုတော့ ၀မ်းတစ်လုံးကောင်းလို့ ခေါင်းမခဲနိုင်ရအောင် နေကြပါစို့
နောက်ထပ် ဗဟုသုတရစေမယ့်အကြောင်းအရာတွေ ၊ ကျန်းမာရေးနဲ့ အလှအပ ၊ဟင်းချက်နည်းတွေ စသဖြင့် အများကြီးတင်ဆက်ပေးဖို့ ရှိနေသေးတဲ့အတွက်ကြောင့် yathar ကို see first လေးလုပ်ထားပါအုန်းနော်။ဒါဆို အခုနည်းလမ်းလေးတွေကို သူငယ်ချင်းတွေကိုလဲ shareလေးနှိပ်ပြီး မျှဝေလိုက်ကြပါအုန်း။