ကျန်းမာ & အလှအပ လမ်းကြောင်းသစ်

[အခန္းဆက္] ေယာက္်ားေလးေတြလဲခႏၶာကိုယ္အခ်ိဳးက်ဖို႔အေရးႀကီးတယ္ဆိုပဲ

ေနာက္ေက်ာျပင္ပံုရိပ္နဲ့မိတ္ဆက္ပါရေစ

မဂၤလာပါ။TOKYO ODEN BOYSရဲ့အားကီပါဗ်ာ! ကၽြန္ေတာ္႔ေနာက္ေက်ာျပင္ကိုပဲျပၿပီးစတင္မိတ္ဆက္ပါရေစ။

ၿပီးခဲ့တဲ့အပတ္ဖက္တီးနင္ဂ်ာက၀ိတ္ခ်တာနဲ႔ပတ္သက္ၿပီးေဖာ္ျပခဲ့ေပမယ့္ကၽြန္ေတာ္ကေတာ့ေျပာင္းျပန္! #ၿပီးခဲ့တဲ့အပတ္ *[အခန္းဆက္] ေတြ႕ရတာ၀မ္းသာပါတယ္။ ဖက္တီးနင္ဂ်ာလို႔ေခၚပါတယ္။ * ကိုဖတ္ၿပီးၾကၿပီလား။

၀ိတ္တက္ေအာင္လုပ္နည္းေတြနဲ႔ပတ္သက္ၿပီးေဖာ္ျပမိတ္ဆက္ေပးသြားခ်င္ပါတယ္!

၀ိုးးးးဆိုၿပီး လန္႔မသြားၾကနဲ႔အံုးေနာ္။
၀ိ္တ္တက္ေအာင္လုပ္နည္းဆိုတာအဆီေတြနဲ႔ကိုယ္အေလးခ်ိန္တက္ေအာင္လုပ္တဲ့ဖက္တီးနင္ဂ်ာလိုပံုစံျဖစ္ေအာင္လုပ္တာမဟုတ္ပဲၾကြက္သားအလွေတြနဲ႔ကိုယ္အေလးခ်ိန္တက္ေအာင္ျပဳလုပ္နည္း ကိုေျပာျပေပးမွာပါ။

ကဲ ကၽြန္ေတာ့အေၾကာင္းစတင္မိတ္ဆက္ေပးပါမယ္!

ဂ်ပန္ႏုိင္ငံေတာင္ပိုင္းရွိခုမမို႔တိုစီရင္စုမွာေမြးဖြားခဲ့ပါတယ္။
ေက်းလက္ေတာရြာမွာေနထိုင္တဲ့သာမာန္ျပည္သူတေယာက္ပဲျဖစ္လိမ့္မယ္လို႔ထင္ခံေပမယ့္၊၆ႏွစ္အရြယ္မွာ ခုမမို႔တိုကေနစင္ကာပူကိုေျပာင္းေရႊ႕ေနထိုင္ခဲ့ဲၿပီး ေနာက္ပိုင္းမွာၾသစေၾတးလ်၊ ထပ္ၿပီး အေမရိကႏုိ္င္ငံ……

သတိထားမိတဲ့အခ်ိန္မွာအနည္းငယ္ထူးျခားၿပီးစတိုင္က်တဲ့ ဂ်ပန္လူမ်ိဳးတစ္ေယာက္ျဖစ္ေနခဲ့တယ္။

ၾသစေၾတးလ်ႏွင့္အေမရိကမွာေနထိုင္ရင္းသတိထားမိတဲ့အခ်က္ရွိခဲ့တယ္။

အဲ့ဒါကေတာ့ ကၽြန္ေတာ္တို႔အာရွလူမ်ိဳးေတြရဲ့ခႏၶာကိုယ္အရြယ္ေသးေနျခင္းပဲျဖစ္ပါတယ္။

အေနာက္တိုင္းလူမ်ိုဳးႏွင့္ႏိႈင္းယွဥ္ၾကည့္ရင္ အာရွလူမ်ိဳးေတြကသဘာ၀အားေလ်ာ္စြာအရပ္အျမင့္ကနိမ့္ေနတတ္ၿပီး အရပ္တူေနရင္ေတာင္ခႏၶာကိုယ္ၾကြက္သားထြားႀကိဳင္းမႈနည္းတဲ့အတြက္ အာရွလူမ်ိဳးေတြကညွပ္ေနျခင္းျဖစ္တယ္ဗ်။

ဘာျဖစ္လို႔အေနာက္တိုင္းသားေတြကၾကြက္သားမ်ားႏွင့္ခႏၶာကိုယ္လွပေနၿပီးအာရွတိုင္းသားေတြကပိန္ပိန္ပါးပါးျဖစ္ေနရတာလဲ?

အေၾကာင္းျပခ်က္ (၁)
အေျခခံအစားအစာမတူတဲ့အတြက္ေၾကာင့္!

ၾကြက္သားအတြက္လိုအပ္တဲ့အစားအစာ

ၾကြက္သားထြက္ဖို႔လိုအပ္တဲ့အစားအစာ။

ၾကြက္သားေတြရရွိဖို႔အတြက္ပရိုတင္းကအဓိကလိုအပ္ခ်က္ပါ။
အေနာက္တိုင္းသားေတြကေန႔တိုင္းလိုလိုအသားကင္၊ဟမ္ဘာဂါကိုစားသံုးေလ့ရွိၿပီးပံုမွန္အားျဖင့္လဲအရည္အေသြးျပည့္ပရိုတင္းဓာတ္ၾကြယ္၀ေသာအစားအစာေတြကိုစားတဲ့အခြင့္အလမ္းကမ်ားတယ္။
ဒါေပမယ့္ကၽြႏု္ပ္တို႔အာရွတိုင္းသားေတြရဲ့အေျခခံအစားအစာကဆန္(ထမင္း)……..
ျမန္မာလူမ်ိဳးေတြျဖစ္တဲ့မိတ္ေဆြတို႔လည္းဆန္(ထမင္း)ကိုႀကိဳက္ႏွစ္သက္တယ္မလား။
ဆန္မွာလည္းပရိုတင္းဓာတ္ပါ၀င္ေနေပမယ့္ၾကြက္သားေတြျဖစ္လာဖို႔အတြက္အသားမွာပါတဲ့အသားပရိုတင္းဓာတ္ကပိုေကာင္းပါတယ္။စိတ္မေကာင္းစြာပဲၾကြက္သားေတြႀကီးထြားေအာင္ဆန္ရဲ့ပရိုတင္းကမလုပ္ေပးႏိုင္ပါဘူး။

ကၽြန္ေတာ္ကျမန္မာဟင္းလ်ာေတြကိုႀကိဳက္ေပမယ့္ၾကြက္သားျဖစ္ဖုိ႔အတြက္ေတာ့မစြမ္းေဆာင္ေပးႏုိင္ပါဘူး။

ေနာက္တစ္ႀကိမ္မွာလိုအပ္တဲ့အသိပညာႏွင့္ၾကြက္သားႀကီးထြားေအာင္လုပ္ေဆာင္ရမယ့္ေလ့က်င့္ခန္းလုပ္နည္းေတြကိုမိတ္ဆက္ေပးသြားပါမယ္ဗ်။

အေၾကာင္းျပခ်က္ (၂)
အားကစားခန္းကိုသြားတဲ့အေလ့အထကြာျခားခ်က္!

အေနာက္တုိင္းသားေတြကအားကစားခန္းကိုသြားရတာႀကိဳက္ႏွစ္သက္္တယ္။
ခႏၶာကိုယ္က်စ္လစ္ေအာင္လုပ္ဖို႔အသိပညာေတြကအာရွတိုင္းသားေတြထက္ပိုၿပီးျပည့္စံုေနတာကိုသိရွိခဲ့ရတယ္။

ကၽြန္ေတာ္အေမရိကမွာေနခဲ့စဥ္အခ်ိန္ကအားတဲ့အခ်ိန္တိုင္းသူငယ္ခ်င္းေတြစုၿပီးအတူတူအားကစားခန္းသြားၿပီးေလ့က်င့္ခန္းကိုအၿမဲလိုလိုလုပ္သြားလုပ္ျဖစ္ခဲ့တယ္။

အဲ့အခ်ိန္မွာသင္ဟာ!
ၾကြက္သားေတြထြက္လာဖို႔ကိုပဲအာရံုစိုက္ၿပီးျပင္းထန္တဲ့ေလ့က်င့္ခန္းေတြမလုပ္ခဲ့ဘူးလား?
ၾကြက္သားႀကီးလာဖို႔ဆိုပံုမွန္မွ်မွ်တတေလ့က်င့္ခန္းကိုျပဳလုပ္ရမွာျဖစ္ၿပီးတေနရာတည္းကိုအႀကိမ္ႀကိမ္ျပဳလုပ္္ပါကၾကြက္သားအနာတရျဖစ္ႏုိင္တဲ့အတြက္အဲ့လိုမျပဳလုပ္သင့္ပါဘူး!

ေနာက္တစ္ႀကိမ္မွာလိုအပ္တဲ့အသိပညာႏွင့္ၾကြက္သားႀကီးထြားေအာင္လုပ္ေဆာင္ရမယ့္ေလ့က်င့္ခန္းလုပ္နည္းေတြကိုမိတ္ဆက္ေပးသြားပါမယ္ဗ်။

အေၾကာင္းျပခ်က္ (၃)
မိန္းကေလးေတြအႀကိဳက္အမ်ိဳးသားစတိုင္ေတြကမတူတာေၾကာင့္!

မိတ္ေဆြတို႔ေဟာလိ၀ုဒ္ရုပ္ရွင္ေတြၾကည့္ဖူးၾကမယ္လို႔ထင္တယ္ဗ်။အေနာက္ႏိုင္ငံေတြမွာDwayne Johnson(ကၽြန္ေတာ့္ရဲ့အထက္တန္းေက်ာင္းကစီနီယာ)လိုၾကြက္သားအလွခႏၶာကိုယ္ကအႀကိဳက္မ်ားေပမယ့္အာရွႏုိင္ငံမွာေတာ့ပိန္ၿပီးက်စ္လစ္တဲ့ခႏၶာကိုယ္ကအႀကိဳက္မ်ားတာေတြ႕ရတယ္။
ဒါေၾကာင့္
အေနာက္ႏုိင္ငံသားေတြကအားကစားခန္းသြားၿပီးၾကြက္သားေတြနဲ႔လွဖို႔အာရံုစိုက္ၿပီး
အာရွနိုင္ငံသားေတြကပိန္ၿပီးက်စ္လစ္တဲ့ခႏၶာကိုယ္ရဖို႔အာရံုစိုက္ေနၾကျခင္းျဖစ္တယ္ဗ်။

ကၽြန္ေတာ္ကေတာ့မိန္းကေလးအႀကိဳက္ခႏၶာကိုယ္ျဖစ္ခ်င္တာမဟုတ္ပါဘူး။

အထင္မမွားၾကပါနဲ႔ဗ်။

မိန္းကေလးစိတ္ေပါက္ေနတယ္လို႔လဲမထင္ၾကနဲ႔အံုးေနာ္။

ဂ်ပန္မွာနာမည္ႀကီးတဲ့ကဗ်ာတစ္ပုဒ္ကိုမိတ္ဆက္ေပးခ်င္ပါတယ္။
မိတ္ေဆြတို႔ၾကားဖူးၾကလားဗ်?

ငါသည္ေယာက္်ား၊ ေယာက္်ားဆန္တဲ့ခႏၶာကိုယ္ကိုပိုင္ဆိုင္ခ်င္တယ္။
ငါသည္အျခားသူထက္၊ ကိုယ္တိုင္ကသေဘာက်ႏွစ္သက္တဲ့ခႏၶာကိုယ္ျဖစ္ခ်င္တယ္။
ငါသည္မွန္ၾကည့္တိုင္း ခႏၶကိုယ္ကၾကြက္သားေတြႀကီးထြားလာပံုကိုေန႔တိုင္းအံ့အားသင့္ခ်င္တယ္။

အားကီ

ရိုးရိုးရွင္းရွင္းေျပာရရင္ေတာ့ Smack Downနပန္းသမားေတြရဲ့ခႏၶာကိုယ္ျဖစ္ဖို႔ရည္ရြယ္လုပ္ေဆာင္ေနတယ္ဗ်။

ျမန္မာလူမ်ိဳးေယာက္်ားေလးမိတ္ေဆြအေပါင္းတို႔!
ကၽြန္ေတာ္နဲ႔အတူတူၾကြက္သားေတြႏွင့္ခႏၶာကိုယ္ပိုင္ဆိုင္ဖို႔ႀကိဳးစားၾကည့္ရေအာင္လားဗ်!

ေနာက္အပတ္မွာလည္း ဘာေတြဆက္ေျပာမလဲေစာင့္ေမွ်ာ္ေပးၾကပါအံုးဗ်

——————————————————————————————————–

[Unicode] [အခန်းဆက်] ယောက်ျားလေးတွေလဲခန္ဓာကိုယ်အချိုးကျဖို့အရေးကြီးတယ်ဆိုပဲ

ေနာက္ေက်ာျပင္ပံုရိပ္နဲ့မိတ္ဆကပါရေစ

မင်္ဂလာပါ။TOKYO ODEN BOYSရဲ့အားကီပါဗျာ! ကျွန်တော့်နောက်ကျောပြင်ကိုပဲပြပြီးစတင်မိတ်ဆက်ပါရစေ။


ပြီးခဲ့တဲ့အပတ်ဖက်တီးနင်ဂျာကဝိတ်ချတာနဲ့ပတ်သက်ပြီးဖော်ပြခဲ့ပေမယ့်ကျွန်တော်ကတော့ပြောင်းပြန်! #ပြီးခဲ့တဲ့အပတ် *[အခန်းဆက်] တွေ့ရတာဝမ်းသာပါတယ်။ ဖက်တီးနင်ဂျာလို့ခေါ်ပါတယ်။ * ကိုဖတ်ပြီးကြပြီလား။


ဝိတ်တက်အောင်လုပ်နည်းတွေနဲ့ပတ်သက်ပြီးဖော်ပြမိတ်ဆက်ပေးသွားချင်ပါတယ်!


ဝိုးးးးဆိုပြီး လန့်မသွားကြနဲ့အုံးနော်။


ဝိတ်တက်အောင်လုပ်နည်းဆိုတာအဆီတွေနဲ့ကိုယ်အလေးချိန်တက်အောင်လုပ်တဲ့ဖက်တီးနင်ဂျာလိုပုံစံဖြစ်အောင်လုပ်တာမဟုတ်ပဲကြွက်သားအလှတွေနဲ့ကိုယ်အလေးချိန်တက်အောင်ပြုလုပ်နည်း ကိုပြောပြပေးမှာပါ။


ကဲ ကျွန်တော့အကြောင်းစတင်မိတ်ဆက်ပေးပါမယ်!


ဂျပန်နိုင်ငံတောင်ပိုင်းရှိခုမမို့တိုစီရင်စုမှာမွေးဖွားခဲ့ပါတယ်။
ကျေးလက်တောရွာမှာနေထိုင်တဲ့သာမာန်ပြည်သူတယောက်ပဲဖြစ်လိမ့်မယ်လို့ထင်ခံပေမယ့်၊၆နှစ်အရွယ်မှာ ခုမမို့တိုကနေစင်ကာပူကိုပြောင်းရွှေ့နေထိုင်ခဲ့ဲပြီး နောက်ပိုင်းမှာသြစတြေးလျ၊ ထပ်ပြီး အမေရိကနိုင်ငံ……


သတိထားမိတဲ့အချိန်မှာအနည်းငယ်ထူးခြားပြီးစတိုင်ကျတဲ့ ဂျပန်လူမျိုးတစ်ယောက်ဖြစ်နေခဲ့တယ်။


သြစတြေးလျနှင့်အမေရိကမှာနေထိုင်ရင်းသတိထားမိတဲ့အချက်ရှိခဲ့တယ်။


အဲ့ဒါကတော့ ကျွန်တော်တို့အာရှလူမျိုးတွေရဲ့ခန္ဓာကိုယ်အရွယ်သေးနေခြင်းပဲဖြစ်ပါတယ်။


အနောက်တိုင်းလူမျိုုးနှင့်နှိုင်းယှဉ်ကြည့်ရင် အာရှလူမျိုးတွေကသဘာဝအားလျော်စွာအရပ်အမြင့်ကနိမ့်နေတတ်ပြီး အရပ်တူနေရင်တောင်ခန္ဓာကိုယ်ကြွက်သားထွားကြိုင်းမှုနည်းတဲ့အတွက် အာရှလူမျိုးတွေကညှပ်နေခြင်းဖြစ်တယ်ဗျ။


ဘာဖြစ်လို့အနောက်တိုင်းသားတွေကကြွက်သားများနှင့်ခန္ဓာကိုယ်လှပနေပြီးအာရှတိုင်းသားတွေကပိန်ပိန်ပါးပါးဖြစ်နေရတာလဲ?


အကြောင်းပြချက် (၁)
အခြေခံအစားအစာမတူတဲ့အတွက်ကြောင့်!

ကြွက်သားထွက်ဖို့လိုအပ်တဲ့အစားအစာ။

ကြွက်သားထွက်ဖို့လိုအပ်တဲ့အစားအစာ။

ကြွက်သားတွေရရှိဖို့အတွက်ပရိုတင်းကအဓိကလိုအပ်ချက်ပါ။
အနောက်တိုင်းသားတွေကနေ့တိုင်းလိုလိုအသားကင်၊ဟမ်ဘာဂါကိုစားသုံးလေ့ရှိပြီးပုံမှန်အားဖြင့်လဲအရည်အသွေးပြည့်ပရိုတင်းဓာတ်ကြွယ်ဝသောအစားအစာတွေကိုစားတဲ့အခွင့်အလမ်းကများတယ်။
ဒါပေမယ့်ကျွနု်ပ်တို့အာရှတိုင်းသားတွေရဲ့အခြေခံအစားအစာကဆန်(ထမင်း)……..
မြန်မာလူမျိုးတွေဖြစ်တဲ့မိတ်ဆွေတို့လည်းဆန်(ထမင်း)ကိုကြိုက်နှစ်သက်တယ်မလား။
ဆန်မှာလည်းပရိုတင်းဓာတ်ပါဝင်နေပေမယ့်ကြွက်သားတွေဖြစ်လာဖို့အတွက်အသားမှာပါတဲ့အသားပရိုတင်းဓာတ်ကပိုကောင်းပါတယ်။စိတ်မကောင်းစွာပဲကြွက်သားတွေကြီးထွားအောင်ဆန်ရဲ့ပရိုတင်းကမလုပ်ပေးနိုင်ပါဘူး။
ကျွန်တော်ကမြန်မာဟင်းလျာတွေကိုကြိုက်ပေမယ့်ကြွက်သားဖြစ်ဖို့အတွက်တော့မစွမ်းဆောင်ပေးနိုင်ပါဘူး။

နောက်တစ်ကြိမ်မှာလိုအပ်တဲ့အသိပညာနှင့်ကြွက်သားကြီးထွားအောင်လုပ်ဆောင်ရမယ့်လေ့ကျင့်ခန်းလုပ်နည်းတွေကိုမိတ်ဆက်ပေးသွားပါမယ်ဗျ။


အကြောင်းပြချက် (၂)
အားကစားခန်းကိုသွားတဲ့အလေ့အထကွာခြားချက်!


အနောက်တိုင်းသားတွေကအားကစားခန်းကိုသွားရတာကြိုက်နှစ်သက်တယ်။
ခန္ဓာကိုယ်ကျစ်လစ်အောင်လုပ်ဖို့အသိပညာတွေကအာရှတိုင်းသားတွေထက်ပိုပြီးပြည့်စုံနေတာကိုသိရှိခဲ့ရတယ်။
ကျွန်တော်အမေရိကမှာနေခဲ့စဉ်အချိန်ကအားတဲ့အချိန်တိုင်းသူငယ်ချင်းတွေစုပြီးအတူတူအားကစားခန်းသွားပြီးလေ့ကျင့်ခန်းကိုအမြဲလိုလိုလုပ်သွားလုပ်ဖြစ်ခဲ့တယ်။
အဲ့အချိန်မှာသင်ဟာ!
ကြွက်သားတွေထွက်လာဖို့ကိုပဲအာရုံစိုက်ပြီးပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမလုပ်ခဲ့ဘူးလား?
ကြွက်သားကြီးလာဖို့ဆိုပုံမှန်မျှမျှတတလေ့ကျင့်ခန်းကိုပြုလုပ်ရမှာဖြစ်ပြီးတနေရာတည်းကိုအကြိမ်ကြိမ်ပြုလုပ်ပါကကြွက်သားအနာတရဖြစ်နိုင်တဲ့အတွက်အဲ့လိုမပြုလုပ်သင့်ပါဘူး!


နောက်တစ်ကြိမ်မှာလိုအပ်တဲ့အသိပညာနှင့်ကြွက်သားကြီးထွားအောင်လုပ်ဆောင်ရမယ့်လေ့ကျင့်ခန်းလုပ်နည်းတွေကိုမိတ်ဆက်ပေးသွားပါမယ်ဗျ။


အကြောင်းပြချက် (၃)
မိန်းကလေးတွေအကြိုက်အမျိုးသားစတိုင်တွေကမတူတာကြောင့်!


မိတ်ဆွေတို့ဟောလိဝုဒ်ရုပ်ရှင်တွေကြည့်ဖူးကြမယ်လို့ထင်တယ်ဗျ။အနောက်နိုင်ငံတွေမှာDwayne Johnson(ကျွန်တော့်ရဲ့အထက်တန်းကျောင်းကစီနီယာ)လိုကြွက်သားအလှခန္ဓာကိုယ်ကအကြိုက်များပေမယ့်အာရှနိုင်ငံမှာတော့ပိန်ပြီးကျစ်လစ်တဲ့ခန္ဓာကိုယ်ကအကြိုက်များတာတွေ့ရတယ်။
ဒါကြောင့်
အနောက်နိုင်ငံသားတွေကအားကစားခန်းသွားပြီးကြွက်သားတွေနဲ့လှဖို့အာရုံစိုက်ပြီး
အာရှနိုင်ငံသားတွေကပိန်ပြီးကျစ်လစ်တဲ့ခန္ဓာကိုယ်ရဖို့အာရုံစိုက်နေကြခြင်းဖြစ်တယ်ဗျ။


ကျွန်တော်ကတော့မိန်းကလေးအကြိုက်ခန္ဓာကိုယ်ဖြစ်ချင်တာမဟုတ်ပါဘူး။


အထင်မမှားကြပါနဲ့ဗျ။


မိန်းကလေးစိတ်ပေါက်နေတယ်လို့လဲမထင်ကြနဲ့အုံးနော်။


ဂျပန်မှာနာမည်ကြီးတဲ့ကဗျာတစ်ပုဒ်ကိုမိတ်ဆက်ပေးချင်ပါတယ်။
မိတ်ဆွေတို့ကြားဖူးကြလားဗျ?
ငါသည်ယောက်ျား၊ ယောက်ျားဆန်တဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ချင်တယ်။
ငါသည်အခြားသူထက်၊ ကိုယ်တိုင်ကသဘောကျနှစ်သက်တဲ့ခန္ဓာကိုယ်ဖြစ်ချင်တယ်။
ငါသည်မှန်ကြည့်တိုင်း ခန္ဓကိုယ်ကကြွက်သားတွေကြီးထွားလာပုံကိုနေ့တိုင်းအံ့အားသင့်ချင်တယ်။


အားကီ


ရိုးရိုးရှင်းရှင်းပြောရရင်တော့ Smack Downနပန်းသမားတွေရဲ့ခန္ဓာကိုယ်ဖြစ်ဖို့ရည်ရွယ်လုပ်ဆောင်နေတယ်ဗျ။


မြန်မာလူမျိုးယောက်ျားလေးမိတ်ဆွေအပေါင်းတို့!
ကျွန်တော်နဲ့အတူတူကြွက်သားတွေနှင့်ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့ကြိုးစားကြည့်ရအောင်လားဗျ!


နောက်အပတ်မှာလည်း ဘာတွေဆက်ပြောမလဲစောင့်မျှော်ပေးကြပါအုံးဗျ!

About the author

arky

မဂၤလာပါ။ အားကီပါ။
ေက်ာင္းသားဘ၀တုန္းက အေမရိကမွာ အေပ်ာ္တမ္းလက္ေ၀ွ႔သမားလုပ္ခဲ့ပါတယ္။ ဒါေၾကာင့္ေလ့က်င့္ေရး ႏွင့္ပတ္သက္တဲ့ အသိပညာအမ်ားအျပားရရွိခဲ့ပါတယ္။
လူႀကီးမင္းတို႔ရဲ႕ ၾကြက္သားေတြဖြံ႕ျဖိဳးလာေအာင္ စားေသာက္ေနထိုင္ပံုႏွင့္ ေလ့က်င့္ပံုနည္းလမ္းမ်ားကိုမွ်ေ၀ေပးသြားမွာျဖစ္ပါတယ္!
အားကီ !!! အားကီ !!!