နှစ်သစ်ကူး Austraila မှာ ဖြစ်ပျက်ခဲ့ တဲ့ စိတ်မကောင်းဖွယ် တောမီး လောင်ကျွမ်းမှု နှင့် အတူ
သားရဲ တိရစ္ဆာန် တွေ သေဆုံးပျက်စီး ရတဲ့ သတင်း က တော်တော်ကြီးမားခဲ့ ပါတယ်။
ဒီထဲက မှ Austraila ရဲ့ အချစ်တော် Koala Bear လေး တွေ ရဲ့ သတင်းဟာ လူအများအပြားကို
စိတ်မကောင်းဖြစ်စေခဲ့တာ အသေအချာ ပါ။
ချစ်စဖွယ် မျက်နှာပေါက် လေး နဲ့ Koala ဟာ ဆိုရင် Austraila တစ် နိုင်ငံ ထဲမှာ အများဆုံးတွေ ရတဲ့ Beer လေးတွေပါ။
Koala ဟာ ဆိုရင် မတူညီ တဲ့ မျိုးနွယ်စု သုံးခု ရှိပါတယ်။
Queensland Koala ၊ New South Wales Koala နှင့် Victorian Koala ဆိုပီး အသွင်အပြင် နဲ့ နေထိုင်ရာ အရပ် အလိုက် ခွဲခြားထားပါတယ်။
အသေးဆုံး နဲ့ ချစ်ဖို့အကောင်းဆုံး Koala ဟာဆိုရင် Queensland Koala အမျိုးနွယ်ပါ။ ငွေရောင် အမွှေးအမျှင်တွေ နဲ့ ခေါင်းတို ၀က်ဝံ အမျိုးအစား ဖြစ်ပါတယ်။
Victorian Koala ကတော့ အကောင်ကြီး တဲ့ Koala မျိုးနွယ်ဖြစ်ပီး အညိုရောင် အမွှေးအမျှင် တွေ ရှိပါတယ်။
Koala ဟာ သေးငယ်တဲ့ ဦးနှောက် ကို ပိုင်ဆိုင်ထားတဲ့ နို့တိုက်သတ္တ၀ါ မျိုးနွယ်စု ၀င်ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အကြားအာရုံကို ပိုင်ဆိုင်ပီး ၊ မျက်လုံးငယ်လေးတွေ နဲ့ ချစ်ဖို့ ကောင်းတဲ့ မျက်နှာထားမျိုး ပိုင်ဆိုင်ထားတဲ့ Bear လေးတွေပါ။
ရန်လိုမှု နည်းပါးသော ၀က်ဝံ အမျိုးအစားဖြစ် ပီး အသီးအရွက်စား နို့တိုက်သတ္တ၀ါဖြစ်ပါတယ်။ ခလေး ငယ် အသံ ကဲ့သို့ သေးငယ်သော အသံ ဖြစ် အသံပြုလေ့ ရှိတယ်။
အစားစား ရာတွင် သေးငယ်သော ရှေ့သွားများဖြစ် ခွဲခြမ်းစိတ်ဖြာ ပီး အံသွားဖြစ် ကြိတ်ချေ လေ့ရှိကြသည်။
အစာကို ကြိတ်ချေ ရန် မတိုင်မှီ ပါးဖောင်းဖောင်း လေး တွေ ထဲမှာ အစာ ကို ထည့်သိမ်းတတ်ကြသည်။
အစာချေဖျက်နှုန်း နည်းပီး အဆိပ်ပါဝင်မှု များသော ယူကလစ် အရွက်များ ၏ အဆိပ်အတောက်ကို ပင် ချေဖျက် နိုင်သော အစာချေ စနစ်မျိုး ကို ပိုင်ဆိုင်ထားသည်။
အပျင်းလေးတွေ လည်း ဖြစ်တဲ့ Koala လေးတွေ က တနေ့တာ ကို နာရီ ၂၀ လောက် အိပ် တတ်ကြပါတယ်။
ရာသီဥတုနှင့် လိုက်လျောညီတွေ ဖြစ်အောင် နေထိုင်တတ်တဲ့ တိရစ္ဆာန် လေးတွေ ဖြစ်ပီး ပူနွေးတဲ့ အချိန်မှာ အပင်အောက် အရိပ်ကောင်းသောနေရာများတွင် အိပ်နေတတ်ပါတယ်။
အခြားသော နို့တိုက်သတ္တ၀ါများနည်းတူ အိတ်ဖြစ်မွေးဖွား လေ့ရှိပီး ၁၂ လ အထိ နို့တိုက်ကျွေးမှု ရှိသည်။
သက်တမ်း ၁၈ မှ ၂၀ အထိ ရှင်သန်နိုင်ပီး ၊ အမြှီး မပါသော တခု တည်းသော ၀က်ဝံဖြစ်သည်။
Koala Beer တွေ ကို 2013 ဧပြီလ မှ စတင်ပီးတော့ မျိုးတုန်းပျောက် ကွယ်နိုင်သော တိရိစ္ဆာန်များ စာရင်း မှာ စတင် ထည့်သွင်းခဲ့ပါတယ်။
Austraila နိုင်ငံ တွင်း Koala Bear လေး တွေ ကို 2013 မှ စတင် ပီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး နှင့် သားရဲ တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေ များဖြစ် နိုင်ငံတွင်းသာ မွေးမြူ ခွင့်ကို စတင်ခဲ့သည်။
ယခု အခါ Austraila အစိုးရက Koala bear တွေကို ကမ္ဘာ့ အနှံ့ အပြားမှာ မွေးမြူ နိုင်ပီ ဟု ကြော်ငြာပီး မွေးစားခွင့် လက်မှတ်များကို စတင် ရောင်းချ နေတာ တွေ့ ရပါတယ်။ (ရတယ် ဆိုရင် တကယ်ကို မွေးမှာ )
သို့သော် သတ်မှတ်ထားတဲ့ တရားဝင် စောင့်ရှောက်ရေး စင်တာများတွင်သာ ထားရှိမှာဖြစ်ပီး ၊ လေယာဉ်နဲ့ ကား မစီးပဲ မွေးလို့ ရမှာပါ။
တခါတလေ အဝေးကနေ ချစ်နေရခြင်းဟာ လည်း ချစ်ခြင်းတမျိုးပါ ပဲ။
အရမ်းချစ်နေပါပီ ဆိုရင်တော့  V Day နီးပီ ဆိုရင် ဖြစ် RS တွေ က တော့ Koala အရုပ်လေး ဖြစ်ဖြစ် ပူဆာ လို့ ရပါသေးတယ်။
အစားတလိုင်းနှင့် Resturant Owner တို့ အတွက် တစ်ခုတည်းသော မြန်မာနိုင်ငံ၏ Platform (yathar.com)
Yathar applicationdownload link(https://s.yathar.com/apps)
Download Now – https://s.yathar.com/apps
Booking လုပ်နည်း – https://youtu.be/y9Qirlq-6D4?list=PLFWJXDOqROChyclf2UDpC5xnbL1H5569o
Discount Coupon အသုံးပြုနည်း – https://you
tu.be/hWifk6dF2qw?list=PLFWJXDOqROChyclf2UDpC5xnbL1H5569o