ကျန်းမာ & အလှအပ လမ်းကြောင်းသစ်

Shwe Sagar Beauty Salon ရဲ့ တည်ထောင်သူဖြစ်တဲ့ မရွှေရီ နှင့် တွေ့ဆုံခြင်း

Question : Shwe Sagar Beauty Salon တစ်ခု စတင်ဖွင့်လှစ်ဖြစ်ဖို့ ဘယ်လို ဆုံးဖြတ်ချက်ချခဲ့ပါသလဲ ?

Answer : – အလှအပကို ဝါသနာပါတာရယ်၊ သူများကို လှအောင်လုပ်ပေးချင်တဲ့စိတ်ရယ်၊ Beauty Salon လောကကို စိတ်ဝင်စားတာရယ်ကြောင့် ဒီလောကကို ဝင်ရောက်ဖို့ ဆုံးဖြတ်ပြီး ဖွင့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

Question : လက်ရှိ ဆိုင်ကို ဖွင့်လှစ်ဖို့ အတွက် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ တွေ ကို Sharing လုပ်ပေးလို့ရမလား ?

Answer : – လက်ရှိ အခုဆိုင်လေးဖွင့်ဖို့ ပထမဆုံး သင်တန်းတွေတက်ရပါတယ်၊ ငွေရော အချိန်ရော ပေးပြီး အခြေခံအောက်ခြေကနေ စသင်ရပါတယ်။ သင်တန်းတစ်ခုတည်းပဲ မဟုတ်ပဲ နာမည်ကြီးပြီးကောင်းတဲ့ ဆရာတွေ ဆရာမတွေဆီမှာ အကုန်နီးပါးလိုက်တက်ခဲ့ပါတယ်။ တတ်ပြီးတော့လဲ ဆိုင်တန်းမဖွင့်သေးပဲ ဆရာတွေဆိုင်မှာ အကူပြန်လုပ်ပြီး အတွေ့အကြုံတွေ ယူခဲ့ပါတယ်။ ပညာတွေရဖို့ အချိန်ယူပြီး အကောင်းဆုံးဝန်ဆောင်မှုပေးရင်းနဲ့မှ တဖြည်းဖြည်းမိတ်တွေ တိုးလာတာပါ။

Question : လက်ရှိ Salon ကို ဖွင့်ထားတာ ဘယ်လောက်ကြာပြီလဲ ဖြေပေးစေချင်ပါတယ် ။

Answer : – လက်ရှိဆိုင်ဖွင့်တာ ၄နှစ်ကျော်ပြီး အဲ့အရင်က ဒီလောကထဲ စဝင်ခဲ့တာနဲ့ဆို ၈နှစ်ရှိပါပြီ။

Question : Customers တွေ အတွက် ပေးနိုင်တဲ့ ဆိုင်ရဲ့ အကောင်းဆုံး ဝန်ဆောင်မှုတစ်ခုလောက် ပြောပြပေးလိုရမလား ခင်ဗျ ။

Answer : – အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့ နည်းပညာအသစ်တွေ လေ့လာရပါတယ်။ သင်တန်းတွေလဲ ထပ်တက်ရပါတယ်။ ၁နှစ်ကို အနည်းဆုံး ၂ခု ၃ခု ထပ်တက်ပါတယ်။ ဆေးပညာတွေလဲ ပေါ်လာသမျှ အကုန်လေ့လာ ရပါတယ်။ ဧည့်သည်မေးသမျှ အကြံဉာဏ်တောင်းသမျှ ပြန်ရှင်းပြနိုင်ဖို့လဲ သေချာလေ့လာရပါတယ်။ ဆေးပစ္စည်းကောင်းတာတွေကိုပဲ ရွေးချယ်အသုံးပြုပြီး Customers တွေရဲ့ စိတ်ကြိုက်ဝန်ဆောင်မှုပေးနိုင်အောင် ကြိုးစားပါတယ်။

Question : ကိုယ်ပြင်ဆင်ပေးလိုက် လို့ လှပသွားတဲ့ Customers တွေကို မြင်ရတဲ့ ပီတိလေးကို မျှဝေပေးပါဦး ။

Answer : – ကိုယ်ပြင်ပေးလိုက်လို့ ဧည့်သည်သဘောကျသွားရင် ကိုယ်တိုင်လှသွားသလိုပဲ ပျော်ပါတယ် ပီတိဖြစ်ပါတယ်။

Question : Beauty Salon ဖွင့်ဖို့ အတွက် ပိုင်ရှင်တွေ မဖြစ်မနေသိထားသင့်တဲ့ အခြေခံ အချက်အလက်လေးတွေ ပြောပြပေးလိုရမလား ?

Answer : – Beauty Salon ဖွင့်မယ်ဆိုရင် ပိုက်ဆံတစ်ခုတည်းရှိရုံနဲ့ မရဘူးလို့ထင်ပါတယ်။ ကိုယ့်ဆိုင်မှာသုံးမယ့် ဆေးပစ္စည်းတွေ၊ Shampoo အမျိုးအစား၊ လက်ရှိခေတ်စားနေတဲ့ပစ္စည်း Brand တွေ နည်းပညာအသစ်အသစ်တွေကို နားလည်တတ်သိထားသင့်ပါတယ်။ ဆိုင်မှာရှိတဲ့ ဝန်ထမ်းတွေကိုလဲ အဲ့ပညာရပ်အသစ်တွေ ဆေးသုံးပုံသုံးနည်း နည်းစနစ်တွေကို ပြန်ပြီး သင်ကြားပြသပေးနိုင်ရပါမယ်။ ဝန်ထမ်းတွေကိုလဲ ကိုယ်တိုင် (သို့) သင်တန်းတွေတက်ခိုင်းပြီးလဲ ပညာပိုင်းဆိုင်ရာတွေ တတ်သိ သင်ပြမှသာ ပိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။

Question : Trend ဖြစ်နေတဲ့ Hairstyle တွေကို Customers တွေ အတွက် ဘယ်လို ပြင်ဆင်ပေးတတ်ပါသလဲ?

Answer : – လက်ရှိ Trend ဖြစ်နေတဲ့ Hairstyle တွေကို လေ့လာနိုင်ဖို့ ပြည်တွင်းမှာရော ပြည်ပမှာပါ သင်တန်းတွေတက်ပါတယ်။ အခုကာလမှာတော့ Online Class တွေနဲ့ အများဆုံးသင်ဖြစ်ပါတယ်။ Youtube ကနေ Hairstyle ညှပ်နည်းတွေကို လေ့လာဖြစ်ပါတယ်။ နည်းပညာအသစ်ပေါ်တာနဲ့ သင်တန်းတက်ဖြစ်ပါတယ်။

Question : Shwe Sagar Beauty Salon ရဲ့ Owner တစ်ယောက် အနေနဲ့ မိမိ ဆိုင်ကို လာမယ့် Customers တွေအတွက် ဖိတ်ခေါ်စကားလေး ပြောပေးပါဦး ။

Answer : – Shwe Sagar ကို လာခဲ့ပါလို့ ဖိတ်ခေါ်ပါတယ်

အလှအပကြိုက်တဲ့ မိန်းကလေးတိုင်း၊ ဆံပင်ကို ဘယ်လိုလုပ်ရမယ်မသိ မထိန်းသိမ်းတတ်တဲ့သူတွေလဲ အကောင်းဆုံးအကြံဉာဏ်ပေးပြီး အလှဆုံးဖြစ်ဖို့ ဝန်ဆောင်မှု ပေးနေပါပြီ။ လအလိုက်လဲ Promotion လေးတွေရှိလို့ လျော့ဈေးလေးတွေနဲ့လဲ ပြုလုပ်ပေးနေပါတယ်။ ဒီပုံစံချည်းပဲနေရတာရိုးနေလို့ အပြောင်းအလဲ အသစ်အဆန်းတွေနဲ့ အလှအပပြောင်းလဲချင်ရင် ကြွခဲ့ပါ။