ဆေးလိပ် ဖြတ်ရင် တကယ်ချောလာမှာလား ဆိုတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင် တကယ် ချောလာပါတယ်။
အရိုးရှင်းဆုံးပြောပြရရင် ဆေးလိပ်သောက်ရင် ဆေးလိပ်ငွေ့ က ပါးစပ် တစ်ခုတည်းသာ မက အပေါ်ယံ မျက်နှာအရေပြားပေါ် မှာ စွဲကျန်နေတတ်ပါတယ်။
ဆေးလိပ်ငွေ့မှာ ပါတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ အရေပြားထဲစိမ့်ဝင်ပီး အမဲစက် နဲ့ ၀က်ခြံတွေ ကို ဖြစ်စေတတ်ပါတယ်။
ဆေးလိပ်စဖြတ်လိုက်ပီ ဆိုတာနဲ့ မျက်နှာပေါ်က အမဲစက်နဲ့ ၀က်ခြံဟာ သိသိသာသာ လျော့နည်းသွားမှာပါ။ (ပိုချော လာမှာ ဆိုတာယုံပြီလား ?)
နောက်တစ်ခု ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်း နဲ့ ဓာတုအငွေ့အသက်တွေ ဟာ အရေးအကြောင်းတွေ နဲ့ အိုမင်းရင့်ရော်လွယ်စေပါတယ်။
အသားအရည်ကို ရေဓာတ်ကုန်ခမ်း လွယ်စေတဲ့ အတွက် မွဲခြောက်မှု နဲ့ အသားအရောင် မညီညာခြင်းတွေ ဖြစ်စေပါတယ်။
နှုတ်ခမ်းသား ညိုမဲခြင်းနဲ့ ပါးစပ်အနံ့ဆိုးခြင်းဟာ လည်း အချော ပျက်တဲ့ အကြောင်းအရင်းထဲပါ ကိုပါနေမှာပါ။
Covid-19 ဆိုတဲ့ ရောဂါ ဟာလည်း ဆေးလိပ်သောက်တဲ့ လူတွေ မှာ ဖြစ်နိုင်ချေ ပိုများလို့ ဆေးလိပ်ကို ဖြတ်သင့်နေတဲ့ အကြောင်းအရာပါ ပဲ။
ဆေးလိပ်သာ ဖြတ်လိုက်ရင် ကျန်းမာရေး အတွက်ရော ၊ အလှအပ ရေးရာ အတွက်ပါ ကောင်းလာတာ မို့ လို့ ဆေးလိပ်ဖြတ်ရင်း ဆက်ချော သွားမယ်။