ဥတုရာသီတောကို မှီ ဆိုပေမယ့် တောမရှိတဲ့ ရန်ကုန်မှာတော့ ရာသီဥတုသိပ် ပူတဲ့ အခါ ဘယ်လို လုပ်ကြမလဲ?
လျှပ်စစ်မီး ၂၄ နာရီ အပြည့်အ၀ ရနေတဲ့ ရန်ကုန် အတွက် အပူ အန္တရာယ်ကို ဖြေရှင်းတဲ့ နည်းလမ်းကတော့ ပန်ကာတွေ ၊ အဲယားကွန်းတွေ ပဲပေါ့။
သဘာဝ ရဲ့ အရိပ်အာဝသ ကောင်းတဲ့ သစ်ပင်ကြီးတွေ နဲ့ လတ်လတ်ဆတ်ဆတ် တိုက်ခတ်နေတဲ့ လေညင်းတွေ က အကောင်းဆုံးဆိုပေမယ့် Covid 19 ကြောင့် Home Stay နေတုန်းဆို ရင်တော့
ဘယ် အေးတဲ့ နည်းက ပိုကောင်းသလဲဆိုတာ ကို ပြောပြပါ့မယ်။
ပန်ကာ လေ က တော့ ရပ်ကွက်အပြောနဲ့ ဆို အကြောအချဉ် တွေ တက်တယ်ပေါ့ ၊ တကယ် အန္တရာယ် များတဲ့ အအေး ခံနေမှု ပါနော်။ လေဖြတ်တာ ၊ ဦးနှောက်သွေးကြောပိတ်တာ စတဲ့ လက္ခာ တွေ ကို ဖြစ်စေနိုင်ပါတယ်နော်။
အဲကွန်း ရဲ့ အအေး ဓာတ်ဟာ ဆိုရင်လည်း ကိုယ်ခံအားကို လျော့ကျစေတဲ့ အအေးမျိုးထဲ ပါဝင်နေတာ ကို ဆေးပညာသုတေသီတွေက ပြောခဲ့ဖူးကြပါတယ်။
အဲဒီတော့ နေပူက ပြန်လာရင် ချက်ချင်း ခြေထောက်ကို ရေမဆေးပါနဲ့ ၊ ရေသောက်ပါ ရေခဲရေတော့ မသောက်ပါနဲ့။
တတ်နိုင်သမျှ သစ်ရိပ်ဝါးရိပ်အောက်နေပါ။ ရေများများသောက်ပါ။ ချွေးစုပ်နိုင်တဲ့ အ၀တ်အထည်မျိုးကို ရွေးချယ်ဝတ်ဆင်ပါ။
အပူမရှပ်အောင် နေသလို၊ အအေးမပတ် အောင်လည်း ကျန်းမာရေးကို ဂရုစိုက်ပါ ချစ်သော စာဖတ်သူတို့ ။