ကိုဗစ်ကြီးကို ကာကွယ်ဖို့ လက်ဆေးရမယ်၊ mask တပ်ရမယ်၊ ၆ ပေအကွာမှာနေရမယ်ဆိုတာသိကြပေမဲ့ နောက်ထပ်တစ်မျိုး ကျန်တာကို တော်တော်များများ မသိကြပါဘူး။ အဲ့ဒါက Vape ပါ။
ဆေးလိပ်သောက်ခြင်း Vape သောက်ခြင်းက Covid-19 ကို ဖြစ်စေဖို့ အခွင့်အလမ်းပိုများပါတယ်။
Vape က အဆုတ်ထဲမှာရှိတဲ့ cell တွေကို တိုက်ရိုက်ထိခိုက်စေပါတယ်။ ဒီလိုထိခိုက်တာမျိုးက အဆုတ်ရဲ့ အလုပ်လုပ်နေတဲ့ function တွေကို လျော့ကစေပြီး အဆုတ်ကို ထိခိုက်စေပါတယ်။ Covid-19 က အဓိက အဆုတ်ကို ထိခိုက်စေတာကြောင့် Vape သောက်သုံးခြင်းကလည်း အဆုတ်ကို ထိခိုက်စေပါတယ်။
ဒါဆိုရင် Vape သောက်သုံးတာကို ရပ်သင့်လား?
ဒါက Vape သောက်သုံးတဲ့ လူငယ်တွေအတွက် နည်းနည်းတော့ warning ဖြစ်သွားစေပါတယ်။တကယ်လို့ Vape သောက်သုံးမယ်ဆိုရင် လူတွေရှိနေတဲ့နေရာမှာ မသောက်သင့်ပါဘူး။ တစ်ယောက်တည်းရှိနေတဲ့အချိန်မှာပဲ သောက်တာ အကောင်းဆုံးပါ။
Vape သောက်သုံးတဲ့လူတွေအနေနဲ့လည်း Covid-19 ကာလမှာ limit လေးနဲ့ ဖြစ်ဖြစ် သတိထားပြီး သောက်သုံးတာက အကောင်းဆုံးပါ။ Covid-19 ရဲ့ risk တွေကို သတိထားပြီး သောက်သုံးသင့်ပါတယ်။
မသောက်တာက အကောင်းဆုံးပါ တကယ်လို့သောက်မယ်ဆိုရင်လည်း သေသေချာချာလေး သတိထားပြီးသောက်သင့်ပါတယ်။