ဆေးစာ

သိမ်းထားသင့်တဲ့ ဟင်းချက်နည်းပေါင်းချုပ်

Yathar Page လေးကို အသက်သွင်းခဲ့တာ တစ်နှစ်ကျော်ကြာခဲ့ပါပြီ။ ဟိုးအရင် page စတင် အသက်သွင်းကတည်းက အခုချိန်အထိ Yathar မှာတင်ခဲ့သမျှ ဟင်းချက်နည်းတွေကလည်း အများကြီးဖြစ်နေပြီ။ အဲ့အများကြီးကို တစ်နေရာတည်းမှာ တစ်ခါတည်းကြည့်လို့ရအောင် အခုစုစည်းဖော်ပြပေးလိုက်ပါတယ်။ ဘာဟင်းချက်ရင်ကောင်းမလဲ တွေးနေတဲ့သူအတွက် ဒီအထဲကနေ ဟင်းတစ်ခွက်လောက် ချက်ဖို့နည်းရသွားရင်တောင် စုစည်းဖော်ပြရကျိုးနပ်ပါတယ်။ တခြားနေ့တွေအတွက်လည်း ခေါင်းစားနေစရာမလိုအောင် သိမ်းထားချင်တယ်ဆိုရင်တော့ ကိုယ့် wall ထဲမှာ share ပြီးသိမ်းထားလို့ရပါတယ်။ 

? ပုစွန်သုပ် ? ကြိုက်ကြလား ချစ်တို့ရေ
သာမာန်ပုစွန်သုပ်တွေနဲ့ မတူပဲ ဆန်းဆန်လေးသုပ်စားကြမယ်
✨ နည်းလမ်းလေးပြောပြမယ် ✨
?ပထမဆုံး ရေကိုဆူအောင် အရင်ကျိုထားမယ်
?ဆူပြီဆိုရင် ဆားနည်းနည်းထည့်မယ်
?ပြီးရင်တော့ ပုစွန်ကို ထည့်ပြုတ်မယ်နော်
?ပုစွန်ထည့်ပြီးပြီဆိုတာနဲ့ မီးဖိုကိုပိတ်လိုက်မယ်
?ပြုတ်ပြီးသား ပုစွန်လေးတွေကို လှီးမယ်
?ပြီးရင်တော့ Lemon Juice, Lime Juice နဲ့ orange Juice ကို ထပ်ထည့်မယ်နော်
?သခွားသီးလေးတွေထပ်ထည့်မယ်
?ကြက်သွန်နီ ထည့်မယ်
?ငရုပ်သီးစိမ်းလေးတွေထပ်ထည့်ပြီးနယ်မယ်
?ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ တစ်နာရီလောက်ထားထားမယ်
?မုန်လာဥ ထပ်ထည့်မယ်
?Olive Oil ထပ်ထည့်မယ်
?ဆားလေးနည်းနည်းထည့်မယ်
?ပြီးရင်တော့ နံနံပင်လေးအုပ်ပြီးတော့ ၁၅ မိနစ်လောက် ထားလိုက်မယ်။ ကဲ….နောက်ဆုံးတော့ ချဉ်ချဉ်စပ်စပ်လေးနဲ့ ပုစွန်သုပ်လေးကို စားလို့ရပြီ။

ကြက်သားငုံးဥ အချိုချက်
ကလေးရောလူကြီးပါ ကြိုက်တဲ့ ကြက်သားငုံးဥအချိုချက် ချက်နည်းလေးကို အခုပဲကြည့်ကြတော့မလား။ သားသားမီးမီးတွေအကြိုက်လည်းဖြစ်လို့ ကလေးတွေဟင်းမကြိုက်လို့ စိတ်ညစ်စရာလည်းမလိုတော့ဘူးနော်။ဟင်းချက်နည်းလေးကို ဒီ link https://www.facebook.com/YatharGourmet/posts/1958574214238552 လေးထဲက video လေးထဲမှာကြည့်ပေးဦးနော်။ 

ထိုင်းပဲကြာဇံသုပ်
ဝယ်ရလည်းလွယ်တဲ့အပြင် လုပ်ရတာလည်းလွယ်တော့ရှယ်ပဲချဉ်ချဉ်စပ်စပ်လေးဆိုတော့ ကိုယ်တို့မြန်မာတွေ အကြိုက်ပဲ။ မြင်တာနဲ့ သွားရည်ယိုချင်စရာလေးဆိုတော့ သုပ်စားကြည့်လိုက်ဦးနော်
ဘာတွေပါလဲဆိုတော့
ပုစွန် 
CPကြက်အူချောင်း
 ပြည်ကြီးငါး 
ပဲကြာဇံ
ငရုပ်သီးစိမ်း
သံပုရာသီး
ဟင်းခတ်မှုန့်
ငံပြာရည်
ခရမ်းချဉ်သီး
ကြက်သွန်နီ/ဖြူ
မုန်လာဥနီ
ဆလက်ရွက်
လုပ်နည်းလေးကတော့
-ပဲကြာဇံကိုပြုတ်
-ပုစွန်နဲ့ ပြည်ကြီးငါးကိုပြုတ်
-ငရုပ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကိုရောထောင်း
-သံပုရာသီးညှစ်
-ကြက်သွန်နီ လှီး
-ငံပြာရည်နဲ့ ဟင်းခတ်မှုန့် လိုသလောက်ထည့်
ပြီးတာနဲ့ နယ်လိုက်တော့နော်
ရှုးရှုးရှဲရှဲ နဲ့ ချဉ်ချဉ်လေးကို အိမ်မှာသုပ်စားကြည့်လိုက်ကြစို့

ကြက်ဥပူတင်း အလွယ်လုပ်နည်း
အလွယ်ကူဆုံးနဲ့ အမြန်ဆုံး လုပ်စားလို့ရတဲ့ ကြက်ဥပူတင်း လုပ်စားကြမယ်လေ?
လိုအပ်တာတွေကတော့
?ကြက်ဥ ၁၀ လုံး
?နွားနို့ ၅၀ သား
သကြားအနည်းငယ်
ပြုလုပ်နည်းက
နွားနို့ ၅၀ သားထဲ ကြက်ဥ ၁၀လုံးဖောက်ထည့်ပါ
ပြီးရင် မွှေပါ။
သကြားကို ၁၀ ဇွန်းထည့်ပါ။
မွှေပါ။
ပြီးရင်တော့ အိုးအလွတ်တစ်အိုးထဲကို ရေထည့်ပါ။
ကြက်ဥမွှေထားတဲ့ အိုကို ရေထည့်ထားတဲ့အိုးထဲ ထည့်ပါ။
နာရီဝက်လောက် ကြာပြီဆို စားလို့ရပါပြီနော်။
ကဲဘယ်လိုလဲ။ မလွယ်ဘူးလား။ ကြက်ဥ ရယ် နွားနို့ရယ်ပဲ လိုတာနော်။ အိမ်က သားသားမီးမီး ကိုလည်း လုပ်ကျွေးလို့ရတယ်နော်

မြင်တာနဲ့ အာရုံကိုဖမ်းစားနိုင်တဲ့ အပ်မှိုအစပ်သုပ်
ချဉ်ချဉ်စပ်စပ်ဆိုတာ မြင်တာနဲ့ အာရုံကို အဖမ်းစားနိုင်ဆုံး အစားအစာတစ်မျိုးပါ။
ချဉ်ချဉ်စပ်စပ်လုပ်စားလို့ရတဲ့ အစားအစာတွေ အများကြီးထဲက ၀ယ်ရလည်းလွယ် လုပ်နည်းလေးလည်း လွယ်ကူတဲ့ အပ်မှိုအစပ်သုပ်လေးလုပ်နည်းလေးကို ပြောပြပါမယ်။
ပါဝင်ပစ္စည်းများ
အပ်မှို
သံပုရာသီး
ထန်းလျက်ခဲ
ငရုတ်သီးစိမ်း
ကြက်သားမှုန့်
ကြက်သွန်ဖြူ
ငံပြာရည် 

ပြုလုပ်နည်း
ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ထန်းလျက်ခဲတို့ကို ရောကျိတ်ပေးပါ။
အပ်မှိုကိုရေသေချာဆေးပြီး လိုအပ်တဲ့ အနေအထားရောက်တဲ့အထိ ပြုတ်ပေးပါ။
လိုအပ်တဲ့ အနေအထားရောက်တာနဲ့ အပ်မှိုကိုထုတ်ကာ အအေးခံပါ။
အပ်မှိုအနည်းငယ်အေးပြီဆိုတာနဲ့ ပါဝင်ပစ္စည်းအားလုံးကို အပ်မှိုနဲ့ရောနယ်လိုက်ပါ။
ဒါဆိုရင်တော့ မြင်တာနဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ အပ်မှိုအစပ်သုပ်လေးကို ရရှိပါပြီ။
လုပ်နည်းလေးကို ဒီ https://www.facebook.com/YatharGourmet/videos/1672514866177823/   video လေးထဲမှာလည်း ကြည့်ရှုနိုင်ပါတယ်။

ကြက်ခြေထောက်ချဉ်စပ်ပြုလုပ်နည်း
ချဉ်ချဉ်စပ်စပ် ကြက်အရိုးဟင်းချိုလေး လုပ်စားကြမယ်လေ။
ဘာပစ္စည်းတွေလိုအပ်လဲ?
၁ ကြက်အရိုး 
၂ ကြက်သွန်နီ ၄ လုံး
၃ ကြက်သွန်ဖြူကြီး ၄ မွှာ
၎ ငရုပ်သီးစိမ်း လက်တစ်ဆုပ်စာ
၅ နနွင်းမှုန့်
၆ ဆား
၇ သံပုရာသီး
၈ ဂျင်း

ပြုလုပ်နည်း
1️⃣️အခွံခွာထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် ဂျင်းတို့ကို ရော ထောင်း/ကြိတ် ပေးပါ
2️⃣️ ငရုပ်သီးစိမ်းကိုပါ ရော ထောင်းပါ
3️⃣ ️ပြီးရင်တော့ ကြက်အရိုးကို အိုးထဲထည့်ပါ
4️⃣️ ဆားအနည်းငယ်ထည့်မယ်
5️⃣️ ဟင်းခတ်မှုန့်အနည်းငယ်ထည့်မယ်
6️⃣️ ပြီးရင်တော့ ထောင်း/ကြိတ်ထားတဲ့ အနှစ်တွေ ယူမယ်
7️⃣️ ပြီးရင်အားလုံးကို ရောနယ်မယ်။ ဆီပါထည့်ပြီး နယ်မယ်။
8️⃣️ အိုးထဲမှာ ခဏလောက် ဆီလေးနဲ့ လုံးထားမယ်နော်
9⃣ ပြီးရင်တော့ ရေထည့်ပြီး ကြက်အရိုးကျက်ပြီဆိုတာနဲ့ သံပုရာသီးထည့်ပြီး မွှေလိုက်ရုံပဲနော်ကဲ ဘယ်လောက်တောင် လွယ်လိုက်သလဲနော်?
အခုပဲ ချဉ်ချဉ်စပ်စပ်ကြိုက်တတ်တဲ့ ကိုယ့်ဘော်ဒါကို မန်းရှင်းခေါ်လိုက်ပါဦး

ချဉ်ချဉ်ပြုံးပြုံး ကြက်သား၊ သံပုရာသီး နဲ့ ထောပတ်သီး စွပ်ပြုတ်လုပ်နည်း
ချဉ်ချဉ်ပြုံးပြုံး ကြက်သား၊ သံပုရာသီး နဲ့ ထောပတ်သီး စွပ်ပြုတ်လေးလုပ်သောက်မယ်
သံပုရာသီးလည်း ပါတော့ အီမှာလည်းမပူရဘူး၊ Vitamin C လည်းပါသေးတယ်။ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ စွပ်ပြုတ်လေးကို အခုပဲ လုပ်သောက်ကြမယ်လေ။
ပါဝင်ပစ္စည်းတွေက 
1 ကြက်သား အနည်းငယ်
2 Olive Oil
3 ကြက်သွန်နီ
4 ငရုပ်ကောင်း
5 ကြက်သွန်ဖြူ
6 ခရမ်းချဉ်သီး
7 သံပုရာသီး
8 ထောပတ်သီး

လုပ်နည်းလေးကတော့
1 မီးကို အရမ်းမပူတဲ့ အနေအထားမှာ ဆီကို အရင်ဆုံး အပူပေးထားပါမယ်။ ဆီပူလာပြီဆိုရင်တော့ ကြက်သွန်နီ၊ကြက်သွန်ဖြူကို ထည့်ထားပါမယ်။
2 ပြီးရင်တော့ ရေ၊ ကြက်သား၊ ခရမ်းချဉ်သီး၊ ဆား၊ ငရုပ်ကောင်း နဲ့ ကြက်သားမှုန့် တို့ကို ထည့်ပါမယ်
3 ပြီးရင်တော့ အဖုံးအုပ်ထားပြီး ကြက်သားကျက်တဲ့ အထိ ထားပါမယ်။
4 ကြက်သားကျက်သွားပြီဆိုရင်တော့ ကြက်သားကိုဖယ်ပြီး အသားနွှင်ရပါမယ်။ အသားနွှင်ပြီးပြီဆိုရင် အိုးထဲကို ပြန်ထည့်ပြီး သံပုရာရည်ထည့်ရပါမယ်။
5 အားလုံးပြီးပြီ ဆိုရင်တော့ ထောပတ်သီးကို လှီးထားတာလေးတွေ ထည့်ပါမယ်
ကဲ..ဒါဆိုရင်တော့ ချဉ်ချဉ်ပြုံးပြုံး စွပ်ပြုတ်လေးကို ရပါပြီနော်။
ချဉ်ချဉ်ပြုံးပြုံးကြိုက်တဲ့ ကိုယ့်သူငယ်ချင်းတွေလည်း မန်းရှင်းခေါ်ပြီး ချက်ကျွေးခိုင်းလိုက်ပါဦးနော်

Ready Made ခေါက်ဆွဲကို အထူးအဆန်းလေးလုပ်စားကြမယ်
ခေါက်ဆွဲကို ပုံမှန်ပြုတ်စားသလိုမျိုးမဟုတ်ပဲ အထူးအဆန်းလေးလုပ်စားကြမယ်??
ပါဝင်ပစ္စည်းတွေကလည်း သိပ်အများကြီးမဟုတ်ပဲ ၀ယ်ရတာလည်းလွယ်ကူတဲ့ပစ္စည်းလေးတွေဆိုတော့ အဆင်ပြေတယ်လေ
ပါဝင်ပစ္စည်းလေးတွေကတော့
?Ready-made ခေါက်ဆွဲ (ကြိုက်နှစ်သက်ရာ)
?ဂေါ်ဖီ
?မုန်လာဥနီ
?ဆီ
?ငရုပ်ကောင်းမှုန့်
?ပဲငံပြာရည်
?သကြား( အချိုမှုန့်အစား)
?ဆား
?ကြက်သွန်နီ
?ကြက်သွန်ဖြူ တို့ဖြစ်ပါတယ်ဟင်းချက်နည်းလေးကိုတော့ https://www.facebook.com/YatharGourmet/posts/1754814261281216 ဒီ လင့်လေးထဲမှာ ကြည့်လို့ရပါတယ်။

Cheese အာလူးကတ်သလိပ်လုပ်နည်း
Foodie တို့အတွက် Holiday မှာ လွယ်လွယ်ကူကူလုပ်စားလို့ရမယ့် Cheese အာလူးကတ်သလိပ်လုပ်နည်းလေးပြောပြမယ်နော်
လုပ်ရတာလည်း လွယ်တယ် စားလို့လည်းအရမ်းကောင်းတယ် ။ပါဝင်ပစ္စည်းလေးတွေကလည်း လွယ်လွယ်ကူကူဝယ်လို့ရတယ်လေ
ပါဝင်ပစ္စည်းလေးတွေကဘာတွေလဲဆိုတာ လိုက်မှတ်လိုက်ရအောင်နော်
ပါဝင်ပစ္စည်းလေးတွေကတော့
?အာလူး
?ကြက်သွန်မြိတ်
?ပေါင်မုန့်ခြောက် 
?ကြက်ဥ
?ငရုပ်ကောင်းမှုန့်
?ဆား
?Pizza ထဲထည့်တဲ့ Cheese (Mozzarella Cheese )
?ဆီ တို့ဖြစ်ပါတယ်

?ပထမဆုံးအနေနဲ့ အာလူးကို ပြုတ်လိုက်မယ် ပြုတ်ပြီးသားအာလူးတွေကို အခွံနွှာလိုက်ပါ။ အခွံနွှာထားတဲ့အားလူးတွေကို ဆားထည့်ပြီး ထောင်းလိုက် မယ်။ထောင်းပြီးရင် ပန်ကန်ကြီးကြီးတစ်လုံးထဲကို ထည့်ထားလိုက်ရအောင်နော်။
?အာလူးထဲကို ထည့်ဖို့အတွက် Cheese တွေကို အတုံးသေးသေးလေးတွေ တုံးလိုက်မယ် ။အဲ့ဒီအတုံးသေးသေးတွေကို ခုန ထောင်းထားတဲ့အားလူး တွေထဲကို ထည့်လိုက်ပါ ။cheese တွေကို အကုန်မသုံးလိုက်နဲ့ဦးနော် အား လူးအလုံးလေးတွေထဲမှာ ထည့်ပြီးကြော်ဖို့ နည်းနည်းချန်ထားလိုက်ဦး
?ပြီးရင် ကြက်သွန်မြိတ်လေးတွေကို သေးသေးလေးတွေလှီးလိုက်မယ် ။လှီးပြီးသွားရင် ထောင်းထားတဲ့အားလူးထဲကို ထည့်ပြီး အားလုံးရောနယ်လိုက်ပါ
?နယ်ပြီးသွားရင် cheese လေးတွေကို အာလူးထဲမှာထည့်ပြီးလုံးဖို့အတွက် လက်တစ်ဆစ်လောက် အတုံးလေးတွေ တုံးထားလိုက်မယ်နော်။
?နောက်တစ်ဆင့်ကပေါင်မုန့်ခြောက်မှုန့်တွေကို ပန်ကန်လုံးတစ်ခုထဲကိုထည့်ပြီး ငရုပ်ကောင်းမှုန့် နဲ့ဆားနည်းနည်းထည့်ပြီး နှံ့စပ်အောင်မွှေလိုက်ပါ
?အာလူးလုံးလေးတွေနှစ်ပြီးကြော်ဖို့အတွက် ကြက်ဥတွေကို ခေါက်ပြီးပန်ကန်လုံးတစ်ခုထဲမှာထည့်ထားလိုက်မယ်နော်
?အားလုံးပြီးသွားရင် ခုန လက်တစ်ဆစ်စာလောက် တုံးထားတဲ့chees လေးတွေ ကို ထောင်းထားတဲ့အာလူးတွေထဲ ထည့်ပြီး မုန့်လုံး လုံးသလိုအနေတော်လေးလုံးလိုက်မယ်
?အားလူးလေးတွေလုံးပြီးသွားရင် ပထမဆုံးအနေနဲ့ ခေါက်ထားတဲ့ ကြက်ဥထဲကို နှစ်လိုက်မယ် ဒုတိယတစ်ဆင့်အနေနဲ့ ပေါင်မှုန့်ခြောက်လေးတွေနဲ့ကပ်ပြီး ပန်ကန်ပြားတစ်ခုထဲမှာထည့်ထားလိုက်မယ်
?နောက်ဆုံးအဆင့်အနေနဲ့ အိုးထဲမှာ အားလူးလုံးလေးတွေမြုပ်လောက် အောင် ဆီထည့်ပြီး ဆီပူလာအောင်တည်လိုက်မယ်ဆီပူလာရင် အားလူးလုံးလေးတွေကို ထည့်ပြီး မီးအေးအေးလေးနဲ့ကြော်ပါ မယ်။ မီးများရင် တူးတတ်လို့ မတူးအောင်နည်းနည်းဂရုစိုက်ပေးဦးနော်ဒါဆိုရင် cheese အာလူးကတ်သလိပ် မွှေးမွှေးလေးစားလို့ရပါပြီ။

ကြက်သားနာနတ်သီးချဉ်စပ်လုပ်နည်း
ကြက်သားကို ချက်စားနေကြ ပုံစံအတိုင်းမဟုတ်ဘဲ နာနတ်သီးလေးနဲ့ရောချက်မယ်လေ
နာနတ်သီးလေးကချဉ်ချဉ်လေးဆိုတော့ စားရတာ အီလည်လည် မဖြစ်တော့ဘူးပေါ့ 
နာနတ်သီးကလည်း အခုချိန်မှာပေါနေတယ်ဆိုတော့ ခက်ခက်ခဲခဲရှာစရာမလိုဘူးလေ?
ကြက်သားကလည်း ဈေးထဲသွားလိုက်ရင် အရင်ဆုံးတွေ့မိတာက ကြက်သားဆိုင်ပဲ
ဈေးထဲကိုသွား ကြက်သားလေးဝယ် နာနတ်သီးလေးတစ်လုံးလောက်ဝယ် ကျန်တာနည်းနည်းပါးပါးဝယ်ပေါ့
ဒါဆိုရင် ကြက်သားဟင်း ဆန်းဆန်းလေး တစ်ခွက် ရပြီလေ?
နောက်ဟင်းတစ်မျိုးကို ဘူးသီးဟင်းခါးလေး ချက်လိုက် ရှယ်ပဲလေ
ဒါဆို အခုပဲဈေးသွားဖို့ပြင်လိုက်တော့နော်

ပါဝင်ပစ္စည်းလေးတွေကတော့
ကြက်သား
နာနတ်သီး
ဆား
ဂျင်း
နနွင်း
ကြက်သွန်ဖြူ
Soda
ကြက်ဥ
ကြက်သွန်နီ
ငရုပ်ပွသီး
သကြားညို
ငံပြာရည်
ငရုပ်သီးကျက်မှုန့် တို့ဖြစ်ပါတယ်

ဘယ်လိုချက်ရမလဲ
ပထမဆုံး ကြက်သားတွေကို အတုံးသေးသေးလေးတွေတုံးပါမယ်။
တုံးပြီးသွားရင် ဆား ၊ချင်း၊ငရုပ်ကောင်းမှုန့်၊နနွင်းမှုန့်၊ Soda အားလုံးကိုကြက်သားထဲကို ထည့်လိုက်ပါမယ်။
အားလုံးထည့်ပြီးရင် ကြက်ဥ တစ်လုံးလောက် ခေါက်ထည့်ပြီး ရောမွှေလိုက်ပါမယ် အရသာတွေအားလုံးထည့်လို့ပြီးသွားရင် နာရီဝက်လောက် နှပ်ထားပေးလိုက်ပါမယ် 
နောက်တဆင့်အနေနဲ့ ကြက်သားတွေ အရသာဝင်လောက်ပြီဆိုရင် အတုံးလေးတွေကို တစ်တုံးချင်းစီ အသာအယာလေးထည့်ပြီး ကြော်လိုက်မယ်နော် 
ကြော်ပြီးသွားရင် ပန်ကန်တစ်လုံးထဲကို ခန ထည့်ထားလိုက်မယ်
ပြီးရင် ဒယ်အိုး ထဲ ဆီ ထည့်ပြီး ဆီပူအောင် စောင့်မယ်။ဆီပူလာပီဆိုရင် ထောင်းထားတဲ့ကြက်သွန်ဖြူ ထည့် ကြက်သွန်နီကို လေးစိပ်ခြမ်းပြီးထည့်မယ် ၊ငရုပ်ပွသီးကိုလည်း အစေ့လေးတွေထုတ်ပြီး လေးစိပ်ခြမ်းပြီးရောကြော်လိုက်မယ်
ကြော်ပြီးသွားရင် ပန်ကန်တစ်လုံးထဲကို ခဏ ဆယ်ယူထားပါမယ်
နောက်ဆုံးအဆင့်အနေနဲ့ ဟင်းရည်အတွက် ပြင်ဆင်ကြမယ် ဟင်းရည်အတွက်နာနတ်သီးကို ကြိတ်စက်နဲ့ဖော်ျထားတဲ့ အရည်ကိုထည့်ပြီး မီးဖိုမှာတည်ထားလိုက်မယ်
အရသာအတွက် သကြားညို ၊ ဆားအနည်းငယ် ၊ငံပြာရည် အနည်းငယ်၊ငရုပ်သီးကျက်မှုန့် 
အားလုံးကို ထည့်လိုက်ပါ 
ထည့်ပြီးသွားရင် ဟင်းရည်ကို ပျစ်သွားသည်အထိ မီးဖိုပေါ်မှာတည်ထားပြီး မွှေထားပေးပါ 
ဟင်းရည်ပျစ်လာပြီဆိုရင် ခုန ကြော်ထားတဲ့ ကြက်သားကြော်နဲ့ ငရုပ်ပွကြော်အားလုံးကို ရောထည့်လိုက်ပြီး နှံ့စပ်အောင်မွှေလိုက်ပါမယ်
အားလုံးပြီးသွားရင်တော့ ကြက်သားနာနတ်သီးချဉ်စပ်လေးသုံးဆောင်လို့ရပါပြီ။

ချဉ်ပေါင်ရွက်ကိုအလွယ်ဆုံးနည်းနဲ့ကြော်နည်း
ချဉ်ပေါင်ရွက်ကြော်ကို လူတော်တော်များများကြိုက်ကြမယ်ထင်တယ်နော်
ထမင်းစားရင် အချဉ်လေး အစပ်လေးပါမှ ထမင်းမြိန်တယ်ဆိုသူတွေအတွက် ချဉ်ပေါင်ရွက်ကိုကြော်ပြီး ဘူးလေးထဲမှာ ထည့်ထားလိုက်မယ်

ပါဝင်ပစ္စည်းတွေက
ချဉ်ပေါင်ရွက် 
ပုဇွန်ခြောက်မှုန့်
ကြက်သွန်ဖြူ 
ကြက်သွန်နီ
စိမ်းစားငပိ
ငရုပ်သီးစိမ်းမှုန့်(အရောင်တင်မှုန့်)
ငရုပ်သီးစိမ်း
နနွင်းမှုန့်
ဆီ 

ပါဝင်ပစ္စည်းတွေစုံပြီဆိုတော့
အားလုံးအဆင့်ဖြစ်အောင်လုပ်ထားကြမယ် ပထမဆုံးချဉ်ပေါင်ရွက်တွေကို ခြွေပြီး ရေဆေးထားမယ် ။ရေဆေးပြီး ဇကာလေးတစ်လုံးထဲမှာရေစစ်ထားလိုက်ပါ
နောက်ထပ် ကြက်သွန်ဖြူ ၊နီ ထောင်းထားမယ် ။
စိမ်းစားငပိလေးကိုလည်းပန်ကန်တစ်လုံးတည်မှာ အရည်ဖျော်ထားလိုက်မယ်
အားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့ စကြော်ရအောင်
ပထမဆုံးအနေနဲ့ထောင်းထားတဲ့ကြက်သွန်ဖြူ ၊ အနီကို ဆီသတ်မယ်
ဆီသတ်တဲ့အထဲမှာ နနွင်းမှုန့်၊ ငရုပ်သီးစိမ်းမှုန့်လေးတွေကို လိုသလောက် ထည့်ပေးလိုက်မယ်ဆီသတ်ပြီးလို့မွှေးလာပြီဆိုရင် ပုဇွန်ခြောက်မှုန့်လေးတွေထည့်ပြီး အပေါ့အငံလေးပါ တခါတည်း ထည့်လိုက်မယ်နော်
အားလုံးထည့်ပြီးပြီဆိုရင် ခုဏက ရေစစ်ထားတဲ့ ချဉ်ပေါင်ရွက်လေးတွေကိုထည့်ပြီး အိသွားအောင် တည်ထားလိုက်မယ်
ချဉ်ပေါင်ရွက်လေးတွေအိလာပြီဆိုရင် စိမ်းစားငပိဖျော်ရည်လေးကို လောင်းထည့်ပြီး အရသာလေး မြည်းကြည့်မယ်။
အဆင်ပြေသွားပြီဆိုရင် နောက်ဆုံးမှာ ငရုပ်သီးစိမ်းတောင့်လေးတွေကို အညှာခြွေပြီး အတောင့်လေးတွေအတိုင်းထည့်ပြီး မွှေလိုက်မယ်
ဆီပြန်သွားပြီဆိုရင်တော့ ချဉ်ပေါင်ရွက်ကြော်ချဉ်ချဉ်မွှေးမွှေးလေး စားလို့ ရပါပြီ

အသွင်ဆန်းနဲ့ အမြင်လန်းတဲ့ ၀က်နားရွက်ကြော်နည်း
ပုံမှန်ဟင်းတွေချက်စားနေရတာ ပျင်းလာပြီ။ ဆန်းဆန်းလေးလည်းချက်ချင်တယ်။ ချက်ပြုတ်တဲ့နည်းလမ်း အရမ်းမခက်ချင်တဲ့အိမ်ရှင်မတွေအတွက် ၀က်နားရွက်ကြော်ဆန်းဆန်းလေးလာပါပြီ။
လုပ်နည်းလေးကလည်း လွယ်တယ် ပါဝင်ပစ္စည်းတွေကလည်း ၀ယ်ရလွယ်ကူတယ်ဆိုတော့ ဘယ်လိုလဲ Foodie တို့ အခုပဲ ဟင်းချက်နည်းလေးစလိုက်ကြတော့မလား

ပါဝင်ပစ္စည်းတွေကတော့
1 . ၀က်ခေါင်းတစ်ခြမ်း
2 . ကြက်သွန်ဖြူ/နီ
3 . ငရုပ်သီး စိမ်း
4 . အရောင်တင်မှုန့််
5 . ဘန်ကောက်နံနံ
6 . မန်ကျည်းသီး
တို့ပဲဆိုတော့ အရမ်းလည်းမများဘူး ၀ယ်ရလည်းလွယ်ကူတယ်။

ချက်နည်းလေးကတော့
ပထမဆုံး ခေါင်းတစ်ခြမ်းကို နှစ်ပိုင်းပိုင်းပြီး သန့်ရှင်းအောင်လုပ်ပါမယ်။
သန့်ရှင်းပြီးသားတွေကို ၀ါးလို့ကောင်းမယ့်အနေအထားရောက်တဲ့အထိ ပြုတ်ပါမယ်။
ပြုတ်ပြီးပြီ ဆိုရင်တော့ မီးဖိုပေါ်ကချပြီးတော့ နားရွက်ကို အရှည်လိုက် ပါးပါးလေးတွေလှီးရပါမယ်။
ပြီးရင်တော့ ငရုပ်သီးရယ် ကြက်သွန်ဖြူရယ် ကြက်သွန်နီရယ်ကို ဆီနည်းနည်းထည့်ပြီးဆီသတ်ပါမယ်။
ဆီသတ်ပြီးရင် လှီးထားတဲ့ နားရွက်တွေကိုထည့်မယ်။
ပြီးရင် ငရုပ်သီးစိမ်းထည့်မယ်၊ ငံပြာရည်ရယ် မန်ကျည်းသီးအနှစ်ပျစ်ပျစ်လေးထည့်မယ်။
အရသာအတွက် အရသာမှုန့်ကို လိုသလောက်ထည့်မယ်။
အားလုံးပြီးပြီဆိုရင်တော့ ဘန်ကောက်နံနံကိုထည့်ပြီးဟင်းအိုးကိုအုပ်ထားပါ။
ပြီးရင်တော့ အားလုံးသဘောကျလောက်မယ့် ၀က်နားရွက်ကြော်ရပါပြီ။

ကြက်သားဗီယက်နမ်ကော်ပြန့်လိပ်လုပ်နည်း
ပါဝင်ပစ္စည်းလေးတွေက ဘာတွေလဲဆိုတော့
?ကြက်သား 
?ကော်ပြန့်လိပ်တဲ့အရွက် (Rice Paper Rool Kit ဆိုတဲ့ အထုပ်လေး city mart မှာဝယ်လို့ရတယ် )
?ကြွက်နားရွက် 
?ကြက်သွန်မြိတ်
?ကြက်ဥ
?ပဲကြာဇံ
ဒါတွေအားလုံးဝယ်ပြီးပြီဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်
(၁)ကြက်သား(အရိုးမပါ) ကို နုတ်နုတ်လေးတွေစဉ်းလိုက်မယ် ။ကြေညက်နေအောင်စဉ်းထားဖို့တော့လိုမယ်နော် ။ဒါမှ လိပ်တဲ့ အခါမှာ လျှံမထွက်ပဲအဆင်ပြေမှာလေ 
(၂)အဆင့်(၂) က ကြွက်နားရွက်ကို သန့်စင်အောင်ရေဆေးပြီး ၁၀ မိနစ်လောက်ရေစိမ်ထားလိုက်မယ် 
(၃)ဆင့်မြောက်က ပဲကြာဇံကို ရေစိမ်မယ် ။ပြီးရင် ကြက်သွန်မြိတ်လေးတွေကို သေးသေးလေးတွေလှီးထားလိုက်မယ်
(၄) နောက်တဆင့်အနေနဲ့ နုတ်နုတ်စဉ်းထားတဲ့ ကြက်သားထဲမှာ ကြွက်နားရွက် ကို သေးသေးလေးတွေလှီးပြီး ထည့်မယ် ။နောက်ထပ် ပဲကြာဇံကို လည်း ကပ်ကြေးလေးနဲ့ ညှပ်ပြီး ထည့်လိုက်မယ် ။နောက်တစ်မျိုးက စောစောက လှီးထားတဲ့ ကြက်သွန်မြိတ်တွေအားလုံးကို ထည့်လိုက်ပါ နောက်ဆုံးအနေနဲ့ ကြက်ဥကို ခေါက်ထည့်ပြီး သမအောင် ရောမွှေလိုက်မယ် 
(၅)နောက်တစ်ဆင့်က ကော်ပြန့်လိပ်လိုက်ရအောင်။ ဘယ်လိုလိပ်မလဲဆိုတော့——-
ကော်ပြန့်မလိပ်ခင် ကော်ပြန့်ရွက် ကို ပျော့ပျော့လေးဖြစ်သွားအောင် ရေဆွတ်လိုက်မယ် ။ပြီးတော့မှစောစောက ရောမွှေထားတဲ့အစာပလာတွေကို ထည့်ပြီး ဖြည်းဖြည်းလေး လိပ်လိုက်မယ်
(၆)အားလုံးလိပ်ပြီးသွားပြီဆိုရင်တော့ ဆီပူထဲထည့်ပြီး ကြော်လို့ရပါပြီ
ကော်ပြန့်လိပ်လေးတွေကို ပေါက်မသွားအောင် ဖြည်းဖြည်းလေး မွှေပြီး ကြော်ပါ
အထဲက ကြက်သားတွေကျက်လောက်ပြီဆိုရင်တော့ ကြက်သား Vietnam ကော်ပြန့်လိပ်လေး ရပါပြီနော်
ကော်ပြန့်လိပ်လေးတွေကို Sauce လေးနဲ့ တို့စားလိုက်ရင်တော့ တကယ့်ကို အရသာရှိပြီး မွှေးနေတာပဲ။

ဂျပန်စတိုင်ဝက်သားကြော်နည်း
Anaimo ဆိုင်က ဂျပန်စားဖိုမှူးကိုယ်တိုင်ကြော်ပြထားတဲ့ နည်းဆိုတော့ 
ဂျပန်စတိုင်စစ်စစ်ပဲနော်။ ဂျပန်စတိုင်ဆိုပေမယ့် လုပ်ရလည်း လွယ်ကူတယ်။ 
ပါဝင်ပစ္စည်းတွေကလည်း ၀ယ်ရလွယ်ကူတယ်။
ဒီ menu ရဲ့ နာမည်က Tonkatsu လို့လည်းခေါ်တယ်။ အရင်ဆုံး ပါဝင်ပစ္စည်းတွေကို ပြောပြမယ်။
၁ ဆား၊ ငြုပ်ကောင်းမှုန့်
၂ ၀က်သားလိုင်းသား
၃ ဂျုံမှုန့်
၎ ကြက်ဥ
၅ ပေါင်မုန့်ခြောက်
၆ Mustard တို့ပဲနော်။

လုပ်နည်းလေးစလိုက်ကြရအောင်
ပထမဆုံး → ၀က်သားလိုင်းသားကို မထူမပါးလေးလှီးမယ်။
?ဘေးအသားလေးတွေကို ဓားနဲ့မွှန်းပြီး ဆားနဲ့ ငြုပ်ကောင်းမှုန့်ဖြူးမယ်
?ပြီးရင် ဂျုံမှုန့် ကပ်မယ်။
?ဂျုံမှုန့်ကပ်ပြီးရင် ကြက်ဥမွှေထားတဲ့အထဲကို နှစ်လိုက်မယ်။
? ကြက်ဥထဲက ပြန်ထုတ်ပြီး ဂျုံမှုန့်ထပ်ကပ်မယ်။
?ဂျုံမှုန့်ထဲကပ်ပြီးသားကို ကြက်ဥနှစ်ထဲပြန်ထည့်မယ်။
?ပြီးရင်တော့ ပေါင်မုန့်ခြောက်ကပ်မယ်။
?ပေါင်မုန့်ခြောက်ကပ်ပြီးရင် ဆီအပူချိန် ၁၇၀ မှာ ကြော်မယ်။
?အသားအထူအပါးပေါ်မူတည်ပြီး ကျက်မယ့် အချိန်ကကွာသေးတယ်နော်။
?ဆီအမြုပ်ထွက်လာပြီဆိုတာနဲ့ ဆယ်လို့ရပါပြီ။
?ပြီးရင် စက္ကန့် ၃၀ လောက် ဆီစစ်ပါ။
အားလုံးပြီးရင်တော့ Mustard ရယ်၊ ဂေါ်ဖီတို့ဆလပ်တို့နဲ့ တစ်ခါတည်းပြင်ပြီး ထမင်းနဲ့ စားလို့ပါပြီ။

Spicy Tuna Fish Cake လုပ်နည်း
☘️Fish Cake လုပ်ဖို့အတွက် ဘာတွေလိုလဲ ကြည့်ရအောင်
အာလူး(အလုံးကြီးကြီး)
Tuna ငါးသေတ္တာ
ကြက်ဥ
ကြက်သွန်နီ
ပေါင်မုန့်ခြောက်မှုန့် 
ကြက်သွန်ဖြူ
ဆား
ငရုပ်ကောင်း 
သံလွင်ဆီ
ဟင်းခတ်မှုန့် တို့ပဲဖြစ်ပါတယ်နော် ။

☘️Cake လေးလုပ်ကြမယ်
?ပထမဆုံးအနေနဲ့အခွံနွှာထားတဲ့ အာလူးတွေကို ဆားထည့်ပြီး နူးနေအောင် ပြုတ်လိုက်မယ် ။
ပြုတ်ပြီးသွားတာနဲ့ အားလူးတွေအားလုံးကို ကြေနေအောင်နယ်ထားလိုက်ပါ ။
?ဒုတိယအဆင့်က ငါးသေတ္တာကို အရည်မပါအောင်စစ်ပြီးကြေမွအောင်နယ်လိုက်မယ်။?တတိယအဆင့်အနေနဲ့ ငါး ၊ ကြက်ဥ၊ ထောင်းထားတဲ့ ကြက်သွန်နီ ၊အဖြူ ၊ပေါင်မုန့်ခြောက်မှုန့်၊ ဟင်းခတ်မှုန့်၊ ငရုပ်ကောင်း ၊ဆား စတဲ့ အရသာတွေအားလုံးကို ရောထည့်ပြီး သမအောင်ရောမွှေလိုက်ပါ။
?နောက်ဆုံးအဆင့်အနေနဲ့ ရောနယ်ထားတဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို အနေတော် အလုံးလေးတွေလုံးပြီး ကြော်လိုက်မယ်။
Spicy tuna fish cake လေးကို စားလို့ရပါပြီ။

ရှူးရှူးရှဲရှဲ ထိုင်းစတိုင် ကြက်ကြော်ကြော်နည်း
ရှူးရှူးရှဲရှဲနဲ့ ထမင်းမြိန်စေဖို့က မင်မင့်တာဝန် ချက်ဖို့ပြုတ်ဖို့က Foodie တို့တာဝန်ပိတ်ရက်မှာ ဘာဟင်းချက်ရမလဲ တွေးနေသူတွေအတွက် မင်မင်က ရှူးရှူးရှဲရှဲနဲ့ ထမင်းမြိန်စေမယ့် ဟင်းချက်နည်းတစ်မျိုးပေးမယ်။
ထိုင်းစတိုင်ဆိုတော့ ရှူးရှူးရှဲရှဲလေးဖြစ်နေမှာ အသေအချာပဲနော်။

ပါဝင်ပစ္စည်းတွေက
ကြက်ရင်ပုံသား 
ကြက်ဥ                     ၂ လုံး
ပေါင်မုန့်ခြောက်မှုန့်      ၁ ခွက်
ငရုပ်သီးမှုန့်                စားပွဲတင်ဇွန်း ၁ ၀က်
Vegetable oil   
ကြက်သွန်ဖြူ             ၂ မွှာ
သကြားညို                ၂ ဇွန်း
Soy sauce               ၃ ပုံ ၁ ပုံ
ငရုပ်ဆီ                     ၁ ဇွန်းခွဲ( အစပ်သိပ်မကြိုက်ရင် လျော့ထည့်လို့ရပါတယ် )
Creamy Peanut Butter  စားပွဲတင်ဇွန်း ၁ ဇွန်း
ဂျင်း                          ၁ လက်မခန့်
ရေ                          အနည်းငယ်
ကော်မှုန့်                  ၁ ဇွန်း
နံနံပင်                      ၂ ဇွန်း

လုပ်နည်းလေးကတော့
အိုးထဲကို ဆီ ၁ လက်မခွဲလောက်ထိထည့်ပြီး အပူပေးထားပါ။
ကြက်ဥကို ပန်းကန်ထဲထည့်ပါ။
ပေါင်မုန့်ခြောက် နဲ့ ငရုပ်သီးမှုန့်ကို ရောပြီး နောက်ထပ်ပန်းကန်ပြားတစ်ချပ်ထဲထည့်ပါ။
ကြက်သားကို တစ်ချောင်းချင်းဖြစ်အောင်လှီးပြီး ကြက်ဥထဲကို နှစ်ပါ။
ပြီးရင် ပေါင်မုန့်ခြောက်နဲ့ ငရုပ်သီးမှုန့်ရောထည့်ထားသော ပန်းကန်ထဲကို ထည့်လိုက်ပါ။
ပြီးရင်တော့ ဆီပူပူထဲကို ထည့်ကြော်လိုက်ပါ။Sauce ကို လုပ်ဖို့ ကြက်သွန်ဖြူ၊ သကြားညို၊ soy sauce၊ နံနံပင်၊ peanut butter ၊ ဂျင်း၊ ရေနဲ့ ကော်မှုန့်တို့ကို ရောပြီးသေချာမွှေပါ။Sauce ရရင် နောက်ထပ်အိုးတစ်အိုးနဲ့ sauce ကို မီးအပူနည်းနည်းပေးပြီး ဆူပွက်လာအောင်ထားပြီး ဆူလာရင် မီးအပူရှိန်ကိုလျော့ပါ။ sauce နည်းနည်းပြစ်တယ်ထင်တဲ့အခါ ရေအနည်းငယ်ထပ်ရောပေးပါ။
ပြီးရင်တော့ ကြက်သားကြော်ထားတာကို sauce ထဲကိုထည့်ပြီး သေချာမွှေပေးပါ။
အားလုံးပြီးရင်တော့ ထမင်းပန်းကန်ထဲကိုထည့်ပြီး တစ်ခါတည်းစားနိုင်ပါပြီနော်။
ထိုင်းစတိုင် ရှူးရှူးစပ်စပ်ကြိုက်တဲ့ ကိုယ်သူငယ်ချင်းတွေကိုလည်း မန်းရှင်းခေါ်ပြီး လုပ်ကျွေးခိုင်းလို့ ရပြီလေ။

ပုစွန်ကြွပ်ကြော်မွှေးလုပ်နည်း
ပုစွန်ဆိုတာ တော်တော်များများကြိုက်ကြတဲ့အပြင် စားရတာအရမ်းကောင်းလို့ ချက်စားဖို့အတွက် သိမ်းထားသင့်တဲ့ ဟင်းချက်နည်းတစ်မျိုးပါ။
ဟင်းချက်နည်းမပြောပြခင် သတိထားသင့်တဲ့အချက်က
ပုစွန်ကြွပ်ကြော်မွှေးလုပ်ဖို့အတွက် coarse salt လို့ခေါ်တဲ့ ဆားတစ်မျိုးကို သုံးပေးသင့်ပါတယ်။
Sichuan peppercorn  လို့ခေါ်တဲ့ ၀ှားကျောင်းစေ့(အထုံစေ့) အစား ငြုပ်ကောင်းမှုန့်ကို အသုံးပြုနိုင်ပါတယ်။သဘာဝအရသာအတိုင်းရချင်ပါက ၀ှားကျောင်းစေ့(အထုံစေ့) ကို အသုံးပြုတာပိုကောင်းပါတယ်။

ပုစွန်ကြွပ်ကြော်မွှေးထဲမှာ ဘာတွေပါလဲ…
ချီးချောင်းထုတ်ပြီးသား ပုစွန်– 300 g
ဆား —————————– ½ tsp
ဂျင်း —————————— တစ် တက်
ဆန်မှုန့် ————————– ¼ cup
အထုံစေ့ ———————— 1tsp ( City Mart မှာ ၀ှားကျောင်းစေ့ဆိုပြီး ၀ယ်လို့ရပါတယ်)
ဆီ
ကြက်သွန်ဖြူ ——————- 2 မွှာ(နုတ်နုတ်စင်း)
ကြက်သွန်မြိတ် —————– ၁ စီး( အဖြူပိုင်းကို နုတ်နုတ်စင်းပါ)
ငြုပ်သီးစိမ်း ——————— ¼
ငြုပ်သီးအနီ ——————— ¼

ပြုလုပ်နည်း
ပုစွန်ကို ဆား၊ လှီးထားသောဂျင်းတို့ဖြင့်နယ်ပြီး ၁၅ မိနစ်ခန့်ထားပါ။
ဆားနှင့် ၀ှားကျောင်းစေ့( အထုံစေ့) တို့ကို မီးအေးအေးဖြင့် ၁ မိနစ်ခန့်လှော်ပါ။
ပြီးလျှင် အမှုန့်ဖြစ်အောင် ကြိတ်ပါ။
ဆန်မှုန့်နှင့် လှော်ထားသော အမှုန့်ကို ရောလိုက်ပါ။
ရောထားသော အမှုန့်ထဲသို့ ပုစွန်ကိုထည့်ပြီး နယ်ပေးပါ။
ဆီကို အပူပေးပြီး ပုစွန်ကို အိုးထဲထည့်ကာ တစ်ဖက်ကို ၁ မိနစ်ခန့်ကြော်ပါ။
ပုစွန်ကြော်ပြီးလျှင် အိုးထဲမှ ဆီနည်းနည်းခပ်ထုတ်ပါ။
ဆီအနည်းငယ်ကျန်တဲ့အိုးထဲသို့ ကြက်သွန်ဖြူ၊ ငြုပ်သီး အစိမ်း၊အနီ၊ ကြက်သွန်မြိတ်လှီးထားသော အပိုင်းများကို ထည့်ပါ။
ပုစွန်ကို အိုးထဲသို့ပြန်ထည့်ပြီး ဆားအနည်းငယ်၊ ငြုပ်ကောင်းမှုန့်အနည်းငယ်တို့ကိုထည့်ပြီး ရောလိုက်ပါ။
နောက်ဆုံးမှာတော့ အနံ့အရသာပြည့်စုံတဲ့ ပုစွန်ကြွပ်ကြော်မွှေးကို သုံးဆောင်နိုင်ပါပြီ။

ချဉ်စပ်ဟင်းရည်လုပ်နည်း
ချဉ်စပ်ဟင်းရည်လိုမျိုး ဟင်းရည်လေးကို ထမင်းစားရင်း သောက်ပေးတာက ထမင်းကို သာမာန်ထက်ပိုစားနိုင်ပါတယ်။ ချဉ်ချဉ်စပ်စပ်ဟင်းရည်တွေ အများကြီးထဲက အားလုံးနဲ့လည်း မစိမ်းတဲ့အပြင် သာမာန်ထက်ပိုလွယ်ကူတဲ့လုပ်နည်းတွေနဲ့  တုန်ယမ်းဟင်းရည်ကောင်းကောင်းလေးတစ်ခွက် ပြုလုပ်လို့ရမည့် နည်းလမ်းလေးကို ပြောပြချင်ပါတယ်။
ပါဝင်ပစ္စည်းများ
 ရေ                   – ၃ ခွက်
ပုစွန်(သို့)ကြက်သား – ၁၅ ကျပ်သား
ခရမ်းချဉ်သီး            – ၂ လုံး
သံပုရာသီး              – သံပုရာသီး၏အချဉ်ပေါ်မူတည်ပြီး ၄-၆ လုံး
ငရုပ်သီးစိမ်းအနီ      – ၈ တောင့်
မှို                           – လက်တစ်ဆုပ်
ရှောက်ရွက်             – ၈ရွက်
စပါးလင်                 – ၂ တက်
ဂုဏ်မင်း                 – တစ်လက်မခန့်
ငါးငံပြာရည်             – ၂ ဇွန်း
သကြား                   – ၁ ဇွန်း

ပြုလုပ်နည်း
ပထမဆုံး စပါးလင်၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်းအနီ၊မှို၊ဂုဏ်မင်း၊ရှောက်ရွက်၊ သံပုရာသီးတို့ကို လှီးပါ။
ရေကို ဆူအောင်တည်ပါ။
ရေဆူလျှင် လှီးထားသော စပါးလင်၊ ဂုဏ်မင်း နှင့် ရှောက်ရွက်တို့ကို ထည့်ပါ။
၅ မိနစ်ခန့်ကြာလျှင် ပုစွန်ကိုထည့်ပါ။
လှီးထားသော ငရုပ်သီးစိမ်းအနီကို ထည့်ပါ။
၅ မိနစ်ခန့်ကြာလျှင် မှိုကိုထည့်ပါ။
၂ မိနစ်ခန့်ကြာလျှင် ခရမ်းချဉ်သီးကိုထည့်ပါ။
၅ မိနစ်ခန့်ကြာလျှင် ငါးငံပြာရည်ကို ထည့်ပါ။
ငံပြာရည်ထည့်ပြီးလျှင် သကြားထပ်ထည့်ပါ။
အရေးကြီးဆုံး အချက်အနေနဲ့ ကိုယ်ကြိုက်နှစ်သက်လောက်မည့် အနေအထားရောက်သည်အထိ သံပုရာသီးကို ညှစ်ပါ။
နောက်ဆုံးမှာ အရမ်းကို အရသာရှိလှတဲ့ တုန်ယမ်းဟင်းရည်ကောင်းကောင်းတစ်ခွက်ကို ရရှိမှာဖြစ်ပါတယ်။

မိုးရာသီရဲ့ အသည်းနှလုံးကြော်နည်း
မိုးရာသီရဲ့ အသည်းနှလုံးကို ဘယ်လိုကြော်မလဲ
မိုးရာသီရဲ့ အသည်းနှလုံးလေးကို သိပါသလား။ မိုးရာသီဆိုတာ ဖားနဲ့ ခွဲလို့မရအောင် အလွန်လိုက်ဖက်လွန်းတဲ့အရာကြောင့် ဖားကို မိုးရာသီရဲ့ အသည်းနှလုံးလေးလို့ ပြောတတ်ကြပါတယ်။မိုးရာသီမှာ ဖားဟင်းနဲ့ ကြက်သားဟင်း မလဲနိုင်လောက်အောင် ဖားသားကလည်း စားလို့အရမ်းကောင်းပါတယ်။ဖားကို ချက်နည်းတွေအများကြီးထဲကမှ ပုံမှန်ချက်နေကြပုံစံတွေနဲ့ ကွဲထွက်နေတဲ့ ဖားကြော်နည်းလေးကို ပြောပြပါမယ်။
အရမ်းကိုလွယ်ကူတဲ့နည်းလမ်းလေးကတော့…
ပါဝင်ပစ္စည်းလေးတွေက
ဖားခြေထောက် ၁၂ ချောင်း
ကြက်ဥ ၂ လုံး
သံပုရာရည်
နံနံပင် (လှီးထားသော)
ပေါင်မုန့်ခြောက်
ဆား
ငရုပ်ကောင်း
ဆီ
တို့ပဲ ဖြစ်ပါတယ်။

ဘယ်လိုလုပ်ရမလဲ….
အရင်ဆုံး ဆီပူအောင်ထားပါ။
ဖားကို အပေါ်အရေခွံချွတ်ပြီး သေချာဆေးပါ။
ရေဆေးပြီးလျှင် သံပုရာရည်၊ ဆား၊ ငရုပ်ကောင်းတို့ကို ဖားနဲ့ရောနယ်ပါ။
ပြီးလျှင် ခေါက်ထားသောကြက်ဥထဲသို့ ဖားကိုနှစ်ပါ။
ပြီးလျှင် ပေါင်မုန့်ခြောက်ထဲ ထပ်နှစ်လိုက်ပါ။
အားလုံးပြီးလျှင် ဆီပူပူထဲသို့ ထည့်ပြီး ၄ မိနစ်ကြာတဲ့အခါ ဖားများကို ဆယ်လိုက်ပါ။
ဆီဆစ်ပြီးလျှင် ပူပူမွှေးမွှေးလေးနဲ့ ဖားပေါင်သားကြော်ကို စားလို့ရပါပြီ။

ဆီလုံးဝမလိုတဲ့ ကြက်တောင်ပံကြော်နည်း
ဆီလုံးဝမသုံးပဲ ကြက်တောင်ပံကြော်လို့ရတယ်ဆိုတာ ယုံပါသလား။ တကယ်ကို ဆီလုံးဝမသုံးပဲ ကြက်တောင်ပံကိုကြော်လို့ရပါတယ်။ ဒီလို ဆီမသုံးပဲ ကြက်တောင်ပံကြော်နည်းက သာမာန်ကြက်ကြော်တွေနဲ့ မတူပဲ အရေခွံနဲ့ အသားလေးကလည်း အိအိလေးဖြစ်နေတာပါပဲ။ စားလိုက်ရင်လည်း အရသာက တမူထူးခြားကွဲပြားလို့ အမြဲတမ်းကြိုက်နေရတာပါ။ ကြက်တောင်ပံကိုမကြိုက်လို့ ပေါင်သားနဲ့အစားထိုး ကြော်ချင်တယ်ဆိုရင်လည်း ကြော်လို့ရပါတယ်။ အဓိကက ကြော်နည်းလေးကိုသိရုံနဲ့တင် ကိုယ်ကြိုက်တဲ့အသားကို အစားထိုးကြော်လို့ရပါတယ်။ ဒါဆိုရင်တော့ ကြက်တောင်ပံကြော်နည်းလေးကို ဘယ်လိုကြော်မလဲ သိချင်နေပြီ ထင်ပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်တောင်ပံ   – ၃၀ ကျပ်သား( လိုသလောက် )
ပဲငံပြာရည် – ထမင်းစားဇွန်း ၁ ဇွန်း
ခရုဆီ – ထမင်းစားဇွန်း ၁ ဇွန်း
ဂျင်းမှုန့် – ကွမ်းသီးဝက်ခန့် ( ကြက်သားများလျှင် များများပိုထည့်ပါ )
Sprite – ၂ ဗူး
ကြက်တောင်ပံကြော်ကို ဆီမလိုပဲ ကြော်မယ့်နည်းလမ်းက Sprite နဲ့ကြော်တာပါ။
ကြက်သားကို ဂျင်း၊ ငံပြာရည်၊ ခရုဆီ နဲ့ နှံ့အောင် နယ်ပါ။
နယ်ပြီးပါက တစ်ခုခုနှင့်အုပ်ပြီး ရေခဲသေတ္တာထဲမှာ ၂ နာရီခန့်နှပ်ထားပါ။
ကြော်မယ့်အိုးကို မီးဖိုပေါ်အရင်တင်ပြီး အပူနည်းနည်းပေးလိုက်ပါ။
ပြီးရင် ကြက်သားကို ထည့်လိုက်ပါ။
နောက်ဆုံးမှာ Sprite များကို လောင်းထည့်လိုက်ပါ။
ထည့်ထည့်ချင်းမှာ အမြုပ်လေးများတက်လာပါလိမ့်မယ်။
Sprite များ ခမ်းတဲ့အထိ ကြော်ပါ။
အိုးမကပ်အောင်တော့ ဂရုစိုက်ပေးဖို့ လိုပါမယ်။
မီးအေးအေးနဲ့ကြော်ရင် ပိုကောင်းပါတယ်။
Sprite များခမ်းသွားရင် ကြက်သားများကို ပန်းကန်ထဲထည့်ပြီး
Mayonnaise ( မရောနိစ့် ) သို့မဟုတ် ကြိုက်နှစ်သက်ရာ Sauce နှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။ 

အခုဖော်ပြပေးခဲ့သော ဟင်းချက်နည်းများကို နှစ်သက်ပါက သို့မဟုတ် ကိုယ်တိုင်ချက်ပြုတ်လိုပါက မိမိ wall ထဲသို့ share ခြင်းအားဖြင့် သိမ်းထားနိုင်ပါသည်။