“ သီတင်းကျွတ် ည ပြန်လည်က အမှတ်ရ မိပါတယ် ”
ရန်ကုန်မှာ သီတင်းကျွတ်နဲ့ အတူပါလာတာက
ဆီမီးပူဇော်ပွဲ နဲ့ ရေကျော်သီတင်းကျွတ် မီးထွန်းပွဲ ပဲ ဖြစ်ပါတယ်.
အမှတ်တရ ပုံ ရိပ်တွေ က တနှစ်မှ တကြိမ် ဆုံရတာ ဖြစ်ပါတယ်
ငယ်ဘဝ ရဲ့ အမှတ်တရတွေ ကို ပြန်လည် တမ်းတမိတာ မျိုး..
အသက်၊ ဝါ ကြီး သူ ကို ဂါရဝ ပြု ကန်တော့ရင် မုန့်ဖိုး တောင်း ခဲ့တာမျိုး.. သူငယ်ချင်းတွေနဲ့ အတူတူ ဗျောက်အိုး ဖောက်တာ၊ ငရဲမီး ဆော့ခဲ့တာ မျိုး၊ အများကြီးပဲ အမှတ်ရစရာ ဆိုတာတွေ ရှိမယ်!
သီတင်းကျွတ် ရဲ့ အမှတ်တရ ပုံ ရိပ် အချို့ ကို ဝေမျှ လိုက်ပါတယ်.
ဆီမီးထွန်းရင်း ကုသိုလ်ယူကြမယ်
ရဟတ်စီးမယ် ပင်လယ်ဓားမြ လှေ လည်း စီးမှာ
ပွဲ ခင်းထဲ က Sample လေး တွေ လိုက်မြည်းကြမယ်
ထူးထူး ခြားခြား အစား အစာ တွေစားကြမယ် ထူးခြား တိရစ္ဆာန် တွေ ကြည့် ကြမယ်
လူမျိုး ဘာသာ မရွေး ပျော်ရွှင်ကြတယ့် ပွဲတော်တခု
မြို့ ထဲကို လည် လည် သွားကြမယ်
ဒါနောက်ဆုံး ရန်ကုန်မြို့ ရဲ့ အနှစ်သာရ ဖြစ်တယ့် ခမ်းနား တဲ့ မြို့တော်ခန်း မ ကြီး
မြန်မာတို့ ၏ ချစ်စဖွယ် ဓလေ့ ထုံးတမ်း လေး ကို ပုံဖော်ရင်း ပျော်ရွှင်ဖွယ် သီတင်းကျွတ်အချိန် အခါလေး ဖြစ်စေကြောင်း Yathar အဖွဲ့အစည်း ၏ ဝိုင်းတော်သား များက ဆုတောင်းပေးလိုက်ပါတယ်