ကျန်းမာ & အလှအပ

ဝိတ်ချတော့မယ်… (စိတ်ကူးထားရင်)

Work From Home နဲ့ သင်္ကြန်ပိတ်ရက်တွေကြားထဲမှာ ကျန်းမာတဲ့ဝက်ကလေးတွေကနေ ကျန်းမာတဲ့ဝက်ကြီးတွေမဖြစ်ရလေအောင် စားလဲစားမယ် ၀ိတ်လဲချမယ်လေ…

အိမ်အပြင်မထွက်ရတော့ လုပ်စရာကဘာရှိလဲဆို အားလုံးတစ်ညီတစ်ညွှတ်ထဲထောက်ခံကြတာက စားလိုက်၊ အိပ်လိုက်၊ ဖုန်းသုံးလိုက် ပါပဲ။ စားလဲစားနေချင်တယ် ၀ိတ်လဲမတက်ချင်ဘူးဆိုရင်တော့ အသီးလေးတွေကို များများစားပေးဖို့ အကြံပြုပေးပါရစေနော်။ အသီးလေးတွေကရေဓာတ်အပြည့်ပါတာများတော့ တကယ်ကိုကောင်းကျိုးတွေက ပြောမကုန်နိုင်အောင်ပါပဲ။

ဒါဆို ၀ိတ်ကျစေတဲ့ အသီးလေးတွေက ဘာတွေဖြစ်မလဲဆို ဆက်ဖတ်ကြည့်လိုက်ကြရအောင်နော်…

အခုနည်းလမ်းလေးတွေက အသီးစားရတာကြိုက်တဲ့သူတွေအတွက်ဆို အရမ်းအဆင်ပြေပြီးတော့ မြန်မြန်ဆန်ဆန်ဝိတ်ကျစေမှာပါ။ဈေးထဲကနေ အလွယ်တကူလဲဝယ်လို့ရတယ် စားလို့လည်းကောင်းတယ် တကူးတကလည်း  ဘာမှလုပ်စရာမလိုဘူးဆိုရင် ပိုလို့တောင်အဆင်မပြေဘူးလားနော်။

ဒါဆိုပြောပြတော့မယ်

၁။ ပန်းသီး
အသီးဆိုင်တွေမှာ အများအားဖြင့် အမြဲတမ်းတွေ့နေရတတ်တာကတော့ ပန်းသီးလေးတွေပါ။ အရသာတကယ်ကောင်းပြီး ဈေးလေးလည်းသက်သာပါတယ်။ ကလေး လူကြီး အကုန်လုံးနီးပါးကြိုက်နှစ်သက်ကြပြီးတော့ လက်ဆောင်ပေးတဲ့နေရာတွေမှာလည်း ချစ်စရာကောင်းတဲ့ပန်းသီးလေးတွေက မပါမဖြစ်ကိုပါတတ်ကြပါတယ်။ ကျန်းမာရေးရှုထောင့်ဘက်ကကြည့်ရင်လည်း ပန်းသီးတွေရဲ့ ကောင်းကျိုးက ပြောမကုန်သလို အလှအပရေးရာဘက်မှာလဲ သူက စွမ်းလို့နေပါသေးတယ်။

ပန်းသီးမှာ ကယ်လိုရီလည်းနဲနဲပဲပါတယ်။ပြီးတော့ အမျှင်ဓာတ်တွေတော်တော်လေးကိုကြွယ်တယ်။ပန်းသီးကိုဖျော်ရည်လိုလုပ်သောက်မယ်ဆိုရင်လဲ ဆာလောင်မှုကိုလျော့ကျစေတယ်လို့လဲ သုတေသနမှတ်တမ်းတွေအရသိရပါတယ်။ပန်းသီးကို saladလိုလုပ်စားလို့လဲရသလို ချက်ပြုတ်စားသောက်လို့လဲရပါတယ်။ အလွယ်နည်းဆိုရင်တော့ ဒီအတိုင်းစားပါ။ ဆာတယ်ဆိုတိုင်း ပန်းသီးစားပေးပါ။ ၇ရက်အတွင်းမှာ သိသာတဲ့ ရလာဒ်တစ်ခုကိုရလာပါလိမ့်မယ်လို့ သုတေသီတွေကဆိုပါတယ်။

၂။လိမ္မော်သီး

လိမ္မော်သီးကလဲ ပန်းသီးလိုပဲ ကယ်လိုရီနဲပြီးတော့ အမျှင်ဓာတ်တွေအများကြီးပါတဲ့ အသီးတစ်ခုပါ။ဗီတာမင်စီလဲအပြည့်ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကိုလဲမြှင့်တင်ပေးပါတယ်။

လိမ္မော်သီးကိုဖျော်ရည်လဲလုပ်သောက်ကြပါတယ်။ ဒါပေမယ့် လေ့လာမှုတွေအရကတော့ လိမ္မော်ရည်သောက်တာထက် ဒီအတိုင်းအစိပ်လိုက်စားတာက ပိုပြီး ကိုယ်အလေးချိန်ကြစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ဒါဆို လိမ္မော်သီးစားရင်းနဲ့ ၀ိတ်ချလို့ရပြီးနော်။

၃။ဌက်ပျောသီး

ဝိတ်ချချင်တဲ့လူတော်တော်များများက ဌက်ပျောသီးကို ကယ်လိုရီပါဝင်မှုများတယ်ဆိုပြီး ရှောင်တတ်ကြပါတယ်။ဒါပေမယ့်ဌက်ပျောသီးမှာ ပိုတက်စီယမ်၊မဂ္ဂနီဆီယမ်၊အမျှင်ဓာတ်တွေ နဲ့ ဗီတာမင်ဓာတ်တွေအများကြီးပါဝင်ပါတယ်။နေ့တိုင်းဌက်ပျောသီးစားပေးခြင်းဖြင့် သွေးအတွင်းက ကိုလက်စထရော တွေကို လျော့ကျစေပါတယ်။ကျန်းမာတဲ့ဝိတ်ကျနည်းဖြစ်ချင်ရင် ဌက်ပျောသီးအမြဲစားပါ။ သူ့မှာပါတဲ့ဓာတ်တွေက ကျန်းမာတဲ့ဝိတ်ကျနည်းကိုဖြစ်ပေါ်စေပါတယ်။

၎။ထောပတ်သီး

ထောပတ်သီးတစ်ဝက် (၁၀၀ ဂရမ်) မှာကယ်လိုရီ ၁၆၀ ပါဝင်ပြီး အများအားဖြင့် အသီးတွေထဲမှာ ကယ်လိုရီအများဆုံးအသီးတစ်ခုဖြစ်ပါတယ်။ကယ်လိုရီနှင့်အဆီပါဝင်မှုများသော်လည်းထောပတ်သီးက ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်လို့ပြောရင် အံ့သြသွားကြမလား…အဓိက ၀ိတ်တက်ရတာက ထောပတ်သီးကြောင့်မဟုတ်ပဲ ထောပတ်သီးဖျော်ရည်ထဲမှာ ပါတဲ့ နို့ဆီ၊သကြားစတာတွေနဲ့ ရောဖျော်တာတွေကြောင့် ၀ိတ်တက်တာပဲဖြစ်ပါတယ်။ ထောပတ်သီးကို ဒီအတိုင်းစားသုံးတဲ့နည်းနဲ့လည်း ၀ိတ်ချလို့ရပါတယ်။ထောပတ်သီးစားသုံးခြင်းသည် အစားစားချင်စိတ်ကို လျော့ချပေးပါတယ်။ နောက်ပြီးထောပတ်သီးက အလှအပအတွက်ဆို တကယ်ကိုအသုံးဝင်တဲ့အသီးတစ်ခုပဲဆိုတာ မမှားဘူးနော်။ မျက်နှာ ၊ဆံပင် ၊ ပေါင်းတင်တာတွေ အခု ၀ိတ်ချတာတွေအထိပါသုံးလို့ရတယ်ဆိုတော့ သူရဲ့ အစွမ်းကတော့ အံ့မခန်းပါပဲ။

၅။Grape Fruit

သူကတော့ လိမ္မော်သီးမျိုးနွယ်ဝင် အသီးတစ်ခုပဲဖြစ်ပါတယ်။နေ့တိုင်းသောက်သုံးပေးခြင်းဖြင့် ကိုယ်ခန္တာအတွက် vit-c  ၆၅ ရာခိုင်နှုန်းအထိကို ပေးစွမ်းနိုင်ပါတယ်။ဒါတွေအပြင် ဂလူးကို့စ်အညွှန်းကိန်း (GI) လည်းနိမ့်ပါတယ်။ဆိုလိုတာကသကြားဓာတ်ကိုသင့်၏သွေးကြောထဲသို့ဖြည်းဖြည်းမှန်မှန်ပြန်လွှတ်ပေးပါတယ်။ GIနိမ့်သောအစားအစာဟာ ကိုယ်အလေးချိန်ကျခြင်းနှင့်ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းကိုအထောက်အကူပြုပါတယ်။ဒါကြောင့် ဖျော်ရည်လေးလုပ်သောက်ပြီး ၀ိတ်ချလို့ရပါတယ်။

အခုပြောပြပေးခဲ့တဲ့ အသီးလေးတွေက တကယ်လဲစားလို့ကောင်းပြီး ၀ယ်ရတာလဲလွယ်ကူတယ်။ ဈေးလဲမကြီးဘူးနော်။ ရာသီမရွေးရနေတဲ့အသီးလေးတွေဖြစ်လို့ပိုလို့တောင် အဆင်ပြေပါသေးတယ်။ ထောပတ်သီးကတော့ သူ့ရာသီလေးရောက်ဖို့ နဲနဲတော့စောင့်ရတာပေါ့နော်။ 

ကျန်းမာတဲ့ဝက်ကလေးတို့ရေ အသီးလေးတွေစားပြီး အခုထက်ပိုပိုပြီး လှပနိုင်ကြပါစေ။ ကဲ အခုပဲ သူငယ်ချင်းအချင်းချင်း လက်တို့ပြီး အခုနည်းလမ်းလေးအကြောင်းလေးပြောပြရင်း ၀ိတ်ချကြရအောင်။

About the author

A Shay Gyi (trigers)

အမည် - Tigers noppo no komuro aka (အရှည်ကြီး)
အလုပ်အကိုင် - ဟာသလူရွှင်တော်
အသက် - ၃၀ နှစ်
ဂျပန်နိုင်ငံchibaပြည်နယ်မှာမွေးဖွားပြီးအနုပညာသက်တမ်း(၁၂)နှစ်အတွင်း၂၀၁၈ခုနှစ်၁၀လပိုင်းတွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး အနုပညာလုပ်ငန်းများကိုစတင်လုပ်ကိုင်ခဲ့ပါသည်။