ကျန်းမာ & အလှအပ

ချွေးပေါက်ကျယ်တာတွေ ပျောက်တော့မယ်တဲ့

ဒီတစ်ခါတော့ အစားအသောက်အကြောင်းတွေထက် အစားအသောက်နဲ့ အလှအပဘယ်လိုထိန်းမလဲ ပြောပြမယ်။ ဘယ်သူမဆို လှချင်နေတဲ့ ဒီခေတ်ကြီးထဲမှာ ချွေးပေါက်ကျယ်လို့ အလှပျက်နေတာကို စိတ်ညစ်မိတဲ့ သူတွေရှိတယ်ဟုတ်။ ဒါ့ကြောင့် ချွေးပေါက်ကျယ်တာ၊ နေလောင်တာ၊ အမဲစက်များကို ပျောက်အောင်လုပ်ပေးနိုင်တဲ့ နည်းလမ်းဆိုတော့ အိမ်မှာ အခုပဲ လုပ်ကြည့်ကြမယ်လေ။

ဘာပစ္စည်းတွေပါမလဲ….
သခွားသီးအရည်        – ခွက် ၁ ၀က်
သံပုရာသီးအရည်       – လက်ဖက်ရည်ဇွန်း ၁ ၀က်
Vitamin E capsules – 2 ခု ( ခြောက်သွေ့ပြီး ထိခိုက်လွယ်တဲ့ အသားအရည်အတွက်) 
သို့မဟုတ်
ပျားရည်                    – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ( အဆီပြန်ပြီး combination skin သမားများအတွက်)
လျှားစောင်းလက်ပတ် Gel – လက်ဖက်ရည်ဇွန်း ၄ ဇွန်း

ဘယ်လိုလုပ်မလဲ
ပထမဆုံး သခွားသီးအရည်နဲ့ မျက်နှာကို လိမ်းပေးပါ။ ပိုတဲ့ သခွားသီးအရည်ကို ခွက်ကြီးကြီးတစ်ခုထဲကို ထည့်ထားပါ။ ပြီးလျှင် သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ၀က်၊ Vitamin E ၂ လုံး ( ခြောက်သွေ့ပြီး ထိခိုက်လွယ်တဲ့ အသားအရည်အတွက်) သို့မဟုတ် ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ( အဆီပြန်ပြီး combination skin သမားများအတွက်)၊ လျှားစောင်းလက်ပတ် Gel  လက်ဖက်ရည်ဇွန်း ၄ ဇွန်းတို့ကိုထည့်ပါ။

ပါဝင်ပစ္စည်းအားလုံးကို ရောမွှေပါ။ ပြီးလျှင် ရေခဲသေတ္တာထဲမှာ ၆ နာရီကြာထည့်ပြီး အခဲလေးဖြစ်သွားအောင်လုပ်ပါ။ ရေခဲဖြစ်သွားလျှင် ရေခဲသေတ္တာထဲမှ ထုတ်ပြီး မျက်နှာပေါ်မှာ ၅ မိနစ်ခန့် scrub လုပ်ပေးပါ။ ၁၀ မိနစ်ခန့်ထားပြီးလျှင် ရေဖြင့် သေချာစွာဆေးကြောပေးပါ။

လျှားစောင်းလတ်ပတ်က အသားအရည်ကို အေးမြစေပြီး အသားအရည်ကို ရေဓါတ်ဖြည့်ပေးစေတဲ့ PH level ကို ထိန်းညှိပေးပါတယ်။ အသားအရည်ကိုလည်း ပိုပြီးကြည်လင်လာစေပြီး အသားအရည်ကိုလည်း အားဖြည့်ပေးပါတယ်။ 

ပါဝင်ပစ္စည်းလေးတွေကလည်း အိမ်မှာ အလွယ်တကူရနိုင်တဲ့ အပြင် ပိုက်ဆံအများကြီးမကုန်ပဲ Homemade နည်းလေးနဲ့ လုပ်လို့ရတယ်ဆိုတော့ အခုပဲ အိမ်မှာ လုပ်ပြီး အသားအရည်ကို ထိန်းသိမ်းကြမယ်လေ။ ဒီနည်းလမ်းလေးကို မေ့မသွားအောင်  share လုပ်ပြီး wall ထဲမှာ သိမ်းထားလိုက်ဦးနော်။