အိမ်မှာပဲ ကိုယ်တိုင် ဝက်တစ်နေလှန်းကြော်လုပ်စားနည်းကို သိချင်နေကြပြီလား။ဆိုင်မှာဆို စားကောင်းလွန်းလို့ ဘယ်မှပွဲမှာမှာလောက်ကိုမဝဘူး။ အခုတော့ ဒီနည်းလမ်းလေးကို သိသွားပြီဆိုတော့ ကိုယ်တွေလို ဝက်တစ်နေလှန်းကြော်အရမ်းကြိုက်ကြတဲ့သူတွေအတွက် အိမ်မှာပဲ အဝလုပ်စားလို့ရပြီလေ။ အဲ့တော့ ဝက်တစ်နေလှန်းခြောက်ကြော်လေးကို ဘယ်လိုလုပ်မလဲ သိချင်နေကြပြီလား။ ဒါဆိုရင် ဖတ်ကြည့်လိုက်ကြစို့နော်။
ပါဝင်ပစ္စည်းများ
ဝက်အသားချည်းပဲ 500 grams
တရုတ်နံနံပင်အမြစ် ၄ ခု (သို့) ၅ ခု
ကြက်သွန်ဖြူအကြီး ၃ မွှာ ( သို့) ၄ မွှာ
ငရုပ်ကောင်းအမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
နှမ်း( မထည့်လည်းရ) စားပွဲတွင်ဇွန်း ၃ ဇွန်း (သို့) ၄ ဇွန်း
ပြုလုပ်နည်း
ဝက်သားကို လက်တစ်လုံးအရွယ် အမြှောင်းလေးတွေဖြစ်အောင် လှီးပါ။ကြက်သွန်ဖြူနှင့် တရုတ်နံနံပင် အမြစ်ကို လှီးပြီး အနှစ်ဖြစ်တဲ့အထိ ငရုတ်ဆုံဖြင့် ထောင်းပါ။ပြီးလျှင် ပါဝင်ပစ္စည်းအားလုံး( ဝက်သားမပါ) ကို ခုဏက အနှစ်နဲ့ရောမွှေပါ။ ပြီးလျှင် ဝက်သားကိုထည့်ပြီး နယ်လိုက်ပါ။နေလှန်းပြီး မစားချင်သူတွေအတွက် ဝက်သားကို ကြာကြာနှပ်ထားပါ။နေလှန်းပြီးမှ စားချင်သူတွေအတွက် အခန်းအပူချိန်အတိုင်း ၁ နာရီခန့်ထားပါ။ပြီးမှ နေအပူချိန်ပေါ်မူတည်ပြီး ၂ နာရီကနေ ၄ နာရီအတွင်း ဝက်သားကို နေလှန်းထားပါ။နေလှန်းထားတုန်း အနည်းဆုံး ၂ ခါလောက်တော့ အခြေအနေကို သွားကြည့်ပေးပါ။ပြီးရင် နေလှန်းထားသော ဝက်သားခြောက်ကို ယူပြီး ဆီပူပူလေးနှင့်ကြော်လို့ရပါပြီ။အရောင်လှလှလေး ထွက်လာရင် ဝက်သားများကို ပြန်ဆယ်ပြီး ကြိုက်နှစ်သက်ရာ sauce နှင့် တွဲဖက်စားသုံးနိုင်ပါပြီ။
ဒီလိုမျိုးလွယ်ကူတဲ့ နည်းလမ်းတွေနဲ့ စားချင်စဖွယ် ဟင်းချက်နည်းတွေကို အမြဲတမ်းတင်ဆက်ပေးနေတဲ့ ဟင်းချက်နည်းများကို အမြဲတမ်းဖတ်ရှုချင်တယ် ဆိုရင်တော့ Yathar page လေးကို like လုပ်ထားဖို့တော့လိုမယ်နော်