ကမ္ဘာပေါ်မှာ သရဲနဲ့ပက်သက်ပြီး Youtube Channel တော်တော်များများရှိကြပါတယ်။ သရဲကားကြိုက်တတ်တဲ့သူတွေနဲ့ သရဲကို စိတ်ဝင်စားတဲ့သူတွေလည်း တော်တော်များများ ရှိကြပါတယ်။ အဲ့လိုပဲ သရဲကားကြိုက်တတ်ပေမဲ့ သရဲကိုကြောက်တတ်တဲ့ ( အာလူးကြော် ထုတ်ကြားထဲက သရဲကား ချောင်းကြည့်တတ်တဲ့ ) သူတွေလည်း အများကြီးရှိပါတယ်။ သရဲကို စိတ်ဝင်စားတဲ့သူတွေအတွက်လည်း ကမ္ဘာပေါ်က နေရာအမျိုးမျိုးမှာ သရဲနဲ့ ပတ်သက်ပြီး channel အမြောက်အများရှိကြပါတယ်။ အဲ့ထဲကမှ ကမ္ဘာတစ်ဝှမ်းမှာ နာမည်အကြီးဆုံးနဲ့ ကြောက်စရာအကောင်းဆုံး Youtube Channel တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁ LiveScifi – Haunted Paranormal Videos
LiveScifi Channel ဟာ 2017 November လကတည်းက စတင် တည်ထောင်ထားတဲ့ Channel တစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ တကယ့်သရဲတွေ၊ သိပ္ပံနည်းအရဆို အဖြေမထုတ်နိုင်တဲ့ video တွေ၊ သရဲတွေကို video ထဲကနေ စောင့်ဖမ်းတာမျိုးတွေ၊ Live ဖြင့် သရဲစောင့်ဖမ်းတာမျိုးတွေကို တင်ပြလေ့ရှိပါတယ်။ သူတို့ဟာ သရဲဖမ်းတာမျိုး၊ အြဖေရှာမရနိုင်တဲ့ သရဲအဖြစ်အပျက်မျိုး နဲ့ သရဲနှင့်ပတ်သက်တဲ့ videos အကုန်လုံးကို America နှင့် ကမ္ဘာပေါ်က တစ်ချို့နေရာတွေမှာ စောင့်ဖမ်းကြပါတယ်။ သူတို့ဟာ တစ်လကို video ၆ ခု နှုန်းနဲ့ တင်လေ့ရှိကြပါတယ်။ သူတို့ရဲ့ Youtube Channel ဟာ https://www.youtube.com/user/LIVESCIFIdotTV/videos ဖြစ်ပြီးတော့ subscribers ပေါင်း 484,128 ရှိပါတယ်။ သူတို့ ဘယ်လို စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေ တင်ထားလဲ ဆိုတာ စိတ်ဝင်စားရင်တော့ ဒီ Link လေးကို နှိပ်ပြီး subscribe လုပ်ထားလို့ ရပါတယ်။
၂ Ghost World TV
Ghost World TV က နောက်ဆုံးပေါ် သရဲဖမ်းနည်းတွေနဲ့ တကယ့်သရဲတွေကို Video ကနေတဆင့် ကြည့်ရှုသူတွေကို တင်ပြလေ့ ရှိပါတယ်။ သူတို့ဟာ ၁ လမှာ video ၁ ခု ကို တင်လေ့ရှိပါတယ်။ Ghost World TV Channel ကို 2013 March လ ကတည်းက စတင်တည်ထောင်ထားတာ ဖြစ်ပါတယ်။ အခုဆိုရင် သူတို့မှာ subscriber ပေါင်း 336,165 ရှိပါတယ်။ သူတို့ရဲ့ သရဲ video တွေ ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလဲ ဆိုတာ သိဖို့ https://www.youtube.com/user/GhostWorldTV1/videos ကနေ ကြည့်ရှု နို်င်ပါတယ်။ Channel လေးကို စိတ်ဝင်စားရင်တော့ subscribe လုပ်ဖို့ မမေ့နဲ့ဦးနော်။
၃ Michael DMagee | Paranormal Youtuber
သင်ဟာတကယ်လို့ အရမ်းမိမိုက်ပြီး အလန်းစား video တွေကို ကြည့်ချင်ရင်တော့ ဒီ Michael DMagee Channel လေး ရှိပါတယ်။ ဒီ channel လေးက ၃ လကို video တစ်ပုဒ် တင်တဲ့အပြင် 2010 November လကတည်းက စတင်ဖွင့်လှစ်ထားတဲ့ channel လေးဖြစ်ပါတယ်။ Subscriber ပေါင်း 302,015 ရှိတဲ့အပြင် သူ့ရဲ့ Video လေးတွေကို ဒီ link လေးထဲမှာ ကြည့်လို့ရပါတယ်။
ဒီ channel ၃ ခု ထဲက ဘယ် channel ကို အကြိုက်ဆုံးလဲ။ ဘယ် channel က ကြောက်ဖို့ အကောင်းဆုံးလဲ။ သူငယ်ချင်းတွေထဲမှာရော သရဲကို စိတ်ဝင်စားတဲ့သူတွေရှိရင်လည်း ဒီအကြောင်းအရာလေးတွေကို လက်ဆင့်ကမ်း ပြောပြပေးလိုက်ဦးနော်။
Yathar Application Download Link
Discount Coupon အသုံးပြုနည်း
Booking ပြုလုပ်နည်း
Zawgyi Version ဖြင့် ဖတ်ရန်
ကမ္ဘာပေါ်က ကြောက်စရာအကောင်းဆုံး သရဲ Video Channel များ
၂ Ghost World TV
Discount Coupon အသုံးပြုနည်း
Booking ပြုလုပ်နည်း