ဗိုက်ပူနေရင် အဝတ်အစားဝတ်တာက အစ သွားတာလာတာလည်း မလွတ်မလပ်နဲ့ သိပ်အဆင်မပြေကြပါဘူး။ ဗိုက်နေရာမှာ ရှိတဲ့ အဆီကိုလည်း ချဖို့က နည်းနည်းခက်ခဲပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလေးလည်း လုပ်ပေးသင့်တဲ့အပြင် ဒါလေးတွေကိုလည်း ဆောင်ထားသင့်ပါတယ်။
၁ fiber ဓါတ်ပါတာ များများစားပေးပါ
Fiber ဓါတ်က ရေထဲမှာ ပျော်ဝင်လွယ်တဲ့အပြင် အစာခြေစနစ်ကိုလည်း အားကောင်းစေပါတယ်။ Fiber ဓါတ်ပါတဲ့ အစားအစာတွေကို နေ့တိုင်းစားပေးရင် ဗိုက်မှာရှိတဲ့ အဆီတွေကို အများကြီး ခြေဖျက်ပေးနိုင်ပါတယ်။ Fiber ဓါတ် အများဆုံးပါတဲ့ အစားအစာတွေက နှမ်းကြတ်စေ့၊ ထောပတ်သီးနဲ့ blackberry သီးတွေဖြစ်ပါတယ်။
၂ အရက်အများကြီးမသောက်ပါနဲ့
အရက်ဆိုတာ နည်းနည်းပဲသောက်ရင် ကိစ္စမရှိပေမဲ့ အများကြီးသောက်မိတဲ့အခါမျိုးဆိုရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အရက်တွေအများကြီးသောက်တဲ့အခါ ခါးနားမှာ အဆီတွေကို စုလာစေပါတယ်။ အရက်ကို မသောက်တော့တဲ့အခါမျိုးဆိုရင် ခါးsize သေးလာတာ သိသာပါတယ်။ ဒါပေမဲ့ အရက်ကို အပြတ်ဖြတ်ဖို့မလိုအပ်ပါဘူး အချိန်အဆလေးနဲ့ နည်းနည်းဆီ သောက်ပေးရင်လည်း အဆင်ပြေပါတယ်။
( အရက်ကို မဖြတ်နိုင်ဘူးလေနော့် )
၃ stress တွေကို လျှော့ချပါ
Stress တွေကြောင့်လည်း ဗိုက်ပူစေနိုင်ပါတယ်။ သင်က တကယ်လို့ ဗိုက်ပူတာကို ချပ်စေချင်တယ်ဆိုရင်တော့ stress တွေကိုလည်း လျော့ချဖို့ လိုအပ်ပါသေးတယ်နော်။
၎ Coconut Oil ကို အသုံးပြုပါ
Coconut Oil က အသုံးပြုဖို့ အသင့်တော်ဆုံး ဆီဆိုရင်လည်း မမှားဘူးနော်။
Coconut Oil မှာ ပါဝင်တဲ့အဆီက အဆီကျဖို့ အတွက်ကိုလည်း အထောက်အကူပြုပါတယ်။
ဗိုက်အဆီကျချင်ရင် တစ်နေ့ကို coconut Oil ၂ ဇွန်းလောက်သောက်ပေးခြင်းက အများကြီးအထောက်အကူပြုပါတယ်။
နောက်ဆုံးအချက်အနေနဲ့ ရှောင်သင့်တာလေးတွေကို ရှောင်ပေးခြင်ဖြင့်လည်း ဗိုက်ပူခြင်းကို လျော့ချနိုင်ပါပြီ။
Yathar Application Download Link
Booking ပြုလုပ်နည်း
Discount Coupon ပြုလုပ်နည်း