ဆေးစာ

ကိုရီးယားထမင္းသုပ္ျပဳလုပ္နည္း

ကိုရီးယားထမင္းသုပ္ကို အိမ္မွာဘယ္လိုသုပ္စားမလဲ။ ကိုရီးယားထမင္းသုပ္ထဲကို ထည့္ရမယ့္ အစာပလာေတြထဲမွာ မႀကိဳက္တာရွိရင္လည္း မထည့္လို႔ရပါတယ္။

ပါဝင္ပစၥည္းမ်ား
မုန္လာဥနီ
မုန္လာဥျဖဴ
မႈိ
ပဲပင္ေပါက္
ငါးေျခာက္
ပဲျပားေၾကာ္
ၾကက္သြန္ျဖဴ
ဆား
ဟင္းခပ္မႈန႔္
ႏွမ္းဆီ

(Bibimbap ထမင္းသုပ္ ေဆာ့လုပ္ရန္ – ပါဝင္ပစၥည္းမ်ား)
ကိုရီးယား ခ်ီလီေဆာ့ – ၂ ဇြန္း (စားပြဲတင္ဇြန္း)
ႏွမ္းဆီ – ၁ ဇြန္း (စားပြဲတင္ဇြန္း)
သၾကား – ၁ ဇြန္း (စားပြဲတင္ဇြန္း)
7 up အခ်ိဳရည္ (အနည္းငယ္)
ႏွမ္း – ၁ ဇြန္း (စားပြဲတင္ဇြန္း)
ေျပာင္းဖူးရည္ -၁ ဇြန္း(လက္ဖက္ရည္ဇြန္း)
ၾကက္သြန္ျဖဴ ႀကိတ္ၿပီးသား – ၁ ဇြန္း

ျပဳလုပ္နည္း
မုန္လာဥနီ – အမွ်င္ေလးေတြ ျဖစ္ေအာင္ ဂ်စ္ျဖင့္ျခစ္ပါ ။ ဒယ္အိုးထဲ ဆီအနည္းငယ္ ထည့္ၿပီး ၾကက္သြန္ျဖဴ ႀကိတ္ၿပီးသား အနည္းငယ္ ထည့္ၿပီးေၾကာ္ပါ ။ ဆား ၊ ဟင္းခပ္မႈန႔္အနည္းငယ္ ထည့္ပါ ။ ေနာက္ဆုံး ႏွမ္းဆီ အနည္းငယ္ ျဖန္းၿပီး ဇကာထဲသို႔ ေလာင္းထည့္၍ ဆီစစ္ အေအးခံ ထားပါ ။ အရမ္းႏြမ္း သြားေအာင္ အၾကာႀကီး မေၾကာ္ပါနဲ႔ ၊ အနည္းငယ္ ႏြမ္းသြားလွ်င္ ရပါပီ ။

မုန္လာဥျဖဴ – အေပၚက နည္းအတိုင္း ေၾကာ္ပါ ။ သတိထားရန္မွာ- မ္းဆီ လုံးဝမသုံးရပါ ၊အေရာင္မဲ သြားပါလိမ့္မည္ ။ ဆား ၊ ဟင္းခပ္မႈန႔္ထည့္ ၊ သဘာဝအတိုင္း မုန္လာဥေလး ျဖဴ ေဖြးေနပါေစ ။ ဇကာထဲထည့္ၿပီး ဆီစစ္ ထားပါ ။

မႈိ – ႀကိဳက္ႏွစ္သက္သည့္ မႈိထည့္ပါ ။ ၾကက္သြန္ျဖဴ ႏွင့္ ဆား မထည့္ပါနဲ႔ (မႈိအရသာပ်က္ပါသည္) ဇကာထဲထည့္ ၊ ဆီစစ္ထားပါ ။

ပဲပင္ေပါက္ – ေၾကာ္စရာမလိုပါ ။ ေရေႏြးထဲ ၂ မိနစ္ခန႔္ထည့္ျပဳတ္ၿပီး ၊ ဆား ၊ ဟင္းခပ္မႈန႔္ ထည့္ ၊ ႏွမ္းဆီ အနည္းငယ္ ဆမ္းၿပီး ပန္းကန္ တစ္ခုထဲ ထည့္ထားပါ ။

ပဲျပား – ႀကိဳက္လွ်င္ အတုံးေလးေတြ တုံးၿပီး ဆီးျဖင့္ ေၾကာ္ကာ ဇကာျဖင့္ စစ္ထားပါ ။ ထမင္းသုပ္ထဲသို႔ မိမိ ႀကိဳက္ႏွစ္သက္သည့္ငါးမ်ိဳး ခန႔္သာ ထည့္သုပ္ရန္ လိုပါသည္ ။ငါးေျခာက္ ႀကိဳက္လွ်င္ ထည့္ႏိုင္ပါသည္ ။

(Bibimbap – ထမင္းသုပ္ေဆာ့ ျပဳလုပ္နည္း)
ကိုရီးယား ခ်ီလီေဆာ့ ၊ ႏွမ္းဆီ ၊ သၾကား ၊ 7 up အခ်ိဳရည္ ၊ ႏွမ္း ၊ ေျပာင္းဖူးရည္ ၊ ၾကက္သြန္ျဖဴတို႔ပါဝင္ပါတယ္ ။ Bibimbap Sauce ကို ျပဳ လုပ္ရာတြင္ ပုံတြင္ ျပထားသည့္အတိုင္း ျပစ္ျပစ္ေလး ျပဳလုပ္ရပါတယ္ ။ 7up အခ်ိဳရည္ျဖင့္ အျပစ္အႀကဲကို လိုသလို ျပဳလုပ္သြားပါ ။

ၿပီးလွ်င္ ပုံတြင္ ျပထားသည့္ အတိုင္း အလွဆင္၍ စားသုံးႏိုင္ပါၿပီ ။

Unicode

ကိုရီးယားထမင်းသုပ်ပြုလုပ်နည်း

ကိုရီးယားထမင်းသုပ်ကို အိမ်မှာဘယ်လိုသုပ်စားမလဲ။ ကိုရီးယားထမင်းသုပ်ထဲကို ထည့်ရမယ့် အစာပလာတွေထဲမှာ မကြိုက်တာရှိရင်လည်း မထည့်လို့ရပါတယ်။

ပါဝင်ပစ္စည်းများ
မုန်လာဥနီ
မုန်လာဥဖြူ
မှို
ပဲပင်ပေါက်
ငါးခြောက်
ပဲပြားကြော်
ကြက်သွန်ဖြူ
ဆား
ဟင်းခပ်မှုန့်
နှမ်းဆီ

(Bibimbap ထမင်းသုပ် ဆော့လုပ်ရန် – ပါဝင်ပစ္စည်းများ)
ကိုရီးယား ချီလီဆော့ – ၂ ဇွန်း (စားပွဲတင်ဇွန်း)
နှမ်းဆီ – ၁ ဇွန်း (စားပွဲတင်ဇွန်း)
သကြား – ၁ ဇွန်း (စားပွဲတင်ဇွန်း)
7 up အချိုရည် (အနည်းငယ်)
နှမ်း – ၁ ဇွန်း (စားပွဲတင်ဇွန်း)
ပြောင်းဖူးရည် -၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
ကြက်သွန်ဖြူ ကြိတ်ပြီးသား – ၁ ဇွန်း

ပြုလုပ်နည်း
မုန်လာဥနီ – အမျှင်လေးတွေ ဖြစ်အောင် ဂျစ်ဖြင့်ခြစ်ပါ ။ ဒယ်အိုးထဲ ဆီအနည်းငယ် ထည့်ပြီး ကြက်သွန်ဖြူ ကြိတ်ပြီးသား အနည်းငယ် ထည့်ပြီးကြော်ပါ ။ ဆား ၊ ဟင်းခပ်မှုန့်အနည်းငယ် ထည့်ပါ ။ နောက်ဆုံး နှမ်းဆီ အနည်းငယ် ဖြန်းပြီး ဇကာထဲသို့ လောင်းထည့်၍ ဆီစစ် အအေးခံ ထားပါ ။ အရမ်းနွမ်း သွားအောင် အကြာကြီး မကြော်ပါနဲ့ ၊ အနည်းငယ် နွမ်းသွားလျှင် ရပါပီ ။

မုန်လာဥဖြူ – အပေါ်က နည်းအတိုင်း ကြော်ပါ ။ သတိထားရန်မှာ- မ်းဆီ လုံးဝမသုံးရပါ ၊အရောင်မဲ သွားပါလိမ့်မည် ။ ဆား ၊ ဟင်းခပ်မှုန့်ထည့် ၊ သဘာဝအတိုင်း မုန်လာဥလေး ဖြူ ဖွေးနေပါစေ ။ ဇကာထဲထည့်ပြီး ဆီစစ် ထားပါ ။

မှို – ကြိုက်နှစ်သက်သည့် မှိုထည့်ပါ ။ ကြက်သွန်ဖြူ နှင့် ဆား မထည့်ပါနဲ့ (မှိုအရသာပျက်ပါသည်) ဇကာထဲထည့် ၊ ဆီစစ်ထားပါ ။

ပဲပင်ပေါက် – ကြော်စရာမလိုပါ ။ ရေနွေးထဲ ၂ မိနစ်ခန့်ထည့်ပြုတ်ပြီး ၊ ဆား ၊ ဟင်းခပ်မှုန့် ထည့် ၊ နှမ်းဆီ အနည်းငယ် ဆမ်းပြီး ပန်းကန် တစ်ခုထဲ ထည့်ထားပါ ။

ပဲပြား – ကြိုက်လျှင် အတုံးလေးတွေ တုံးပြီး ဆီးဖြင့် ကြော်ကာ ဇကာဖြင့် စစ်ထားပါ ။ ထမင်းသုပ်ထဲသို့ မိမိ ကြိုက်နှစ်သက်သည့်ငါးမျိုး ခန့်သာ ထည့်သုပ်ရန် လိုပါသည် ။ငါးခြောက် ကြိုက်လျှင် ထည့်နိုင်ပါသည် ။

(Bibimbap – ထမင်းသုပ်ဆော့ ပြုလုပ်နည်း)
ကိုရီးယား ချီလီဆော့ ၊ နှမ်းဆီ ၊ သကြား ၊ 7 up အချိုရည် ၊ နှမ်း ၊ ပြောင်းဖူးရည် ၊ ကြက်သွန်ဖြူတို့ပါဝင်ပါတယ် ။ Bibimbap Sauce ကို ပြု လုပ်ရာတွင် ပုံတွင် ပြထားသည့်အတိုင်း ပြစ်ပြစ်လေး ပြုလုပ်ရပါတယ် ။ 7up အချိုရည်ဖြင့် အပြစ်အကြဲကို လိုသလို ပြုလုပ်သွားပါ ။

ပြီးလျှင် ပုံတွင် ပြထားသည့် အတိုင်း အလှဆင်၍ စားသုံးနိုင်ပါပြီ ။