ပါဝင္ပစၥည္း
ရွမ္းခ်ဥ္ – 100g
ထမင္း – ၁ လုံး
ပုစြန္ – ၁၀ သား
CPၾကက္အူေခ်ာင္း – ၂ ေခ်ာင္း
ဂဏန္းေခ်ာင္း – ၂ ေခ်ာင္း
ဝက္အူေခ်ာင္း – ၅ က်ပ္သား
ပဲျပား – (၁)ဝက္
မုန္လာဥနီ(ႀကီး) – (၁)ဝက္
ဘိုစားပဲ – ၅ ေတာင့္
ပန္းပြင့္ – အနည္းငယ္
မုန႔္ညင္းထုပ္ – အနည္းငယ္
ၾကက္သားမႈန႔္ – ၁ဇြန္း(စားပြဲတင္)
ပဲငံျပာရည္အၾကည္ – ၁ဇြန္း(စားပြဲတင္)
ပဲငံျပာရည္အေနာက္ – ၁ဇြန္း(စားပြဲတင္)
သၾကား – ၁ဇြန္း (လက္ဖက္ရည္)
ၾကက္သြန္ျဖဴ – ၅ မႊာ
င႐ုတ္ပုေထာင္း – အနည္းငယ္
င႐ုတ္ေကာင္း – အနည္းငယ္
ၾကက္သြန္ၿမိတ္ – အနည္းငယ္
ၾကက္ဥ
ျပဳလုပ္နည္း
ပုစြန္ကို အခြံခြာ ေခ်းထုတ္ ေရေဆးထားပါ ။
ၾကက္အူေခ်ာင္း ၊ ဝက္အူေခ်ာင္း ၊ ဂဏန္းေခ်ာင္း ၊ အသီးအ႐ြက္ ၊ ရွမ္းခ်ဥ္တို႔ကို လွီးထားပါ ။ထမင္းကို ၾကက္သားမႈန႔္ အနည္းငယ္ျဖင့္ နယ္ထားပါ ။
ဝက္အူေခ်ာင္း ၊ ၾကက္ဥကို ေၾကာ္ၿပီး ဆယ္ ထားပါ ။
အိုးထဲသို႔ ဆီ ၃ဇြန္းခန႔္ထည့္ၿပီး ၊ ပူလာလွ်င္ ၾကက္သြန္ျဖဴ ဓားျပား ႐ိုက္ထည့္ပါ ။ ပုစြန္ထည့္ပါ ။ င႐ုတ္ပု ေထာင္းထည့္ပါ ။ ၾကက္အူေခ်ာင္း ၊ ဂဏန္းေခ်ာင္း ၊ ပဲျပားထည့္ပါ ။ ခဏေမႊၿပီးလွ်င္ ရွမ္းခ်ဥ္ ထည့္ပါ ။
၂ မိနစ္ေလာက္ေနလွ်င္ အသီးအ႐ြက္မ်ား ထည့္ပါ ။ သၾကား ၊ ပဲငံျပာရည္အၾကည္ ၊ အေနာက္ ၊ၾကက္သားမႈန႔္ ထည့္ၿပီး ေမႊပါ ။
အသီးအ႐ြက္မ်ား ရလွ်င္ နယ္ထားေသာ ထမင္းထည့္ၿပီး ေမႊပါ ။
အရသာ အေနေတာ္ျဖစ္လွ်င္ ၾကက္သြန္ၿမိတ္ ၊ င႐ုတ္ေကာင္း ၊ ႏွမ္းဆီေမႊး ၂စက္ခန႔္ ထည့္၍ စားလို႔ရပါၿပီရွင္။
Unicode
ရှမ်းချဉ် ထမင်းကြော်
ပါဝင်ပစ္စည်း
ရှမ်းချဉ် – 100g
ထမင်း – ၁ လုံး
ပုစွန် – ၁၀ သား
CPကြက်အူချောင်း – ၂ ချောင်း
ဂဏန်းချောင်း – ၂ ချောင်း
ဝက်အူချောင်း – ၅ ကျပ်သား
ပဲပြား – (၁)ဝက်
မုန်လာဥနီ(ကြီး) – (၁)ဝက်
ဘိုစားပဲ – ၅ တောင့်
ပန်းပွင့် – အနည်းငယ်
မုန့်ညင်းထုပ် – အနည်းငယ်
ကြက်သားမှုန့် – ၁ဇွန်း(စားပွဲတင်)
ပဲငံပြာရည်အကြည် – ၁ဇွန်း(စားပွဲတင်)
ပဲငံပြာရည်အနောက် – ၁ဇွန်း(စားပွဲတင်)
သကြား – ၁ဇွန်း (လက်ဖက်ရည်)
ကြက်သွန်ဖြူ – ၅ မွှာ
ငရုတ်ပုထောင်း – အနည်းငယ်
ငရုတ်ကောင်း – အနည်းငယ်
ကြက်သွန်မြိတ် – အနည်းငယ်
ကြက်ဥ
ပြုလုပ်နည်း
ပုစွန်ကို အခွံခွာ ချေးထုတ် ရေဆေးထားပါ ။
ကြက်အူချောင်း ၊ ဝက်အူချောင်း ၊ ဂဏန်းချောင်း ၊ အသီးအရွက် ၊ ရှမ်းချဉ်တို့ကို လှီးထားပါ ။ထမင်းကို ကြက်သားမှုန့် အနည်းငယ်ဖြင့် နယ်ထားပါ ။
ဝက်အူချောင်း ၊ ကြက်ဥကို ကြော်ပြီး ဆယ် ထားပါ ။
အိုးထဲသို့ ဆီ ၃ဇွန်းခန့်ထည့်ပြီး ၊ ပူလာလျှင် ကြက်သွန်ဖြူ ဓားပြား ရိုက်ထည့်ပါ ။ ပုစွန်ထည့်ပါ ။ ငရုတ်ပု ထောင်းထည့်ပါ ။ ကြက်အူချောင်း ၊ ဂဏန်းချောင်း ၊ ပဲပြားထည့်ပါ ။ ခဏမွှေပြီးလျှင် ရှမ်းချဉ် ထည့်ပါ ။
၂ မိနစ်လောက်နေလျှင် အသီးအရွက်များ ထည့်ပါ ။ သကြား ၊ ပဲငံပြာရည်အကြည် ၊ အနောက် ၊ကြက်သားမှုန့် ထည့်ပြီး မွှေပါ ။
အသီးအရွက်များ ရလျှင် နယ်ထားသော ထမင်းထည့်ပြီး မွှေပါ ။
အရသာ အနေတော်ဖြစ်လျှင် ကြက်သွန်မြိတ် ၊ ငရုတ်ကောင်း ၊ နှမ်းဆီမွှေး ၂စက်ခန့် ထည့်၍ စားလို့ရပါပြီရှင်။