ဆေးစာ

အရမ်းလွယ်ကူတဲ့ ထမင်းသုပ်နည်း ၄ မျိုး

ထမင်းကို လွယ်လွယ်ကူကူသုပ်စားချင်တဲ့သူတွေအတွက် အလွယ်ကူဆုံးသုပ်လို့ရတဲ့နည်းတွေနဲ့ ထမင်းသုပ် ၄ မျိုးကို ပြောပြပေးပါမယ်။ တော်ရုံဟင်းချက်မစားချင်တဲ့အချိန်မျိုး ဒါမှမဟုတ် ဘတ်ဂျက်ထိန်းတဲ့အနေနဲ့ အိမ်မှာပဲရှိတဲ့ အစားအစာတွေနဲ့ လွယ်လွယ်ကူကူ သုပ်စားလို့ရတော့ ဒီထမင်းသုပ်နည်းလေးတွေက အားလုံးနဲ့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

ပုန်းရည်ကြီးထမင်းသုပ်

ပါဝင်ပစ္စည်း
ကြက်သွန်နီ
ငရုပ်သီးစိမ်း
နံနံပင်
ဟင်းခပ်မှုန့်
ဆား
ဆီနှင့်နယ်ထားသော ပုန်းရည်ကြီး

ပြုလုပ်ပုံ
ထမင်းဖြူထဲကို ကြက်သွန်နီ ပါးပါးလှီးပြီးထည့်ပါ။ ငရုပ်သီးစိမ်း ပါးပါးလှီးထည့်ပါ။ နံနံပင် ပါးပါးလှီးထည့်ပါ။ ဟင်းခပ်မှုန့် နှင့် ဆား ထည့်ပါ။ ဆီနဲ့နယ်ထားတဲ့ ပုန်းရည်ကြီးထည့်ပါ။ပြီးလျှင် အားလုံးရောနယ်ပီး ပန်းကန်ထဲထည့်လိုက်ပါ။ ပုစွန်ခြောက်အနည်းငယ်၊နံနံပင်၊ငရုတ်သီးစိမ်း၊ကြက်သွန်ဖြူ, ကြက်ဥကြော်၊ကြက်အူချောင်းကြော် တို့ကိုထည့်၍ စားပါ။ကြက်ဥကြော် ကြက်အူချောင်းနှင့် မစားချင်ရင် ဒီအတိုင်းစားလည်းအဆင်ပြေပါတယ်။ ကြက်စွပ်ပြုတ် ပူပူလေးနဲ့ဆို ပိုကောင်းပါတယ်။ ထမင်းသုပ်မလုပ်ခင် ပုန်းရည်ကြီးကို ဆီနဲ့ကြိုနယ်ထားပေးပါ။

ပုစွန်ခြောက်ထမင်းသုပ်

ပါဝင်ပစ္စည်း
ပုစွန်ခြောက်ထောင်း
ထမင်း
ဟင်းခတ်မှုန့်
ဆား
ခရမ်းချဉ်သီး
ပဲကြော်

ပြုလုပ်နည်း
ထမင်းဇလုံထဲသို့ ပါဝင်ပစ္စည်းများကို ထည့်ပြီးနယ်ပါ။ ပုစွန်ခြောက်ထောင်းအမှုန့်များကိုပါ ထည့်ပါ။အရသာကိုမြည်းကြည့်ပြီးနောက်ဆုံးမှာ ငံပြာရည်အနည်းငယ်ထည့်ပါ။ နောက်ဆုံးမှာ ပုစွန်ခြောက်အနည်းငယ်ကိုဖြူးပါ။ အချဉ်ကြိုက်လျှင် သံပုရာသီးအနည်းငယ်ထည့်ပါ။ နောက်ဆုံးမှာ ပုစွန်ခြောက်ထမင်းသုပ်ကို ရပါပြီ။

လက်ဖက်ထမင်းကြော်

ပါဝင်သောပစ္စည်းများ
အနည်းငယ်အေးနေသော ထမင်း – တရုတ်ထမင်းပန်းကန်လုံး ၂ လုံးစာ
ကြက်သွန် ဖြူ ၂ မွှာ
ငရုပ်သီးစိမ်း ၂ တောင့်
ခရုဆီ ထမင်းစားဇွန်း ၁ ဇွန်း
ငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
အချိုမှုန့်(သို့) သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
လက်ဖက်ညွှန့် ထမင်းစားဇွန်း ၂ ဇွန်း
ကြက်ဥ ၂ လုံး
ဆီ ထမင်းစားဇွန်း ၄ ဇွန်း

ပြုလုပ်နည်း

၁။ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ထောင်းထားပါ။ ငရုတ်ပွကို ရှည်ရှည်လှီးထားပါ။ ကြက်ဥကိုဆားအနည်းငယ်ထည့်၇ျ် ခလောက်ထားပါ။
၂။ ဒယ်အိုးထဲတွင် ဆီ ထမင်းစားဇွန်း ၁ ဇွန်းကို ထည့်ပြီး ကြက်ဥ မွှေကြော်ကြော်ပါ။ ကြက်ဥ ကျက်လျှင် ပန်းကန်တခုထဲထည့်ထားပါ။ကြက်ဥကြော်ထားသော ဒယ်အိုးထဲတွင် ဆီ ထမင်းစားဇွန်း ၄ ဇွန်းကို ထည့်ရျ် အပူပေးပါ။ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်းကိုထည့်ရျ် ဆီသတ်ပါ။ မွှေးလာလျှင်ပြောင်းဖူးကို ထည့်ပါ။ ထမင်းကို ထည့်ပါ။ ငံပြာရည် နှင့် သကြား (သို့) အချိုမှုန့်၊ခရုဆီတို့ကို ထည့်ပါ။ သမအောင်မွှေပါ။
၃။ ထို့နောက် မီးဖိုပေါ်မှချခါနီးတွင် လက်ဖက်အရွက်များကို ဖွရျ်ထည့်ပါ။ လက်ဖက်အနံ မွှေးလာလျှင် ကြော်ထားသော ကြက်ဥကိုထည့်ရျ် မီးဖိုပေါ်မှချပါ။
၄။ လက်ဖက်နံ သင်းသင်း နှင့်စားလို့အလွန်ကောင်းသော လက်ဖက်ထမင်းကြော်ကို သုံးဆောင်နိုင်ပါပြီရှင်။ဒါလေးက ၂ ယောက်စာအတွက် ဖြစ်ပါတယ်။

ငါးပိရည်ကျိုထမင်းသုပ်

ပါဝင်ပစ္စည်း
ငါးပိရည်ကျို
ကြက်သွန်ဖြူ၊ ကြက်သွန်နီ
ငရုပ်သီးစိမ်း
ငရုပ်သီးအလှော်မှုန့်

ပြုလုပ်နည်း
ငါးပိရည်ကျိုကို နနွင်းမှုန့်လေးနဲ့ သေချာလေးကျိုပါတယ်။ ငါးပိကျိုရင်း ငါးကိုပါတစ်ခါတည်းပြုတ်ရင် ပိုပြီးအရသာရှိလို့ ငါးကြင်းလေးကိုပါ တစ်ခါတည်းထည့်ကျိုပါတယ်။ ကြက်သွန်ဖြူ/နီနဲ့ ငရုပ်သီးစိမ်းလေးကို မွှေးနေအောင်လို့ ဒယ်အိုးနဲ့ လှော်ပါ။ငါးပိရည်ထဲကို ငါးပြုတ်ထားတာလေး ချေထည့်ပြီး ကြက်သွန်ဖြူ/နီထောင်းနဲ့ ငရုပ်သီးစိမ်းရယ်ထည့်ဖျော်ပါ။ထမင်းထဲကို ငါးပိရည်ဆမ်းပါ။ခရမ်းချဉ်သီး အတုံးလေးတွေ ထည့်ပြီး ပုစွန်ခြောက်မှုန့်လေးပါထည့်ပါ။ ငရုပ်သီးမှုန့်လေးကိုထည့်ပြီးသေချာနယ်ပါ။ အချဉ်ထပ်ထည့်ချင်ရင် သံပုရာသီးစိတ်လေးပါ ထပ်တည့်ပါ။အားလုံးပြီးရင်တော့ ငါးပိရည်ကျိုထမင်းသုပ်လေးရပါပြီ။