အခုနောက်ပိုင်း Indoor plant လေးတွေ စိုက်လာကြတာ တော်တော်လေး ခေတ်စားလာကြပါတယ်။တစ်ချို့ကျတော့လည်း Indoor plant လေးတွေကို အလှစိုက်ကြပေမဲ့ တစ်ချို့ကျတော့လည်း ကျန်းမာရေးအတွက် အခန်းတွင်း အပင်စိုက်လာကြပါတယ်။ အဲ့လိုမျိုး Indoor plant လေးတွေစိုက်ကြတဲ့အခါမှာရော ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မှာလဲ။
Allergy သက်သာစေပါတယ်
အခန်းတွင်းမှာ အပင်ထားခြင်းက အပင်မထားတာထက် ယှဉ်ရင် ဖုန်တွေကို သက်သာစေပါတယ်။ အပင်ရဲ့အရွက်နဲ့ တခြားအစိတ်အပိုင်းတွေက allergy ဖြစ်စေတဲ့ ဓါတ်တွေကို ဖမ်းယူပေးပါတယ်။ဂမုန်းပင်နဲ့ Chinese evergreen လို့ခေါ်တဲ့ အပင်လေးတွေက ဒီအလုပ်ကို ပြုလုပ်ပေးပါတယ်။
စိတ်ကိုပျော်စေပါတယ်
ပန်းပင်လေးတွေ အနားမှာရှိနေခြင်းက စိတ်ကို stress တွေလည်း သက်သာစေပြီးတော့ အလုပ်မှာလည်း ပိုပြီးတော့ စိတ်ပျော်စေပါတယ်။
အိပ်ပျော်စေပါတယ်
အပင်လေးတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဆုပ်ယူပြီး အောက်စီဂျင်ကိုထုတ်ပေးတာကြောင့် ပုံမှန်ထက်ပိုပြီး နှစ်ချိုက်စွာအိပ်ပျော်စေပါတယ်။
စိတ်ကျန်းမာရေးကို ပိုပြီးအထောက်အပံ့ကောင်းတွေ ဖြစ်စေပါတယ်
တစ်ချို့အပင်လေးတွေက Depression နဲ့ တခြားစိတ်ရောဂါဆိုင်ရာတွေကို ကုသပေးပါတယ်။
အပင်လေးတွေနဲ့ ပတ်သက်ပြီး အခြေခံ အကျိုးကျေးဇူးလေးတွေကို သိပြီးပြီဆိုတော့ နောက်တစ်ခေါက်ကျရင် ဘယ်လိုအကြောင်းအရာလေးတွေကို တင်ပြစေချင်လဲဆိုတာ ရေးပေးသွားဦေးနာ်။