ပုစွန်ဂေါ်ဖီစိမ်း
မိနစ် ၂၀ အတွင်းမှာ ဒီလိုပုစွန်ဂေါ်ဖီစိမ်းလေးကို ချက်လို့ရနိုင်တယ်ဆိုတာ ယုံရဲ့လား။ပါဝင်ပစ္စည်းတွေကလည်း ဝယ်ရလွယ်ကူသလို ပြုလုပ်နည်းလေးကလည်း လွယ်ကူတော့ တကယ့်ကို အဆင်ပြေတယ်။
ပါဝင်ပစ္စည်းများ
ကြက်သွန်ဖြူ ၁ လုံး
ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
ဗီနီကာ စားပွဲတင်ဇွန်း ၂ ဇွန်း
သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
Ketchup သုံးပုံပုံ တစ်ပုံ
မုန်ညှင်းစေ့ စားပွဲတင်ဇွန်း တစ်ဝက်
ပန်းဂေါ်ဖီစိမ်း
ပုစွန် ( ခေါင်း၊ ကိုယ်လုံး၊ အမြှီး အကုန် အခွံချွတ်ထားပါ )
ဆား
ငရုပ်ကောင်း
ပြောင်းဖူးမှုန့်
Vegetable Oil
နှမ်း
ပြုလုပ်နည်းများ
အိုးထဲကို ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ဗီနီကာ၊ သကြား၊ Ketchupနှင့် မုန်ညှင်းစေ့များကိုရောပြီး မီးကို အပူအနည်းငယ်ပေးပါ။ အရည်များပွက်လာလျှင် မီးကိုပိတ်လိုက်ပါ။ အိုးတစ်အိုးထဲကို ရေနဲ့ ပန်းဂေါ်ဖီစိမ်းထည့်ပြီး ရေနွေးဖျောလိုက်ပါ။
ပြီးလျှင် ပုစွန်ကို ဆား၊ ငရုပ်ကောင်းမှုန့်တို့နဲ့ ရောနယ်ပါ။ပြီးလျှင် ပြောင်းဖူးမှုန့်နဲ့ ထပ်ပြီးရောပေးပါ။ဆီကို အရမ်းမပြင်းစေပဲ အိုးကို အပူပေးထားပါ။ ဆီဆူပြီဆိုတာနဲ့ ပုစွန်ကိုထည့်ပြီးကြော်လိုက်ပါ။ ပုစွန်ရဲ့ အရောင်လေးလှလာပြီဆိုတာနဲ့ အိုးထဲကဆယ်ပြီး ပြုတ်ထားတဲ့ ပန်းဂေါ်ဖီစိမ်းပေါ်မှာလှလှလေးပြင်ပြီး နှမ်းလေးတွေကို ဖြူးပြီးတာနဲ့ လှပပြီး အရသာကေင်းတဲ့ ပုစွန်ပန်းဂေါ်ဖီစိမ်းကို စားသုံးနိုင်ပါပြီ။