ကျန်းမာ & အလှအပ

မိုးရာသီမှာ မဖျားနာဖို့ ဘာတွေလုပ်သင့်လဲ?

မိုးရာသီဆိုတာ သဘာဝတရားကြီးရဲ့ အရာအားလုံးအသစ်ပြန်ဖြစ်ကြတဲ့ ရာသီတစ်ခုဆိုရင်လည်းမမှားပါဘူး။ မိုးရာသီကိုတော်တော်များများကလည်း ကြိုက်နှစ်သက်သလို တစ်ချို့ကြတော့လည်း မကြိုက်နှစ်သက်ကြပါဘူး။ မိုးရာသီကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မိုးရာသီမှာ ရောဂါတော်တော်များများနဲ့ infection ဝင်နိုင်တာကြောင့် ကျန်းမာရေးကို ပိုပြီးအလေးထားရမယ့် ရာသီတစ်ခုဖြစ်ပါတယ်။ 

မိုးရာသီမှာ သင့်ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အချက် ၉ ချက်ကို ပြောပြပေးပါမယ်။ ဒီအချက် ၉ ချက်က လွယ်ကူပြီး ကျန်းမာရေးအတွက် လိုအပ်တဲ့အချက်တွေလည်းဖြစ်ပါတယ်။ 

ကျန်းမာရေးအတွက် လိုအပ်တဲ့အချက် ၉ ချက်က

၁ ကိုယ်ခံအားကို မြှင့်တင်ပါ
ပထမဦးဆုံးအနေနဲ့ ကိုယ်ခံအားကို မြှင့်တင်ဖို့ လိုအပ်ပါတယ်။ မိုးရာသီမှာ ဖြစ်တတ်တဲ့ ရောဂါများနဲ့ ရောဂါပိုးဝင်ရောက်မှုများက ကိုယ်ခံအားနည်းနေလို့ ဝင်ရောက်ကြတာပါ။ လေထုထဲမှာ ရှိတဲ့ အစိုဓါတ်တွေ အလွန်များပြားမှုကြောင့် ချောင်းဆိုးခြင်း၊ အအေးမိခြင်းနှင့် အဖျားတက်ခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။ ကြိုတင်ကာကွယ်ဖို့အတွက် soup ထဲကို ကြက်သွန်ဖြူထည့်ခြင်း ဒါမှမဟုတ် ရေနွေးထဲသို့ ဂျင်းထည့်ပြီးသောက်ပေးပါ။ 

၂ အခါးဓါတ်ရှိတဲ့ ဟင်းသီးဟင်းရွက်ကို စားပါ
ဒီအချက်ကလည်း တကယ့်ကို မရှိမဖြစ်လိုအပ်တဲ့အချက်တစ်ချက်လည်းဖြစ်ပါတယ်။ အထူးသဖြင့် မိုးရာသီတွင် အခါးဓါတ်ရှိသော အသီးအရွက်များကို စားပေးခြင်းက တစ်ချို့သော နေရာများတွင် ထုံးတမ်းအစဉ်အလာတစ်ခုဖြစ်ပါတယ်။ ထိုအခါးဓါတ်ရှိသော အသီးအရွက်များကို စားပေးခြင်းကြောင့် အကျိုးကျေးဇူးများစွာရရှိနိုင်ပါတယ်။ ထို့ကြောင့် နေ့စဉ်စားနေသော အစားအစာထဲတွင် အခါးဓါတ်ကိုလည်း ထည့်စားပေးသင့်ပါတယ်။

၃ ကျိုချက်ထားတဲ့ ရေကို သောက်ပါ
မိုးရာသီတွင် ရေမသန့်တာကြောင့် ရောဂါများ ဖြစ်ပွားတတ်ပါတယ်။ ထို့ကြောင့် သောက်ရေသန့်ကိုသာ သောက်သုံးသင့်ပါတယ်။ မိုးရာသီမှာ ဖြစ်ပွားတတ်တဲ့ ရောဂါများကို လျော့ပါးစေဖို့ အိမ်မှာ ရေကိုကျိုချက်ပြီး သောက်သုံးပေးပါ။

၎ နို့ထွက် ပစ္စည်းများကို စားသုံးပါ
မိုးရာသီဆိုရင် နွားနို့က အစာမကြေဖြစ်နိုင်တာကြောင့် Cheese၊ လတ်ဆတ်တဲ့ ဒိန်ချဉ်နဲ့ ထောပတ်တို့လို နို့ထွက်ပစ္စည်းများကိုသာ စားသုံးပေးသင့်ပါတယ်။ နို့ထွက်ပစ္စည်းများက အစာခြေစနစ်ကိုကောင်းမွန်စေတဲ့အပြင် ကျန်းမာရေးကိုလည်း မထိခိုက်စေပါဘူး။ 

၅ ရေနွေးကြမ်းသောက်ပေးပါ
ကျွန်ုပ်တို့အားလုံး လက်ဖက်ရည်ရဲ့ အကျိုးကျေးဇူးများကို သိရှိပြီးသား ဖြစ်မှာပါ။ ယခုလက်ရှိမှာ ကျန်းမာရေးအတွက် ပုံမှန်ရေကို သောက်သုံးမည့်အစား ရေနွေးကြမ်းသောက်ပေးပါ။ သင့်ရဲ့ ကိုယ်ခံစွမ်းအားနဲ့ အစားစားချင်စိတ် မြှင့်တင်ပေးခြင်းကို ၂ ရက်အတွင်းသိသာခံစားလာရမှာဖြစ်ပါတယ်။

၆ အသီးအနှံများကို ဂရုစိုက်စားပါ
အာဟာရဓါတ်တွေ အပြည့်အဝပါဝင်တဲ့ အသီးအနှံများကို စားပေးတာက ကောင်းမွန်တဲ့ အလေ့အထတစ်ခုပါ။ဒါပေမယ့် မိုးရာသီမှာ ဖရဲသီးကဲ့သို့သော အသီးအနှံများကို ရှောင်ကြဉ်သင့်ပါတယ်။ အဲ့ဒီ့အစား ပန်းသီး၊ သစ်တော်သီး၊ သရက်သီးနှင့် သလဲသီးတို့ကို စားပေးသင့်ပါတယ်။

၇ အပူအစပ်တွေ မစားပါနဲ့
သင်ဟာတကယ်လို့ အစပ်တွေစားချင်တယ်ဆိုရင် မိုးရာသီမှာ ခဏရှောင်ထားတာကောင်းပါတယ်။ အဲ့ဒီ့အစားအစာတွေကြောင့် အရေပြားဓါတ်မတည့်ခြင်းနှင့် ယားယံခြင်းများဖြစ်ပေါ်တတ်ပါတယ်။ သိပ်မစပ်တဲ့အစားစာများ၊ စွပ်ပြုတ်များနှင့် ပူပူနွေးနွေးအစားအစာများကို စားပေးသင့်ပါတယ်။

၈ ခြင်ပြေးစေတဲ့ ဆေးများကို အသုံးပြုပါ
ခြင်တွေဟာ မိုးရာသီမှာဆိုရင် ပိုပြီး ပေါက်ဖွားလာတတ်ပြီးတော့ ကျန်းမာရေး ပြဿနာများကို ပိုပြီး ဖြစ်ပွားစေနိုင်ပါတယ်။ မွှေးကြိုင်တဲ့ ခြင်ဆေးများကိုအသုံးပြုပြီး ခြင်အန္တရာယ်ကို ကာကွယ်ပါ။

၉ အပြင်သွားရင် ထီးယူသွားပါ
မိုးရာသီမှာ ဘယ်ကိုသွားသွား ထီး သို့မဟုတ် rain coat ကို ယူသွားပါ။ မိုးစိုလျှင် ဖျားတတ်တာကြောင့် မိုးရေမစိုစေတာက အကောင်းဆုံးပါ။ မိုးစိုပြီးလျှင်လည်း နွေးထွေးအောင်နေပါ။

မိုးရာသီမှာ ဘာတွေ ဂရုစိုက်သင့်တယ်။ ဘာတွေ ထိန်းသိမ်းသင့်တယ် ဆိုတာ ပြောပြပြီးပြီဖြစ်တာကြောင့် မိုးရာသီမှာ ကျန်းမာအောင် နေကြဖို့ တိုက်တွန်းအပ်ပါတယ်။