Stay at Home ကာလ အတွင်းမှာ လူအများအနေ ဖြစ် ပြောင်းလဲခြင်းများစွာဖြစ်ပေါ်လာမှာပါ။ စိတ်အခြေအနေပြောင်းလဲခြင်း လူမှုဆက်ဆံရေး ပြောင်းလဲခြင်း အစားအသောက် ပုံစံပြောင်းလဲခြင်း စတဲ့ လူနေမှု ပုံစံများစွာ ပြောင်းလဲလာမှာဖြစ်ပါတယ်။ ဒီကာလ အတွင်း မှာ ပြောင်းလဲ ကြည့်သင့်တဲ့ အပြုအမူ နဲ့ အလေ့အကျင့် အချို့ အကြောင်း ဒီနေ့ ပြောပြပေးမှာပါ ။ အဲဒါ တွေက တော့
Social Media အသုံးပြုမှု ကို တတ်နိုင်သမျှ ထိန်းပါ ။ - ( Social Media အသုံးပြုချင်းဟာ တစ်ခါတစ်ရံ လူမှုဝန်းကျင်ရဲ့ လွှမ်းမိုးမှု နဲ့ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ခြင်းတွေ ကို ခံစားရတတ်ပါတယ် ၊ သတင်းအမှား အချို့နဲ့ တစ်ယူသန်ဆွဲ ပြောဆိုမှုတွေ ကြောင့် အတွေးမှား၊အမြင်မှားတွေ ၀င်လာတတ်ပါတယ် ) ဒါကြောင့် တတ်နိုင်သမျှ Social Media အသုံးပြုချင်းကို လျော့ချပါ။
- မိသားစု ကို အချိန်ပေး နွေးထွေးပါ။ ( Stay Home ချိန်အတွင်း စိတ် အခန့်မသင့်ခြင်း အတွက် မိသားစုကို ထွက်ပေါက် အနေနဲ့ မသုံးပါနဲ့ ၊ မိသားစု အတွင်း နွေးထွေးတဲ့ ဆက်ဆံရေး တစ်ခုကို ပြန်ဖန်တီးပါ ၊ ပုံမှန်ချိန် အတွင်း မှာ အနားမနေနိုင်တဲ့ မိသားစု တွေ ရဲ့ အနားမှာ ဖေးမပေးပါ )
- ပညာတစ်ခုခု ကို ဆည်းပူးဖြစ်အောင် ကြိုးစားပါ ( နားနေချိန်မှာ နားပါ ၊ ကိုယ်အချိန် မပေးနိုင်ခဲ့ တဲ့ ကိုယ်ဝါသနာ ပါရာ ပညာရပ်တစ်ခုခု ကို အချိန်ပေးလေ့လာလို့ ရနိုင်တဲ့ အချိန်ပါ ။ အကောင်းဆုံး သော ကိုယ်ဝါသနာပါရာကို ဆည်းပူး နိုင်မယ့် အချိန်ပါ )
- ဟင်းချက်ကြည့်ပါ ( ချက်နေကြ သူတွေ အတွက် ကတော့ အထူးအဆန်း မဟုတ်ပေမဲ့ အခုမှ စချက်မယ့် သူတွေ အတွက်တော့ ကိုယ့်ရဲ့ ဟင်းချက်လက်ရာ ဘာလိုကောင်းလဲ ဆိုတာ ကိုယ်ချစ်တဲ့ သူတွေ အပေါ် မြည်းစမ်းခွင့် ပေးနိုင်မှာပါ ၊ အရသာ ဘယ်လိုနေလဲ၊အနံ့ရော ကောင်းလား မေးခြင်းဖြစ် အိမ်သားတွေ ကို စမ်းသပ်လို့ ရပါသေးတယ် )
- Sleeping Cycle ကို ပြန်လည် ပြင်ဆင်ပါ ( တခြား တော့ မဟုတ်ပါဘူး ၊ အိပ်ရေးဝအောင် အိပ်ပါပြောတာပါပဲ ၊ ကျန်းမာရေးနဲ့ ညီညတ်တဲ့ အိပ်စက်မှု ပုံစံမျိုးကို ပြန်ဖန်တီးယူပါ ၊ အိပ်ရေးဝ ခြင်းဟာ ဒီချိန်မှာ ရအောင် ယူထား သင့်တဲ့ အခွင့်အရေးဆိုတာ မမေ့ပါနဲ့ )
ဒီနေ့ ပြောပြသွားတဲ့ အကြောင်းအရာတွေ ကတော့ Stay Home မှာ လိုက်လုပ်ကြည့်သင့်တဲ့ အမူအကျင့် လေးတွေ ပါ ။ လူသား အားလုံး လူ ကျန်းမာ၊စိတ် ချမ်းသာပြီး ဒီကပ်ရောဂါ ကြီးကို အတူတူ ကျော်လွှားနိုင်ကြပါ စေလို့ ဆန္ဒပြု လျှက်…………..