အခုလို covid-19 ဖြစ်နေတဲ့ကာလမှာ တက္ကသိုလ်တွေပိတ်ထားတော့ ကျောင်းသားတွေအနေနဲ့လည်း online learning system နဲ့ပဲ လေ့လာနေကြရတယ်ပေါ့နော်။
အဲဒီလို ကျောင်းသားတွေအတွက် စာမေးပွဲနီးမှ ပြဿနာမတက်ရအောင် အိမ်မှာပဲ ကိုယ့်ဘာသာစာဘယ်လိုလုပ်ကြမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ကတော့ တစ်နေ့ကိုဘယ်နှနာရီလောက်စာလုပ်မယ် တစ်ပတ်စာ အနည်းဆုံးတစ်လစာကြိုပြီး Timetable သတ်မှတ်လိုက်ပါ။ တစ်ပတ်ကို ဘယ်လောက်ပြီးမလဲဆိုတာကိုပါ ထည့်တွက်ပါ။ ဒီလို timetable ထွက်လာရင် မိမိကိုယ်တိုင် ပြင်ဆင်ပါ။
မိမိစိတ်ကို ပြင်ဆင်ပါ။ စာလုပ်ဖို့အတွက် motivation ရှာပါ။ နေ့တိုင်း timetable အတိုင်း စာလုပ်ဖြစ်အောင် ကြိုးစားပါ။
စာကိုအလွတ်ကျက်ဖို့ မကြိုးစားဘဲနဲ့ နားလည်သဘောပေါက်အောင် ကြိုးစားပါ။ online research လုပ်ပါ။ နားမလည်တာတွေကို website တွေမှာ ရှာဖတ်ပါ။ နားလည်သွားပြီဆိုရင် မှတ်မိအောင် လုပ်ရတာက မခက်ခဲတော့ပါဘူး။
Flashcard လေးတွေလုပ်ပါ။ လက်တစ်ဝါးစာ ကတ်လေးတွေပေါ်ရဲ့ ရှေ့မျက်နှာစာမှာ ခေါင်းစဥ်ကိုရေးပါ။ အနောက်ဘက်မှာ အချက်လေးတွေရေးထားပါ။ ဘယ်နေရာရောက်ရောက် flashcard လေးတွေကို ထုတ်ကြည့်ပြီး အလွတ်ပြန်ဆိုကြည့်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။
စာလုပ်ဖို့အတွက် သင့်တော်တဲ့နေရာကိုရှာပါ။ သင်အာရုံစူးစိုက်လို့ရမယ့် နေရာမျိုးကို ရှာဖွေပါ။ ဥပမာ ကော်ဖီဆိုင်တစ်ဆိုင်ဆိုင်မှာ အေးအေးဆေးဆေးလုပ်ပါ။
စာအတူတူလုပ်မယ့်လူကို ရှာပါ။ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ အတူတူ စာတွဲလုပ်ပါ။ တစ်ယောက်နားမလည်တာကို တစ်ယောက်ရှင်းပြလို့လည်း ရပါတယ်။
စာလုပ်ပြီးရင်လည်း သေချာအနားယူပါ။ အနားယူတာက သင့်ဦးနှောက်ကို ပြန်လည်လန်းဆန်းစေပြီးတော့ လေ့လာထားတာတွေကို ပိုမှတ်မိစေပါတယ်။
စာမေးပွဲနီးရင် လုပ်ထားတဲ့စာတွေကို revision ပြန်ပါ။ မှတ်မိနေအောင် သေချာလုပ်ပါ။
ဒီလောက်ဆိုရင်တော့ စာမေးပွဲကို ကြောက်နေစရာမလိုတော့ပါဘူး။
ပြီးတော့ မကြောက်ပါနဲ့။ စာမေးပွဲကို မကြောက်ပါနဲ့။ ပုံမှန်လေးပဲ စာလုပ်သွားပါ။ စာမေးပွဲအမီ အဆင့်သင့်ဖြစ်နေပါလိမ့်မယ်။
စာမေးပွဲနီးရင်လည်း ရုပ်ရှင်ကြည့်တာတွေ social media သုံးတာတွေကို လျှော့ချပါ။ စောစောအိပ်ပါ။ အိပ်ရေးမဝရင် လေ့လာထားတဲ့စာတွေကို စားမေးပွဲခန်းထဲမှာ ဘယ်လိုမှ ပြန်မမှတ်မိနိုင်ပါဘူး။
အဓိကကတော့ ကျန်းမာရေးကိုဂရုစိုက်ဖို့ပါပဲ။ အချိန်ဇယားအတိုင်း စာလုပ်သွားပြီးတော့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။ အပြင်သွားတိုင်း mask တပ်ပါ။ အပြင်ကပြန်လာပြီးတိုင်းလည်း လက်ကိုသေသေချာချာဆေးပါ။ ကျန်းမာရေးကောင်းမှ စာတွေလည်းလုပ်နိုင်မှာမို့ ကျန်းမာရေးကို သေချာဂရုစိုက်ပါလို့လည်း yathar က မှာလိုက်ပါရစေ။