သင့်မျက်နှာပုံစံအပေါ်မူတည်ပြီးတော့ သင့်ရဲ့ အခြေခံစရိုက်နဲ့ ဘဝအပေါ်ခြုံငုံပြီး သိရှိနိုင်တယ်လို့ မျက်နှာဖတ်တာ ကျွမ်းကျင်တဲ့ Jean Haner က ပြောပြထားပါတယ်။ လူတော်တော်များများက ကွဲပြားတဲ့ ပုံစံမျိုးမရှိပါဘူး။ တချို့မှာဆို ဘဲဥပုံနဲ့ အဝိုင်းပုံရောထားသလိုမျိုးပုံစံလည်းရှိတတ်ပါတယ်။ Haner က နှစ်ပေါင်း ၃၀၀၀ အတွင်း လေ့လာခဲ့တဲ့ အဆိုတွေအပေါ်မူတည်ပြီးတော့ တရုတ်ရိုးရာနည်းအတိုင်း မျက်နှာပုံစံကို ကြည့်ပြီး လူတွေရဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။
၁ Rectangular Face Shape
ဒေါင်လိုက်ပုံစံမျက်နှာမျိုးကို နှာဖူးထိပ်ကနေ မေးစေ့အထိ ပုံစံကို ကြည့်ပြီး ဒေါင်လိုက်ပုံစံကို ခန့်မှန်းနိုင်ပါတယ်။ ဒေါင်လိုက်ဆန်တဲ့ မျက်နှာပိုင်ရှင်များက အတွေးအခေါ်ကောင်းမွန်တဲ့သူများဖြစ်ပြီးတော့ အတွေးအရမ်းလွန်ကြပါတယ်။ သူတို့ဟာ တစ်ခုခုဆိုရင် အစီအစဉ်ကောင်းမွန်ကြတဲ့သူတွေဖြစ်ပြီး သူတို့နဲ့ ပတ်သက်တဲ့ ခံစားချက်တွေကိုတော့ ထုတ်ဖော်ပြောပြလေ့မရှိပါဘူး။ ဒါပေမဲ့ သူတို့က လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်လေ့ရှိပါတယ်။ အတွေးလွန်တတ်တဲ့သူတွေဖြစ်တာကြောင့် စိတ်ထဲမှာရှိနေတဲ့ အရာများကို ဖယ်ထုတ်တတ်ဖို့တော့ လိုပါတယ်။
၂ ဝိုင်းဝန်းတဲ့ မျက်နှာပိုင်ရှင်များ
ဝိုင်းဝန်းတဲ့ မျက်နှာပိုင်ရှင်များက ပေးကမ်းရက်ရောတတ်တဲ့သူတွေဖြစ်ပြီး၊ ကြင်နာတတ်တဲ့အပြင် သူတစ်ပါးကို အရမ်းဦးစားပေးတတ်တဲ့ အကျင့်စရိုက်ပိုင်ရှင်များလည်း ဖြစ်ပါတယ်။ မကောင်းတဲ့အချက်တစ်ချက်က လူတွေကို ဦးစားပေးလွန်းအားကြီးတာကြောင့် ကိုယ်လိုအပ်တာကို တစ်ဖက်ကနေ မရနိုင်ပဲ ဖြစ်သွားတတ်ပါတယ်။
၃ Diamond Face Shape
စိန်ပုံစံ မျက်နှာပိုင်ရှင်များက ကိုယ့်ကိုယ်ကို control လုပ်နိုင်ပြီးတော့ လိုချင်တာကို ရအောင် ယူတတ်တဲ့သူများဖြစ်ပါတယ်။ သူတို့က အသေးစိတ်ပြုလုပ်တတ်ကြတဲ့သူများဖြစ်ပြီးတော့ အဲ့ဒါကြောင့်လည်း Quality ကောင်းအောင်လုပ်ဆောင်နိုင်ကြပါတယ်။ အရမ်းလည်း စကားပြီးတော့ comunication ကောင်းကောင်းပြုလုပ်နိုင်တဲ့သူလည်း ဖြစ်ပါတယ်။
၄ ဘဲဥပုံစံ မျက်နှာပိုင်ရှင်များ
ဘဲဥပုံစံမျက်နှာပိုင်ရှင်များက စကားကို ဘယ်လိုပြောရမလဲဆိုတာ ကောင်းကောင်းနားလည်ကြပါတယ်။ အဲ့ဒါကြောင့်လည်း သူနဲ့ စကားပြောတဲ့သူတိုင်းကို သက်တောင့်သက်သာနဲ့ ပွင့်ပွင့်လင်းလင်းပြောနိုင်တဲ့ အစွမ်းရှိပါတယ်။ သူတို့က ပြောတဲ့အရာတိုင်းကိုလည်း သေချာဂရုစိုက်ပြီးတော့ စိတ်ဝင်တစားနားထောင်လေ့ရှိကြပါတယ်။
၅ လေးထောင့်ဆန်တဲ့ မျက်နှာပိုင်ရှင်များ
လေးထောင့်ဆန်တဲ့ မျက်နှာပိုင်ရှင်များက တကယ့်ကိစ္စအကြီးကြီးကို သေချာကိုင်တွယ်နိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားကြတဲ့သူများဖြစ်ပါတယ်။
၆ အသဲပုံမျက်နှာပိုင်ရှင်များ
အသဲပုံမျက်နှာပိုင်ရှင်များက အတွင်းစိတ်မှာ အရမ်းကိုအားကောင်းပြီးတော့ အရမ်းခေါင်းမာတတ်ပါတယ်။ သူတို့ဟာ ရည်မှန်းချက်ပန်းတိုင်တစ်ခုခုရှိရင် အဲ့ရည်မှန်းချက်ကို ဖြစ်အောင်လုပ်တတ်ကြပါတယ်။ သူတို့က အတွင်းစိတ်ကို သိရှိနိုင်စွမ်းရှိပါတယ်။
၇ တြိဂံပုံစံမျက်နှာပိုင်ရှင်များ
တြိဂံပုံစံမျက်နှာပိုင်ရှင်များက တာဝန်ခံများဖြစ်တတ်ကြပါတယ်။ သူတို့က နဖူးကျဉ်းတဲ့ သူများဖြစ်ပြီးတော့ နဖူးကျဉ်းလေ ပိုပြီးစိတ်ကိုထိန်းချုပ်နိုင်တဲ့သူများဖြစ်ပြီးတော့ မကြာခဏလည်း အောင်မြင်လေ့ရှိကြပါတယ်။
ကိုယ်ကရော ဘယ်လိုမျက်နှာပုံစံမျိုးထဲမှာပါလဲ။ ကိုယ့်အမူအကျင့်လေးတွေနဲ့ရော ကိုက်ညီရဲ့လားဆိုတာ comment လေးထဲမှာ ရေးပေးသွားဦးနော်။