နေပူထဲမှာ အနေများပြီးတော့ နေရောင်ခြည်မှာ ပါဝင်တဲ့ UV Ray ကြောင့် အသားတွေ နီရဲနေမယ်ဆိုရင် စိတ်မသက်မသာဖြစ်ရတယ်ဟုတ်။ တကယ်တော့ နေပူလောင်ထားမယ်ဆိုရင် ဒီလို နည်းလမ်းလေးတွေကို အသုံးပြုပြီး နီမြန်းတာကို သက်သာအောင် လုပ်လို့ရပါတယ်။
ရေအေးနဲ့ ရေချိုးပေးပါ။
Aloe Vera လိမ်းပေးပါ။ ဒါမှမဟုတ် Moisturizer လေးလိမ်းပေးပါ။
ရေများများ ပိုသောက်ပေးပါ။
Vitamin D3 သောက်ပေးရင်လည်း ရပါတယ်။
အချိန်တစ်ခု ရောက်တဲ့အခါ ပြန်လည် သက်သာသွားမှာဖြစ်လို့ အရမ်းကြီးကြောက်စရာတော့မလိုအပ်ပါဘူး။နောက်တစ်ခါ ထပ်ပြီးမဖြစ်ရအောင်လို့ အပြင်မထွက်ခင် sun cream လိမ်းပါ။ အသားကို အုပ်သွားစေမယ့် လက်ရှည် ခြေရှည်ဝတ်သွားပါ။
အခုနောက်ပိုင်း ရာသီဥတု အရမ်းပူလာတာကြောင့် ခန္ဓာကိုယ်မှာ အပူကြီးတတ်မျိုးလည်းဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။