ကပ်တစ်ခု ဖြစ်လာပြီ ဆိုရင် ရေရေရာရာ မသိ ပဲ ၊ မကြောက်ပါ နဲ့။
ကိုယ်တိုင် သံသယ ရှိလျှင်လည်း အမြန်ဆုံး ဆေးစစ်မှု ကို ခံယူပါ။
ယနေ့ ကျွန်တော်တို့ တွေ့နေရသည် ကိုရိုနာ ဗိုင်းရပ်စ်သည် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ တစ်ခု အနေ နဲ့ ကပ်ဆိုး ကဲ့သို့ ဖြစ်ပွားနေ တာကို သတိနဲ့ ယှဉ်ပြီး ရှင်သန်နေထိုင်ရပါမယ်။
ကူးစက် နိုင်ချေ များသော အပြု အမူ ၊ အသွားအလာ များကို လုံးဝ ရှောင်ကြဉ် ခြင်း၊ သန့်ရှင်းရေး နှင့် ကျန်းမာရေးကို ဂရုပြု မှသာ ကျော်လွှားနိုင်မယ့် ကပ်ဆိုးတစ်ခုပါ။
Bus ကားဂိတ်၊ စားသောက်ဆိုင်၊ဆေးရုံ ၊ အများနှင့်သက်ဆိုင်သော နေရာများ အစရှိသည့် ရောဂါ ကူးစက် နိုင်ခြေ များသော နေရာ များ ကို တတ်နိုင်သမျှ မသွားပဲ နေပေးပါ။
ဆောင်ရန် အနေနဲ့
လက်ကို နာရီဝက်ခြား တစ်ခါ ဆေးခြင်း ၊
မဖြစ်မနေ မှ သာ အပြင် ထွက် ရန Mask ၊ လက်အိတ် ၊ အကာအကွယ် ပစ္စည်းများ ၊ Hand Gel များ ဆောင်ထားရန်
ပါဆယ် ၀ယ်ယူခြင်း ဖြစ် လူစုလူဝေးကို ရှောင်ရှားရန်၊အပြင်မှ ပြန်လာတိုင်း လက်ဆေးရန် ။
ကျွန်တော်ရဲ့ ချစ်ခင်တဲ့ သူ တွေ နဲ့ ဒီ အရာကြီး အပြီး မှာ ပြန်လည် ပျော်ပျော်ရွှင်ရွှင် နေထိုင် ကြရအောင်။
ကျွန်တော်တို့ ရှင်သန်ကြ ရလိမ့်မယ်။