သင် ရဲ့ ကိုယ်အလေးချိန်ကို လျော့ချဖို့ ကြိုးစားနေတယ်ဆိုရင်တော့ အဆီမပါ တဲ့ Fat free Food တွေရဲ့ အကြောင်းကို ပိုသိထားသင့် တာပေါ့ ။
ဒီလိုအချက်အလက်တွေကို သိမှသာ ဈေးသွားတဲ့ အခါ သင့်ဝယ်သင့်တဲ့ Fat Free Food တွေ ကို စာရင်းလုပ်နိုင်မှာ ဖြစ်ပါတယ် ။
အာဟာရဆိုင်ရာ အချက်အလက် တွေ ကို ပိုမိုသိရှိမှ သာ မိမိ ရဲ့ Diet Plan ကို ပိုမို ထိရောက်စေမှာပါ ။
အဆီ မပါ သော အစားအစာ အချို့ကို သင် အံအားသင့်ကောင်း အံအားသင့်နိုင်သည် ။ အဆီမပါသော အစားအစာ အချို့မှာ သဘာဝ ထွက် ပစ္စည်း များ ရှိသော်လည်း ၊ အချို့သော အစားအစာများမှာ စက်ရုံများမှ
အဆီကို သီးသန့်ဖယ်ရှားထားကာ ကာဗွန်ဟိုက်ဒရိတ်နှင့် သကြားကို အစားထိုးပြုလုပ်ထားသော အစားအစာများလည်းရှိ သည်။
အဆီ မပါတဲ့ အစားအသောက်တွေ ဟာ ကယ်လိုရီ လည်း နည်းလို့ ကိုယ်အလေးချိန်ကို လျော့ချ လိုသူတွေ အတွက် ကောင်းကျိုးတွေ ရရှိပါတယ် ။
အခြားအစားအသောက် များလို သင့်ကို အချိုဓာတ်ကဲ့သို့ အာသာမပြေ စေသော်လည်း ၊ အဆီမပါသော သကြားလုံး များ ဖြစ်လည်း အစားထိုးလို့ ရသည် ။
အဆီမပါသော အစားအသောက် များသည် သင်၏ Diet Plan ကို ကောင်းကောင်း အထောက်အပံ့ပေးနိုင်သည် ။
အဆီမပါတဲ့ အစားအသောက် တစ်ချို့ ကို လူတို့ ပြုလုပ်ထားရတာတွင် အဆီ နှင့် ကယ်လိုရီ နည်းသော ရေခဲမုန့် ၊ ချောကလတ် နှင့် ကွတ်ကီးများ လည်း ရရှိနိုင်သည် ။
အဆီမပါဝင်ပဲ အလွယ်တကူဝယ်ယူ ရရှိနိုင်သည့် အစားအစာ တစ်ချို့ ကိုအောက်တွင်ဖော်ပြထားသည် ။
(၁) စည်သွပ်ဘူးများ
စည်သွပ်ဘူး လို့ဆိုရင် ဈေးနှုန်း အနည်းငယ်နှင့် အလွယ်တကူ ၀ယ်ယူလို့ ရတဲ့ ပဲနှင့်ပြုလုပ်ထားသောစည်သွပ်ဘူးများ ၊ အဆီမပါတဲ့ တူနာ ငါးစည်သွပ်ဘူးများ နှင့် ခရမ်းချဉ် သီး စည်သွပ်ဘူး များ ပါဝင်သည် ။
(၂) နို့ထွက်ပစ္စည်းများ
အဆီမပါသော နို့နှင့် နို့ထွက် ပစ္စည်းတော်တော်များများ ကို ကိုယ်အလေးချိန်လျော့ချချိန်တွင် စားသုံးကြသည် ။ အဆီမပါသော နို့နှင့် နို့ထွက် ပစ္စည်းတော်တော်များများ ဟာ အရသာတော့ သိပ် အကောင်းကြီး မဟုတ်လှပါဘူး ။
အချို့သော အဆီ မပါ ဖြစ်သော နို့ထွက် ပစ္စည်းများတွင် Low Fat ဟုခေါ်ကြသော အဆီပါဝင်မှု နည်းသည့် နို့ထွက် ပစ္စည်းမျိုးကို ရွေးချယ်ခြင်းဖြစ် ကယ်လိုရီတက်မှုကို လျော့နည်းသွားစေသည် ။
(၃) အခြားပရိုတင်း အစားအစာများ
အဆီပါဝင်မှု နည်းသော ပရိုတင်းအစားအစာများသည် ကိုယ်ခန္ဓာအတွက် လိုအပ်သော အာဟာရ ကို ကောင်းကောင်းကြီး ဖြည့်ပေးနိုင်ရုံသာမက လွယ်လွယ်ကူကူ နဲ့ ၀ယ်ယူလို့ လည်းရပါတယ် ။
ဥပမာ ။ ။ ဥ အမျိုးမျိုး ၊ ငါး နှင့် အရေခွံ မပါသော ကြက်သား ။
(၄) အစိမ်းရောင် အသီးအရွက်တွေ
Fat Free Food ဆိုတာနဲ့ ဟင်းသီးဟင်းရွက်တော်တော် များများ ပါဝင်ပါတယ် ။ ကိုယ်အလေးချိန် လျော့ချနေသူ တွေ အတွက် ပိုကောင်းတဲ့ ဟင်းသီးဟင်းရွက် အချို့ကတော့
ကညွှတ်၊ငှက်ပျောသီး၊ဘလူးဘယ်ရီ၊ဘရိုကိုလီ၊ဘရပ်ဆဲလ်ပင်ပေါက်၊မုန်လာဥ၊ပန်းဂေါ်ဖီ၊တရုတ်နံနံ၊ရွက်ဖျင်သောအစိမ်းရောင် (ဟင်းနုနွယ်ရွက်၊ ချဒ်၊ နှံကဲ့သို့)၊မှိုများ၊ရွှေဖရုံသီး၊သခွားဖရုံသီး စတဲ့ ဟင်းသီးဟင်းရွက်တွေ ဖြစ်ပါတယ် ။
(၅) ပေါင်မုန့်နှင့်အစေ့
အဆီနည်းနည်းစားရင်တောင်အမျှင်ဓာတ်မြင့်မားတဲ့ပေါင်မုန့်နဲ့ကောက်ပဲသီးနှံတွေကိုရွေးချယ်ပါ။ အချို့သောစူးစမ်းလေ့လာမှုများအရကောက်ပဲသီးနှံတစ်မျိုးလုံးစားသုံးခြင်းသည် BMI နိမ့်နှင့်ဆက်စပ်ကြောင်းပြသခဲ့သည်။
ဆန်လုံးညို ၊ ပေါင်မုန့်ကြမ်း စတဲ့ အစားအစာတွေ ကလည်း Fat Free Food တွေ ထဲအပါအ၀င်ပါ ပဲ။