အသက် ဘေးရန် အတွက် ၊ လက်မနှေးရန်
ကပ်ဘေးရန် အတွက် ၊ လက်ဆေး သင်္ကြန်ပါနော်။
ဒီနှစ် သင်္ကြန်ကို Stay at Home လုပ်နေရလို့ ဆိုပြီး ၊ ရွှေစိတ်တော်တို့ ညှိုးနေမှာ သိပါတယ်။
ဒါပေမဲ့ ကိုရိုနာ ဗိုင်းရပ်စ် ဆိုတဲ့ တောင်ကို မောင်တို့ ကျော်ဖို့ တတ်နိုင် သမျှ အပြင် မထွက် ပဲ နေရမယ်။
ပီးတော့ လက်ဆေး ခြင်းက ကာကွယ် နိုင်တယ် ဆိုတော့ လက်ဆေး ကြမယ်။
လက်ကို စက္ကန့် ၂၀ လောက် ဆပ်ပြာရယ် ၊ ရေ ရယ် နဲ့ သေချာ စွာဆေး ၊
အိမ် က Lockdown ချ မရတဲ့ ကလေးဆိုးကြီး တွေ ကို လည်း အပြင်က ပြန်ရောက်တာ နဲ့ လက်ဆေး ပါလို့ ပြော၊ မဆေးရင် ၃ ပေ အကွာက ရေပိုက်နဲ့ ထိုးပြီး လက်ဆေးပေးလိုက် ရအောင်။
ခပ်ချေချေ နေ တဲ့ သူ တွေ သိပ် အသုံး ၀င်တာ တစ်ခုက လက်ဆွဲ မနှုတ်ဆက်ပါ နဲ့ ၊ လက်ဆော့ခြေဆော့ ရှိတဲ့ သူတွေ သတိထားပါ ကိုင်ခြင်တာ ကိုင်ပြီးတိုင်း လက်ဆေးပါ။
အတတ်နိုင်ဆုံး သမီးရည်းစား လည်း လွမ်းလည်း ခဏ အောင့် ထားပါ ၊ ၃ ပေ အကွာက ပဲ လှမ်းကြည့် နေနိုင်ရင် တော့ ရဲဘော်ဆက်လုပ်ပဲ။
နည်းလမ်း မရှိတာတော့ မဟုတ်ပါဘူး ၊ နည်းလမ်းက ၀တ်စုံ ပြည့် ဖြစ်ရမယ် (စဉ်းစားဖို့ တစ်ခုက နွေနော် ) လက်အိပ်၊ Mask ၊ ဖြစ်နိုင်ရင် မျက်နှာ တစ်ခုလုံးကို ကာနိုင်တဲ့ အကာအကွယ်မျိုး အဲလိုမျိုး နဲ့ ဆိုရင် တော့ ဖြစ်နိုင်ချေရှိတယ်။ (ပူတာတော့ ကျိန်းသေ ပူမှာ)
နောက်တစ်ခု က လက်သန့်ဆေးရည် အနည်းဆုံး Alchol 70% လောက်ပါတဲ့ လက်သန့်ဆေးမျိုးက ပိုစိတ်ချရတယ်။ လက်သန့်ဆေးရည် သုံးပြီး ရင် လည်း ရေရှိတဲ့ နေရာမှာ လက်ကို တစ်ခါပြန်ဆေးပါ။
Mask တွေ ၊ တစ်ခါသုံးလက်အိတ် တွေကို စနစ်တကျ စွန့်ပစ်ပါ၊
သင် ကိုယ်တိုင် ကပ်ရောဂါ၏ ကူးစက်ပျံ့နှံ မှု ကို လက်ဆေးသင်္ကြန် နှင့် ဆေးကြောလိုက်ပါ။
မိသားစု နဲ့ အတူ အိမ်မှာနေထိုင် ရင်း ပျော်ရွှင်ဖွယ် မြန်မာ့ရိုးရာ သင်္ကြန်ကာလ ကို ဖြတ်သန်းနိုင်ကြပါစေ
ဆုမွန်တောင်းလျှက်…..