Q1 – အစ်ကို နာမည်လေးနဲ့ ဒီဆိုင်ကို ဘယ်လိုစိတ်ကူးမျိုးနဲ့ ဖွင့်လှစ်ဖြစ်တာလဲ။
မင်္ဂလာပါ၊ ကျွန်တော့်နံမည်က Gabriel ပါ။ ကျွန်တော်က Ember Japanese Restaurant ရဲ့ စားဖိုမှုးလည်းဟုတ်၊ ဆိုင်ပိုင်ရှင်လဲဟုတ်ပါတယ်။ ဆိုင်ဖွင့်ဖြစ်တဲ့ အကြောင်းကတော့ ကျွန်တော်နဲ့အတူ ကျွန်တော့်ပါတနာတွေက ဂျပန်အစားအစာကို ချပြတဲ့နေရာမှာ သမရိုးကျမဟုတ်ပဲ ကျွန်တော်တို့ ကိုယ်ပိုင်ဟန်နဲ့၊ အလှည့်အပြောင်းလေးတွေ နဲ့အတူ သင့်တင့်လျောက်ပတ်တဲ့ဈေးနှုန်း ဖြစ်ရမယ်၊ နောက်ပြီး ဂျပန်အစားအစာစားဖို့ ငွေကြေးအမြောက်အများကုန်စရာမလိုဘူးဆိုတဲ့ ဟာလေးကိုလဲ လူတွေကို ချပြချင်တာပါ။ နောက်တစ်ခုက ကျွန်တော်တို့ဆီက အစားအစာတွေကို Ember ရဲ့ ကော့တေးမျိုးစုံနဲ့တွဲဖက်ပြီး သုံးဆောင်နိုင်ဖို့လဲပါပါတယ်။
Q2 – ဒီဆိုင် စဖွင့်ကတည်းက အခုအချိန်အထိ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံခဲ့ရလဲ။ အတွေ့အကြုံလေးကို ပြောပြပေးပါဦး။
ဆိုင်စဖွင့်ထဲက အခုထိကြုံတွေ့ရတာကတော့ ကျွန်တော်တို့ဆီမှာက ဂျပန်ရိုးရာစတိုင်အတိုင်း အစားစာတွေကို ရောင်းချပေးတာမျိုးမဟုတ်ပဲ ကိုယ်ပိုင်ဟန်နဲ့ တီထွင်ဆန်းသစ်ထားတဲ့ ဂျပန်အစားအစာတွေ ဖြစ်တဲ့အတွက် လာစားကြတဲ့သူတွေက ပထမပိုင်းမှာတော့ နားမလည်ကြတာမျိုးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တခြားဂျပန်စားသောက်ဆိုင်တွေက အရသာ၊ ပုံစံတွေနဲ့ ကွဲပြားနေလို့ပါပဲ။ ဒါပေမယ့် ဒီနောက်ပိုင်း တဖြည်းဖြည်းတော့ ကျွန်တော်တို့ ချပြချင်တဲ့ပုံစံ၊ စတိုင်မျိုးကို လူတွေနားလည်လက်ခံလာတာကို ဒီလပိုင်း အနည်းငယ်အတွင်းမှာ တွေ့လာရပါတယ်။
Q3 – ဒီဆိုင်မှာ ဘယ်လိုဟင်းပွဲအမျိုးအစားတွေကို ရောင်းချပေးနေလဲ။
ဒီမှာက ကျွန်တော်တို့ ကိုယ်ပိုင်စတိုင် ခေတ်မီဆန်းသစ်ထားတဲ့
အစားအစာတွေရမယ်။ ဆာရှိမိကအစ ထမင်းလိပ်တွေ၊ ခေါက်ဆွဲ၊ ထမင်း/ဟင်း (ဂျပန်စတိုင်)
အစုံရပါတယ်။ ကျွန်တော်တို့ဆီမှာက အမျိုးအစားစုံ
ရွေးချယ်စရာအများကြီး ရှိတာမို့လို့
စားသုံးသူတွေကို စိတ်ကြေနပ်မှုပေးနိုင်ပါလိမ့်မယ်။ အစစအရာရာကို အသေးစိတ်ကအစ
ဂရုတစိုက်ဖန်တီးထားတာ ဖြစ်တဲ့အတွက် အခြားဂျပန်စားသောက်ဆိုင်တွေနဲ့ ယှဉ်ကြည့်မယ်
ဆိုရင်တော့ ဆန်းသစ်နေမယ်လို့ ယုံကြည်ပါတယ်။
Q4 – customer တွေကိုရော ဘယ်လို service မျိုးတွေ ပေးနေလဲ။
ကျွန်တော်တို့ဆီမှာ နေ့လည်စာနဲ့ ညနေစာ လာရောက်သုံးဆောင်နိုင်ပါတယ်။ တစ်နေကုန် ဖွင့်တဲ့ဆိုင်ဖြစ်လို့ စားသုံးသူတွေအနေနဲ့ စိတ်ကြိုက်မီနူးကို ရွေးချယ် သုံးဆောင်နိုင်မှာပါ။ အဲ့ဒီမှာမှ ဘားကောင်တာက ညနေ ၅.၃၀ ကနေ ဆိုင်ပိတ်ချိန် ည ၁ နာရီထိ သောက်စရာ အဖျော်ယမကာမျိုးစုံ (ဆာကေးမျိုးစုံ၊ ၀ီစကီမျိုးစုံ၊ အထူးကော့တေးမျိုးစုံ) ကို မီးရောင်မှိန်မှိန်အောက်မှာ သက်တောင့်သက်သာရှိရှိ၊ နွေးထွေးတဲ့ အပြင်အဆင်နဲ့အတူ ညနေပိုင်းကို ဖြတ်သန်းလို့ ရအုံးမှာပါ။
Q5 – Customer တွေကိုရော ဘာတွေပြောပြချင်သေးလဲ။
Ember က ပိတ်ရက်မရှိနေ့စဉ်ဖွင့်ပါတယ်။ (၂)ထပ်ဆိုင်ခန်းဖြစ်တဲ့အတွက် အပေါ်ထပ် စားသောက်ခန်းကတော့ နေ့လည် ၁၂ နာရီကနေ
ည ၁၁ နာရီထိမှာယူစားသုံးနိုင်မှာ ဖြစ်ပြီး၊ အောက်ထပ် ဘားဧရိယာကတော့ ည ၁ နာရီထိ
နေ့စဉ် ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ စားသုံးသူအနေနဲ့ ညနေစာ စားပြီးတဲ့အခါ
အေးအေးဆေးဆေး သောက်စရာမျိုးစုံကို ရွေးချယ်ပြီး သက်တောင့်သက်သာ ဆိုဖာထိုင်ခုံပေါ်မှာ
အပန်းဖြေနိုင်မှာပါ။
Q6 – ကျွန်မတို့ Yathar နဲ့ လက်တွဲရတဲ့အပေါ်မှာရော ဘယ်လိုခံစားရလဲ။
Yathar က စတင်လက်တွဲထဲက ကျွန်တော်တို့ကို အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ ဆက်ပြီးအတူလက်တွဲလုပ်ဆောင်သွားဖို့ ကျွန်တော်တို့ဘက် ၀မ်းမြောက်စွာကြိုဆိုပါတယ်။
Q1 – How did you come up with the idea of opening this shop with a big name?
Hi, My name is Gabriel. I’m the chef at Ember Japanese Restaurant. Yes, the owner too. Because the restaurant is open, my partner and I partner with us to showcase Japanese cuisine, not just our own style and style. The prices should be reasonable with the changes. And I want to show people that they don’t have to spend a lot of money on Japanese food. Another is that we can enjoy our food in conjunction with Ember’s various cocktails.
Q2 – What have been your difficulties since it opened? Tell me about it.
What happened at the store’s opening was that we did not sell food in the traditional Japanese style, but it was Japanese food that was personalized and innovative, so many customers did not understand at first. Because other Japanese restaurants are delicious and delicious. Because they are different in style. But over time, this gradually became more apparent in the way we wanted to display it. Over the past few months, people have come to understand the style.
Q3 – What kind of dishes are you selling at this store?
Here, we will get our own modern, sophisticated food. Shimei had a meal of turmeric. Noodles I got a lot of rice (Japanese style). Because we have so many choices, it will give consumers a sense of relief. Everything is carefully crafted, so I believe it will be refreshing when compared to other Japanese restaurants.
Q4 – What kind of service do you offer customers?
We have lunch and dinner. The restaurant is open all day so consumers can enjoy the menu. From there, the bar offers a variety of drinks (all kinds of sushi, whiskey, specialty cocktails) under the dim light, and the bar is open. It will also be able to go through the evening with a cozy setting.
Q5 – What do you want to tell customers?
Ember is open daily. As the second floor is, the upstairs dining room is open from 12pm to 11pm. The bar area is open daily until 1 pm. After dinner, guests can choose from a variety of relaxing drinks and relax in the comfortable sofa.
Q6 – How do you feel about our partnership with Yathar?
Yathar supported us in the partnership. We are delighted to continue to work together.