လမ်းကြောင်းသစ်

နှစ်သစ်ကူးအလွမ်း (သို့) မျှော်လင့်သော သင်္ကြန်

မိုးလည်း မရွာ ၊ ရေလည်းမပါ ပဲ သင်္ကြန်တဲ့လားကွာ။

သင်္ကြန်ကို ဘယ်လို ကုန်လို့ ကုန်သွား မှန်းတောင် မသိလိုက်ကြဘူးထင်တယ်။

Stay Home ကာလ ဖြစ်လို့ အပြင်လည်း ထွက်လို့ မရ ၊ မြန်မာ့ရိုးရာ အတာ သင်္ကြန် နဲ့ သက်ဆိုင်တဲ့ ပွဲလမ်းတစ်ခု မှတောင် မြင်မတွေ့ ရတော့ အသဲတစ်ယားယား ကို ဖြစ်နေမှာ အသေအချာပဲ။

ဒါပေမယ့် ကျွန်တော်တို့ မျှော်လင့်ကြတဲ့ သင်္ကြန်ဟာ နောက်တစ်ခေါက် ပြန်လာဦး မှာ ပါ။

နွေဦးရဲ့ ပိတောက်တွေ ၊ မြန်မာရိုးရာ ဟန် ယိမ်းသမ လေးတွေ နဲ့ သင်္ကြန်သီချင်းတွေ ၊ မြန်မာတို့ ရဲ့ စတုဒီသာ အလှူ အတန်းတွေ ၊ လူငယ်တွေ ရဲ့ တစ်နှစ်တစ်မျိုး မရိုးတဲ့ ဖက်ရှင်တွေ ၊ လူငယ် အကြိုက် ရေကစား မဏ္ဍပ်တွေ စတဲ့ သင်္ကြန် အငွေ့ အသက်တွေ က ပြန်လည် ရှင်သန်လာဦးမှာပါ။

ကျွန်တော်တို့ လောလောလတ်လတ် ခံစားကြုံတွေ နေရတဲ့ Covid -19 ရောဂါ ဟာဆိုရင် လူစုလူဝေး မှာ ကူးစက်ပျံ့နှံ လွယ်တဲ့ အတွက် လူစုလူဝေး နဲ့ ကျင်းပ ရမယ့် ပွဲတော်တွေ ကို မဖြစ်မနေ  စိတ်မကောင်းကြီး စွာ နဲ့ ရပ်ဆိုင်းထား လို့ စိတ်မကောင်းဖြစ်စေတာ က တစ်ကြောင်း ၊ တစ်နေ့ နဲ့ တစ်နေ့ တိုးလာတဲ့ ကူးစက်ခံလူနာ အရေအတွက် ကို ရင်မောရတာ တစ်ဖုံ ဖြစ်နေတဲ့ အခြေ အနေ မျိုးကို ကျွန်တော်တို့ အားလုံးခံစားနေရမှာ အမှန်ပါပဲ။

ယခု လို့ အချိန် မှာ ကျွန်တော် တို့ လုပ်နိုင်တာ တစ်ခုက အိမ်မှာ နေမယ် ၊ ကျန်းမာရေး ၀န်ကြီး ဋ္ဌာနက ထုတ်ပြန်တဲ့ ဆောင်ရန် ရှောင်ရန်တွေ ကို လိုက်နာကြမယ်။

သင်္ကြန်ကာလ ပီး နောက်တစ်ရက် မှာ ဘုရားသွားကျောင်းတက် ၊ သက်ကြီးဝါကြီး တွေ ကို ကန်တော့ကြ ၊ မြန်မာဓလေ့ နဲ့ အညီ ရဟန်းသံဃာ တွေ က ရပ်ရွာတိုင်း၊ မြို့နယ် တိုင်းမှာ ကမ္မ၀ါတွေ ဖတ်ကြတာတွေ ၊ မေတ္တာပို့ ဆုတောင်းကြတာတွေ နဲ့ သင်္ကြန်ပီး နှစ်ဆန်းတရက် နေ့က ပြည့်စုံမှာပါ။

မြန်မာ တစ်ပြည်လုံးမှ သည် ကမ္ဘာတစ်ခုလုံး ပြန်ကျန်းမာလာ အောင် နှစ်သစ်ဆုမွန်ကောင်းတွေ တောင်းနေ ရုံ ပဲ ကျွန်တော်တို့ တတ်နိုင်ပါ့မယ်။

ခြောက်ကပ်နေတဲ့ လမ်းမကြီးတွေ ၊ စည်ကားနေရမယ် နေရာ အကုန်မှာ ဗလာနိတ္ထိ ဖြစ်နေတာ မျိုးတွေ ၊ မြင်နေကြ ရက်ကွက်ထဲက ကလေးတွေ၊လူကြီးတွေ ပျော်ရမယ့် အုန်းလက် မဏ္ဍပ်တွေ မရှိတဲ့ ၅ ရက် သင်္ကြန်တစ်ခုပေါ့။

ဒီ ကပ်ဆိုးကြီးကို အဖက်ဖက် က နေ ကာကွယ် တိုက်ထုတ်ပေးနေတဲ့ ကျန်းမာရေး စောက်ရှောက်သူတွေ ၊ အရပ်ဖက်၊ စစ်ဖက် ဆိုင်ရာ တာဝန်ရှိသူ တွေ ၊ တက်တက်ကြွကြွ ပါဝင် ကူညီနေကြတဲ့ စေတနာ့ ၀န်းထမ်းတွေ ကို လည်း ကျွန်တော်တို့ အမြဲ အမှတ်ရနေကြမှာပါ။

နောက် နှစ်ဆိုတဲ့ ဒီ အချိန်မှာ ကျွန်တော်တို့ ဒီကပ်ဆိုး ကြီးကို ကျော်ဖြတ် နိုင်ခဲ့ ရင် ကျွန်တော်တို့ အတူ သင်္ကြန်ရေ နဲ့ နှစ်ဟောင်းရဲ့ မကောင်း ခဲ့ သမျှကို တစ်ဖန် ဆေးကြော ကြရအောင်။

ကျွန်တော်တို့ အားလုံး အတွက် ဒီနှစ် ဒီသင်္ကြန်ဟာ နောင် အနှစ်များ စွာ အထိ ပုံမှန်မဟုတ်တဲ့ အမှတ်တရ တစ်ခု အနေနဲ့ ပြောနေကြဦးမှာပါ။

မြန်မာ သက္ကရာဇ် ၁၃၈၁ ( ခရစ်နှစ် ၂၀၂၀ ) ရဲ့ မြန်မာ သင်္ကြန်ဟာ ယနေ့ ညနေ မှာ ပြီးဆုံးပါပြီ။

သင်္ကြန်ကို အရမ်း လွမ်းပါတယ်။ ဒါပေမယ့် အသက် ရှင်သန်နေဖို့က အဓိကပါ။ ရှင်သန်ကျန်ရစ်မှသာ ကျွန်တော်တို့ တစ်ဖန် ပြန်လည် ဆုံတွေ့ နိုင်မှာပါ။

နှစ်သစ်မှာ အရာအားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့ နှင့် ဒီ ကပ်ရောဂါဆိုးကြီး ကို အမြန်ဆုံး ကျော်လွှားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်း လျှက်……….