ဆေးစာ

မိုးရာသီရဲ့ အသည်းနှလုံးကို ဘယ်လိုကြော်မလဲ

မိုးရာသီရဲ့ အသည်းနှလုံးလေးကို သိပါသလား။ မိုးရာသီဆိုတာ ဖားနဲ့ ခွဲလို့မရအောင် အလွန်လိုက်ဖက်လွန်းတဲ့အရာကြောင့် ဖားကို မိုးရာသီရဲ့ အသည်းနှလုံးလေးလို့ ပြောတတ်ကြပါတယ်။မိုးရာသီမှာ ဖားဟင်းနဲ့ ကြက်သားဟင်း မလဲနိုင်လောက်အောင် ဖားသားကလည်း စားလို့အရမ်းကောင်းပါတယ်။ဖားကို ချက်နည်းတွေအများကြီးထဲကမှ ပုံမှန်ချက်နေကြပုံစံတွေနဲ့ ကွဲထွက်နေတဲ့ ဖားကြော်နည်းလေးကို ပြောပြပါမယ်။

အရမ်းကိုလွယ်ကူတဲ့နည်းလမ်းလေးကတော့…

ပါဝင်ပစ္စည်းလေးတွေက

ဖားခြေထောက် ၁၂ ချောင်း
ကြက်ဥ ၂ လုံး
သံပုရာရည်
နံနံပင် (လှီးထားသော)
ပေါင်မုန့်ခြောက်
ဆား
ငရုပ်ကောင်း
ဆီ
တို့ပဲ ဖြစ်ပါတယ်။

ဘယ်လိုလုပ်ရမလဲ….

အရင်ဆုံး ဆီပူအောင်ထားပါ။ဖားကို အပေါ်အရေခွံချွတ်ပြီး သေချာဆေးပါ။ရေဆေးပြီးလျှင် သံပုရာရည်၊ ဆား၊ ငရုပ်ကောင်းတို့ကို ဖားနဲ့ရောနယ်ပါ။ပြီးလျှင် ခေါက်ထားသောကြက်ဥထဲသို့ ဖားကိုနှစ်ပါ။ပြီးလျှင် ပေါင်မုန့်ခြောက်ထဲ ထပ်နှစ်လိုက်ပါ။အားလုံးပြီးလျှင် ဆီပူပူထဲသို့ ထည့်ပြီး ၄ မိနစ်ကြာတဲ့အခါ ဖားများကို ဆယ်လိုက်ပါ။ဆီဆစ်ပြီးလျှင် ပူပူမွှေးမွှေးလေးနဲ့ ဖားပေါင်သားကြော်ကို စားလို့ရပါပြီ။

ဖားသားကြိုက်တဲ့ ( သို့မဟုတ် ) ဖားကြောက်တဲ့ သူငယ်ချင်းကို မန်းရှင်းခေါ်ပြီး share ခြင်းဖြင့် ကူညီပါ ( သို့မဟုတ် ) ဆေးထိုးလို့ရပါတယ်။

အိမ်မှာမစားချင်တဲ့သူတွေအတွက် ဆိုင်မှာသွားစားချင်တယ်ဆိုရင်တော့ https://s.yathar.com/apps ထဲက စားသောက်ဆိုင်တွေကို ရှာဖွေလို့ရပါတယ်။